ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ
|

ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ

ဖျားနာခြင်း၊ အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေဖြစ်တဲ့အခါ အိမ်မှာပဲ သင့်တော်တဲ့ဆေးတွေသောက်ရင်း သက်သာနိုင်အောင် အိမ်သုံးဆေးဝါးများ ပါရှိနေတဲ့ ဆေးသေတ္တာလေးတစ်လုံးတော့ ထားရှိသင့်ပါတယ်။

အထူးသဖြင့် ကလေးသူငယ်တွေရှိတဲ့မိသားစုတွေမှာ ကလေးရုတ်တရက်နေမကောင်းဖြစ်တဲ့အခါ တိုက်ကျွေးနိုင်ဖို့ ဆေးသေတ္တာရှိသင့်ပါတယ်။ ဒီဆေးသေတ္တာထဲ ဘာဆေးတွေ အလွယ်တကူဆောင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။

1️⃣ပါရာစီတမော

ပါရာစီတမောက မသိသူမရှိတဲ့အကိုက်အခဲပျောက်ဆေးဖြစ်သလို နာကျင်မှု၊ ကိုက်ခဲမှုနဲ့ အဖျားတက်တဲ့အခါတွေမှာ 4-6 နာရီခြားပြီး သောက်ပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း သောက်နိုင်ပါတယ်။

2️⃣ Ibuprofen

ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ဓမ္မတာလာစဉ်နာကျင်တာနဲ့ အဆစ်အမြစ်နာတာတွေကို သက်သာစေတဲ့ဆေးဖြစ်ပါတယ်။ ရောင်ရမ်းနာကျင်မှုတွေနဲ့အတူ အဖျားတက်တာကို ကုသပေးပါတယ်။ သွေးတိုးတတ်သူ၊ ကိုယ်ဝန်ဆောင်နဲ့ အစာအိမ်ဝေဒနာရှိနေသူတွေအတွက်တော့ သောက်သုံးရန်မသင့်တော်ပါဘူး။

3️⃣ Antihistamines

Allergy ဓာတ်မတည့်မှုတွေအတွက် သောက်သုံးရန်ဖြစ်ပါတယ်။ အင်းဆက်တွေ အကိုက်ခံရတာ၊ ဆူးစူးမိပြီး ဓာတ်မတည့်တာ၊ ပန်းဝတ်မှုန်နဲ့မတည့်တာ၊ ပျားတုပ်ခံရတာ၊ မျက်စိနာတာတွေအတွက် သောက်ပေးနိုင်ပါတယ်။

ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ

4️⃣ အစာအိမ်ဆေး Antacids

အစာမကြေ၊ ရင်ပြည့်တာ၊ ရင်ပူရင်ဆာဖြစ်တာစတဲ့ အစာအိမ်ပြဿနာတွေအတွက်လည်း Antacids ပါဝင်တဲ့ ဆေးတစ်မျိုးကိုဆောင်ထားသင့်ပါတယ်။

5️⃣ Antiseptic

ခုတ်ရာ ရှာရာ၊ ချော်လဲလို့ရတဲ့ဒဏ်ရာတွေအတွက် Antiseptic လို့ခေါ်တဲ့ ပိုးမွှားသေစေတဲ့ဆေးတစ်မျိုးကို ဆောင်ထားနိုင်ပါတယ်။

6️⃣ Antitussive

လည်ချောင်းယားယံနာကျင်ပြီး ချောင်းဆိုးတာတွေအတွက် Antitussive လို့ခေါ်တဲ့ဆေးဝါးတွေ ဝယ်ထားနိုင်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေမှာ ချောင်းခြောက်ဆိုးတာ၊ သလိပ်ကပ်ပြီးဆိုးတာ စသဖြင့် အမျိုးအစားကွဲနေသေးတဲ့အတွက် သင့်တော်တာကိုသောက်နိုင်ပါတယ်။

7️⃣ အပူလောင် လိမ်းဆေး

မပြင်းထန်တဲ့ ရိုးရိုးအပူလောင်တာတွေအတွက် Topical Ointment တွေဝယ်ထားနိုင်ပါတယ်။ အရေပြားအပေါ်လွှာတင်မဟုတ်ပဲ ပြင်းပြင်းထန်ထန်အပူလောင်တယ်ဆိုရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။

ကလေးငယ်တွေအတွက်ဆေးတွေကို သီးသန့်ဝယ်ဆောင်ထားသင့်ပြီးတော့ ဆေးဝါးတွေအပြင် ဂွမ်း၊ ပတ်တီး၊ ရေနွေးအိတ်၊ အနာကပ်ပလာစတာ…ဒါ‌မျိုးတွေကလည်း မရှိမဖြစ်ဆောင်ထားသင့်တာပဲဖြစ်ပါတယ်။✅

Similar Posts