ဆီးစပ်နာကျဉ်ခြင်း ဟာဘာကြောင့်လဲ?
အမျိုးသမီးများမှာဖြစ်တတ်တဲ့ pelvic pain (ခေါ် ) ဆီးစပ်နာကျဉ်ခြင်း ဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
ရာသီလာခါနီးနာကြဉ်ခြင်း၊ တစ်ခါတစ်ရံတင်ပါးဆုံတွင်းနာကျင်မှုကနေ ရောဂါပိုးကူးစက်ခြင်းသို့မဟုတ်မျိုးပွားခြင်းစနစ် (သို့မဟုတ်) အခြားကိုယ်တွင်းအင်္ဂါများရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။သားအိမ်ရှိကြွက်သားများကျုံ့ခြင်း (သို့မဟုတ်) တင်းကျပ်ခြင်းဖြစ်တဲ့အခါမကြာခဏတင်ပါးဆုံအတွင်းဧရိယာ၊နောက်ကျော (သို့မဟုတ်) အစာအိမ်အတွက်ကျဉ်းကျုပ်ခြင်း၊ အစာမကျေရောဂါရှိခြင်း (သို့မဟုတ်)လေးလံခြင်းလိုမျိုး ခံစားရတဲ့ အခါနာကျင်မှုဖြစ်ပေါ်ပါတယ်။
နာကျင်မှုပြင်းထန်ပါက သားအိမ်အတွင်းမှာရှိတဲ့ ဆဲလ် တွေနေရာ လွဲတဲ့ရောဂါလိုမျိုး လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ နာတာရှည်တင်ပါးဆုံတွင်းနာကျင်မှုရဲ့ အဖြစ်အများဆုံးအကြောင်းရင်းများ အနေနဲ့တော့ နာတာရှည်တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ ၊ ဆီးအိမ်ယောင်ခြင်း၊ဝမ်းဗိုက်ဘက်တီးရီးယားပိုးကူးစက်ခြင်း၊ မျိုးဥအိမ်အကျိပ်ဖြစ်ခြင်း၊ သားအိမ်ရောဂါဖြစ်ခြင်း၊ ယခင်ကဗိုက်ခွဲဖူးခဲ့တဲ့ဒဏ်ရှိခြင်း၊ လိင်ဆက်ဆံစဉ်နာကျဉ်ခြင်း၊ မျိုးဥအိမ်နဲ့သားအိမ်များမှာ အလုံးအကျိပ်ရှိခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အူယောင်ရောဂါကူးစက်ခံရခြင်း စတဲ့ အကြောင်းရင်းမျိုးစုံကြောင့်ဖြစ်နိုင်ပြီး ပဋိဇီဝဆေးများနှင့်ချက်ချင်းကုသပေးဖို့လိုအပ်ပါတယ်။
အဲ့ဒီလိုနာကျဉ်ခြင်းဟာနာတာရှည်ပြသနာတစ်ခုဖြစ်လာပြီးနေ့စဉ်ဘဝကိုအခက်အခဲဖြစ်စေပြီး အနှောက်အယှက်ပေးနိုင်ပါတယ်။ ဆီးစပ်နာကျဉ်သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါ ဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းအုံးကိုခံပြီးအိပ်သင့်ပါတယ်
အိပ်ရာပေါ်မှာလှိမ့်နေတဲ့အချိန်မှာဒူးကြားမှာခေါင်းအုံးတစ်လုံးထားပြီးဘေးဘက်ကိုလှိမ့်လိုက်တဲ့အခါညင်ညင်သာသာလှည့် ပေးရပါမယ်။ ဆီးစပ်နာကျဉ်ခြင်းကိုသက်သာစေဖို့အိမ်တွင်းကုထုံးများအနေနဲ့ နာကျဉ်မှုဝေဒနာသက်သာစေတဲ့ ဆေးဝါးသောက်သုံးပေးခြင်း နာကျဉ်တဲ့နေရာကိုရေနွေးအိပ်ကပ်ပေးခြင်း၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပေးခြင်းများနဲ့ကုသပေးနိုင်ပါတယ်တကယ်လို့ဆီးစပ်နာကျဉ်ခြင်းက၂၄နာရီကျော်လာပြီး ဖျားနာတာ၊နောက်ကျောအောင့်တာ၊ အံတာ၊ နုန်းခွေတာမျိုးတွေရှိလာပြီ ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)
#Pelvic_pain #women_health
#We_R_z_waka