Things to take care of to get the right answer when doing a urine test to see if you are pregnant
|

ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့အခါ အဖြေမှန်ထွက်ဖို့ ဂရုစိုက်ရမယ့်အချက်တွေ

ကိုယ်ဝန်ရှိမရှိဆီးစစ်တာက သားအိမ်ထဲမှာသန္ဓေတွယ်ပြီးနောက်ထွက်လာတဲ့ hCG ဆိုတဲ့ဟော်မုန်းတစ်မျိုး ဆီးထဲမှာ ပါလာတာကိုတိုင်းတာခြင်းဖြစ်ပါတယ်။

ဒီလိုကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့အခါ အဖြေမှန်ထွက်ဖို့ ဂရုစိုက်ရမယ့်အချက်တွေရှိတာမို့ ဗဟုသုတရအောင်ဖော်ပြလိုက်ပါတယ်။

အရမ်းစောပြီး မစစ်ပါနဲ့

ဆီးထဲမှာ hCG ဟော်မုန်းလုံလုံလောက်လောက်များနေမှ စစ်ဆေးလို့ပေါ်နိုင်တာဖြစ်လို့ ပုံမှန်ရာသီလာမယ့်ရက်မှာ ရာသီပျောက်ပြီးပြီးချင်း အနည်းဆုံး၁၀ရက်လောက်စောင့်ပြီးမှ စစ်ဆေးဖို့သင့်ပါတယ်။

မနက်ဘက်မှာစစ်ပါ။

မနက်ဘက်မှာ သွားတဲ့ဆီးက တစ်ညလုံးရေမသောက်ရသေးတဲ့အချိန်မှာ သွားတဲ့ဆီးဖြစ်တာမို့ hCGဟော်မုန်းပမာဏများများ ပါနိုင်လို့ ညဘက်မှာသွားတဲ့ဆီးထက် အဖြေပိုမှန်နိုင်ပါတယ်။

ရေအများကြီးသောက်မထားပါနဲ့။

ရေအများကြီးသောက်ထားပြီးသွားတဲ့ဆီးမှာ ရေဓာတ်များပြီး hCGဟော်မုန်းပါဝင်မှုနည်းနေတဲ့အခါ အဖြေမှားနေတာမျိုးဖြစ်နိုင်ပါတယ်။

ဆီးစစ်တံရဲ့ Expired date စစ်ပြီးမှအသုံးပြုပါ။

ရက်လွန်နေတဲ့ ဆီးစစ်တံကိုအသုံးပြုမိရင် အဖြေမှန်ထွက်မှာမဟုတ်ပါဘူး

အဖြေကိုအရမ်းအစောကြီးမဖတ်ပါနဲ့။

အဖြေမှန်ရဖို့ ကိုယ်သုံးတဲ့ဆီးစစ်တံမှာ ဖော်ပြထားတဲ့ကြာချိန်အတိုင်းစောင့်ဆိုင်းပြီးမှ အဖြေကိုဖတ်ဖို့လိုပါတယ်။

ဒီလိုကိုယ်ဝန်ရှိမရှိဆီးစစ်တံတွေစစ်ဆေးပြီးလို့ ကိုယ်ဝန်ရှိနေတယ်လို့ အဖြေပေါ်လာပြီဆိုရင်တော့ ကိုယ်ဝန်ရှိမရှိ သေချာသိရဖို့ဆိုရင် ဆေးရုံဆေးခန်းမှာ အာထရာဆောင်းရိုက်ကြည့်ဖို့လိုအပ်ပါတယ်။

Similar Posts