ကိုယ်အလေးချိန် နဲ့ အစားရှောင်ခြင်း

ကိုယ်အလေးချိန် မြန်မြန်ကျချင်လို့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေ(ဥပမာ- ထမင်း၊ ဂျုံ၊ အာလူး) ကို လုံးဝမစားဘဲ ဖြတ်တောက်လိုက်သင့်တယ်ဆိုတာ လွဲမှားနေပါတယ်။❌

ကာဗိုဟိုက်ဒရိတ်သာမစားရင် ခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းအင် မရရှိနိုင်တဲ့အတွက် နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ထိခိုက်နိုင်သလို ရေရှည်မှာဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကျဆင်းစေပါတယ်။🧠

လုံးဝဖြတ်တောက်လိုက်ရမှာမဟုတ်ဘဲ လိုအပ်တဲ့ပမာဏကို ကျော်လွန်အောင်မစားရင်ရပါပြီ။✅

Similar Posts