သားအိမ်ခေါင်းကင်ဆာ
အသက် (၄၀) ကျော်ဝန်းကျင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပါပဲ။
သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ရဲ့ဘေးဘက်နံရံတွေမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပျံ့ပွားလာခြင်းဖြစ်ပါတယ်။ အတွေ့အများဆုံး သားအိမ်ခေါင်းကင်ဆာကို Squamous Cell Carcinoma လို့ခေါ်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူရဲ့ (၇၀) % လောက်မှာ တွေ့ရပါတယ်။ နောက်တစ်မျိုးက Adenocarcinoma ဖြစ်ပြီး သူကတော့ (၂၅)% လောက်ပဲတွေ့ရလေ့ရှိပါတယ်။ များသောအားဖြင့် အသက် (၄၅- ၄၉) နှစ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
သားအိမ်ခေါင်းကင်ဆာက human papillomavirus (HPV)ကူးစက်မှု ကြောင့် အများဆုံးဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။ နောက်ထပ် သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့အကြောင်းရင်းကတော့ ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။ သန္ဓေတားဆေးကို ငါးနှစ်နဲ့အထက်သောက်တဲ့အမျိုးသမီးတွေမှာ HPV ကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုများတတ်တာကို တွေ့ရှိထားပေမဲ့ လက်တွေ့ဖြစ်တဲ့သူနည်းတာကြောင့် အရမ်းတော့စိုးရိမ်စရာမလိုပါဘူး။
အခြား ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
ဆေးလိပ်ငွေ့ရှုမိခြင်း
ကိုယ်ခံအားနည်းခြင်း
မိမိကိုကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကdiethylstilbestrol (DES) လို့ခေါ်တဲ့ မဟော်မုန်း artificial form တစ်မျိုးကိုသောက်ရခြင်း တို့ပဲဖြစ်ပါတယ်။
HPV ကူးစက်ခံရသူ အမျိုးသမီး(၁၀) ယောက်မှာ (၈) ယောက်က ကင်ဆာဖြစ်တတ်ပြီး အချို့အမျိုးသမီးတွေမှာ HPV ကူးစက်ခံရပေမဲ့ သားအိမ်ခေါင်းကင်ဆာမဖြစ်ကြပါဘူး။
သားအိမ်ခေါင်းကင်ဆာက ကင်ဆာမဖြစ်ခင်အကြိုအဆင့်မှာ တော်ရုံလက္ခဏာမပြတတ်ပါဘူး။ Cervical Screening Test စစ်မှသာ ကင်ဆာအဖြစ်ဦးတည်နေတဲ့ဆဲလ်တွေရှိမရှိသိနိုင်တာပါ။ သားအိမ်ခေါင်းကင်ဆာ အစပျိုးနေချိန်မှာ တွေ့ရတတ်တဲ့လက္ခဏာတွေက
ဓမ္မတာလာချိန် တစ်လနဲ့တစ်လကြား သွေးဆင်းခြင်း
ပုံမှန်ထက် ဓမ္မတာပိုဆင်းခြင်း
လိင်ဆက်ဆံချိန်နာကျင်ခြင်း
လိင်ဆက်ဆံနေချိန် သွေးဆင်းခြင်း
တင်ပါးဆုံရိုးနာကျင်ခြင်း
အဖြူဆင်းတာများခြင်း၊ အရောင်ပြောင်းခြင်း၊ အနံ့နံခြင်း
သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း တို့ပဲဖြစ်ပါတယ်။ ဒီလက္ခဏာတွေက အခြားအမျိုးသမီးရောဂါတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် အရမ်းမစိုးရိမ်ပဲ သေချာစစ်သင့်ကြည့်ပါတယ်။
သားအိမ်ခေါင်းဖြစ်ပွားလာတဲ့အခါ အဆင့်(၄)ဆင့်သတ်မှတ်ပြီး ခွဲစိတ်ခြင်း၊ သားအိမ်ထုတ်ခြင်း၊ ဓာတ်ရောင်ခြည်ကုသမှုပေးခြင်းနဲ့ Chemotherapy အစရှိတဲ့ နည်းလမ်းများနဲ့ကုသကြပါတယ်။
သားအိမ်ခေါင်းကင်ဆာကို ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပြီး အခမဲ့ထိုးပေးနေတဲ့နေရာတွေလည်း ရှိနေပါပြီ။
ကာကွယ်ဆေးထိုးထားပြီး ကင်ဆာအစပျိုးမပျိုးသိချင်ရင် Screening Test ကို အသက် (၂၅) ပြည့်တာနဲ့ လုပ်နိုင်ပြီဖြစ်ပါတယ်။ (၅) နှစ် (၁) ကြိမ်စစ်ဆေးနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံကြဖို့တိုက်တွန်းလိုက်ပါရစေ။![]()
