|

ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့

သုတ်ပိုး ကတော့လိင်ပိုင်းဆိုင်ရာ မျိုးပွားမှုအတွက် သဘာဝကသတ်မှတ်ထားတဲ့ မျိုးပွားဆဲလ်ပဲဖြစ်ပါတယ် ။ အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည်တိုင်းမှာ သုတ်ပိုးသန်း ၅၀၀ အထိပါဝင်နိုင်ပါတယ်။ လိင်တံက လှုံ့ဆော်လာတဲ့အခါ မျိုးပွားအင်္ဂါများပတ်ဝန်းကျင်မှ ကြွက်သားများဟာ သုတ်ရည်ကိုပြွန်စနစ်နှင့် urethra မှတဆင့်ဖိအားပေးပြီး ထုတ်ယူလေ့ရှိပါတယ်။ အမျိုးသားအများစုဟာလိင်ဆက်ဆံစဉ် မိနစ်အနည်းငယ်အတွင်းသုတ်လွှတ်ကြပါတယ်။ 

သုတ်ရည်ကိုအားဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေအနေနဲ့တော့ 

  • Zinc ဓာတ်များပြီး သုတ်ပိုးအရေအတွက်ကို တိုးပွားစေတဲ့ ကမာနဲ့ဖရုံစေ့၊ 
  • လိမ္မော်သီးနဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာများ၊
  • ဟင်းသီးဟင်းရွက်များ၊
  • ချောကလက်အမဲရောင်၊ 
  • သလဲသီးဖျော်ရည်၊ 
  • ဆော်လမွန်နဲ့ ဆာဒင်းငါးများပဲဖြစ်ပါတယ်။ 

နေထိုင်မှုပုံစံတွေအနေနဲ့ 

  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ 
  • စိတ်ဖိစီးမှုကိုလျှော့ချ ပေးရပါမယ်။ 
  • သုတ်ကောင်ရေတိုးပွားစေဖို့ရာ ဗီတာမင်ဒီလုံလုံလောက်လောက်ရရှိ‌ စေဖို့ မနက်စောစောနေရောင်ခြည်ခံယူပေးရပါမယ်။

ကျန်းမာသောသုတ်ရည်ရဲ့အရောင်ဟာ အများအားဖြင့်အဖြူရောင်(သို့မဟုတ်) ခဲနဲ့အဖြူရောစပ်တဲ့အရောင်ဖြစ်ပါတယ်။ အရောင်ကကြည်လင်နေခြင်းမဟုတ်ဘဲ အနှစ်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ သုတ်ရည် အရောင်ပြောင်းသွားခဲ့ရင်တော့ ကျန်းမာရေးအတွက်သတိထားဖို့ လိုပြီး အဝါရောင်နဲ့ အဖြူရောင်ကြည်နေတဲ့သုတ်ရည်ဟာဆိုရင်လည်း ကျန်းမာရေးလက္ခဏာတစ်ခုခု ရှိနေတတ်ပါတယ်။ ‌

သုတ်ရေကောင်းမွန်ဖို့အတွက် ရေဓာတ်များများ ဖြည့်ဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်မလုံလောက်ရင်တော့သုတ်ပိုးထုတ်လုပ်မှုကိုထိခိုက်စေတာကြောင့် ရေသောက်သုံးမှုကိုလုပ်ဆောင်ပေးသင့်ပြီး အရက်သောက်ခြင်း ကိုလျှော့ချပေးသင့်ပါတယ်။ ကိုယ်ဝန်ရှိခြင်းဟာ သုတ်ကောင်ရည် နည်း/ခြင်းများခြင်းနဲ့ မဆိုင်ဘဲ အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ရရှိနိုင်တာမို့ လိင်မဆက်ဆံခင်မှာ ကြိုတင်သိထားသင့်ပါတယ်။ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးဟာ အများဆုံး(၇)ရက်ထိ ရှင်သန်နိုင်ပါတယ်။

သုတ်ပိုးကိုထိခိုက်စေတဲ့အကြောင်းတွေအနေနဲ့ 

  • အသင့်စားအစားအစာတွေအစားများတာ၊ 
  • ကိုယ်အလေးချိန်များနေတာ၊ 
  • အရက်ဘီယာဆေးလိပ်သောက်သုံးမှုများတာ၊ 
  • လေ့ကျင့်ခန်းမလုပ်တာစတဲ့ အကြောင်းရင်းတွေရှိလို့နေပါတယ်။ 

အရည်အသွေးကောင်းမွန်တဲ့ကျန်းမာတဲ့ သုတ်ပိုးဖြစ်စေဖို့လူနေမှုပုံစံပြောင်းလဲမှုများနဲ့ တခြားသောမျိုးပွားကုထုံးများကို သက်ဆိုင်ရာဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါတယ်။ သုတ်ပိုးအ‌ရေအတွက် ကောင်းမွန်လာဖို့  ရက်ပေါင်း ၇၀ ကျော် ခန့်စောင့်ဆိုင်းရပါမယ်။ လူနေမှုပုံစံစတဲ့ပြောင်းလဲမှုများကိုပြုလုပ်ထားတဲ့အမျိုးသားများဟာ သုတ်ပိုးအရည်အသွေးတိုးတက်မှုများ တွေ့ရဖို့ (၃)လနီးပါးခန့်စောင့်ဆိုင်းဖို့လိုပါတယ်။ 

#healthy_sperm #men_health

#We_R_z_waka

ဒေါက်တာနိုင်း ဆေး(၁)

Similar Posts