Shopping ထွက်ချင်စိတ် လွန်ကဲပြီး လုံးပါးပါး နေပြီလား?
လိုချင်တာလေးတွေဝယ်ပါများရင်း ပိုက်ဆံအိတ်က လုံးပါးပါး လာပြီလား?
ဘာမြင်မြင် ဝယ်ချင်နေတဲ့စိတ်ပျောက်အောင် ဒီအကျင့်လေးတွေလုပ်ကြည့်နော်။
ဝယ်နေကျ Online Shops တွေအကုန်လုံးကို Unfollow လုပ်ထားလိုက်ပါ။ အသစ်တက်လာသမျှကိုလည်း မကြည့်မိအောင် ကျော်သွားပါ။ လမ်းမှာတွေ့တဲ့ဆိုင်တွေထဲ ဝင်မကြည့်မိအောင်စိတ်ထိန်းထားပါ။
အသုံးစရိတ်ကို ခဏခဏပြန်တွက်ပါ။
ဘောင်ချာတွေ၊ ဘေလ်တွေကို ခဏခဏပြန်ကြည့်ရင်း ဒီလအသုံးစရိတ်များနေပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတိပြန်ပေးပါ။
ဘဏ်အကောင့်ထဲ၊ Application တွေထဲ အတတ်နိုင်ဆုံး ငွေမထည့်ထားဘဲနေပါ။ ငွေသားပဲလိုသလောက်ဆောင်ထားပြီး ဘဏ်ကတ်တွေကို အပြင်သွားတဲ့အခါ ယူမသွားမိအောင်နေပါ။
ဝယ်မယ်လို့ ချက်ချင်းမဆုံးဖြတ်ဘဲ တစ်ရက်၊ နှစ်ရက်လောက်စောင့်လိုက်ပါ။ ကိုယ်တကယ်လိုအပ်လားဆိုတာ သေသေချာချာစဉ်းစားပြီးမှဝယ်ပါ။
စိတ်ညစ်တိုင်း Shopping လုပ်မိတဲ့အကျင့်အစား တစ်ခုခုကို အစားထိုးနိုင်အောင်လုပ်ပါ။ Shopping သွားမယ့်အစား မိဘကို သူတို့ကြိုက်တာလေးတွေ ဝယ်ကျွေးလိုက်တာ၊ သူငယ်ချင်းကို မုန့်ဝယ်ကျွေးတာ၊ ခွေးလေးကြောင်လေးတွေကို အစာကျွေးတာ၊ အလှူဒါနတစ်ခုခုပြုတာလေးတွေ လုပ်ပါ။