အဆီမစားလေလေ…ကောင်းလေလေ။

အာဟာရမျှတအောင်စားပေးခြင်းနဲ့ပတ်သက်ပြီး အများစုခံယူထားတဲ့အယူအဆတွေထဲ မှားယွင်းနေတာလေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။

✖️ အဆီမစားလေလေ…ကောင်းလေလေ။

တိရစ္ဆာန်အဆီနဲ့ ဆီကြော်တွေ၊ ဟင်းအဆီအနှစ်တွေရှောင်တာတော့ မှန်ပေမဲ့ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အိုမီဂါ-3 လိုကောင်းမွန်တဲ့အဆီကိုတော့ လိုအပ်ပါတယ်နော်။

✖️ကိုယ်အလေးချိန်ထိန်းဖို့ ဆန်နဲ့ဂျုံဆိုရှောင်မယ်။

ဆန်နဲ့ဂျုံတွေက ခန္ဓာကိုယ်မှာလိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်တာကြောင့် လုံးဝရှောင်စရာမလိုပါဘူး။ ချင့်ချိန်စားသုံးရင်ရပါတယ်။

✖️Detox diet နဲ့ ဖျော်ရည်တွေ ပုံမှန်သောက်သင့်တယ်။

ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ အသည်းနဲ့ကျောက်ကပ်ကဆောင်ရွက်ပေးနေကျပါပဲ။ သူတို့ရဲ့လုပ်ငန်းဆောင်တာကောင်းမွန်ဖို့ အစားစုံအောင်စားပေးဖို့ပဲလိုအပ်ပါတယ်။ တကူးတက Detox လုပ်စရာမလိုပါဘူး။

✖️ကြက်ဥအနှစ်ဆို မစားနဲ့ ။

ကြက်ဥအနှစ်က ကိုလက်စထရောကိုတက်စေတာမှန်ပေမဲ့ တစ်နေ့ကို တစ်လုံးနှစ်လုံးစားရုံနဲ့ ကျန်းမာရေးကိုထိခိုက်သွားမှာမဟုတ်ပါဘူး။ အချို့သူတွေမှာ ဆယ်လုံးနဲ့အထက်စားဖြစ်နေမှသာ ချင့်ချိန်ပြီးရှောင်ခိုင်းတာဖြစ်ပါတယ်။

#z_waka_healthcare#z_waka

Similar Posts