ကလေးတို့အတွက် Finger Food ပြင်ဆင်နည်း

Finger Food ဆိုတာ ကလေးရဲ့လက်ကလေးတွေနဲ့ ကိုယ်တိုင်ကိုင်ယူပြီး ပါးစပ်ထဲတန်းထည့်စားလို့ရအောင် အနေတော်အရွယ်လှီးဖြတ်စီစဉ်ပေးထားတဲ့ စားစရာလေးတွေဖြစ်ပါတယ်။

👶 (၈) လသားအရွယ်လောက်ကစပြီး Finger Food ကို ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။

👶 အစားအစာသစ်တွေကို ပထမဆုံးကျွေးကြည့်မှာဖြစ်တာကြောင့် ကလေးနဲ့ဓာတ်မတည့်တာရှိမရှိသိရအောင် တစ်မျိုးချင်းစီ စမ်းကျွေးရပါမယ်။

👶အစားအစာအားလုံးကို နူးညံ့အောင် ချက်ပြုတ်ထားပြီး အများဆုံး ၁/၂ လက်မ လောက်အထိ အတုံးလေးတွေ စီစဉ်ပေးနိုင်ပါတယ်။

စစကျွေးချင်း ဘာတွေကျွေးရမလဲ?

📍ခပ်ပျော့ပျော့အသီးအနှံတွေဖြစ်ကြတဲ့ သစ်တော်သီး ငှက်ပျောသီး၊ ဖရဲသီး၊ ကီဝီ၊ ထောပတ်သီးတို့နဲ့ စတင်နိုင်ပါတယ်။

📍အာလူး၊ ရွှေဖရုံသီး၊ ပဲ၊ မုန်လာဥနီ၊ ဘေဘီပြောင်းဖူး စတဲ့ဟင်းသီးဟင်းရွက်တွေကို နူးအိနေအောင် ပေါင်းပြီးပြုတ်ပြီး ကျွေးနိုင်ပါတယ်။

📍တဖြည်းဖြည်း အရှိန်ရလာတာနဲ့ အသားပြုတ်(အရေခွံမပါ)၊ အရိုးမပါတဲ့ငါး၊ တို့ဖူးအတုံးလေးတွေကို အရွက်နဲ့ရောပြီး စမ်းရွေးကြည့်နိုင်ပါတယ်။

📍ကြက်ဥ Hard- Boiled ကို အရွက်နဲ့ရောပြီးဖြစ်ဖြစ်၊ ကြက်ဥမွှေကြော်ပုံစံဖြစ်ဖြစ် ကျွေးကြည့်လို့ရပါတယ်။

📍အသားတွေ၊ အရွက်တွေချည်းပဲ စားရတာရိုးမသွားအောင် ချိစ်နဲ့ အခြားတို့စားလို့ရတဲ့ အနှစ်လေးတွေ စီစဉ်ကြည့်ပေးပါ။

📍နောက်ပိုင်းမှာ ပေါင်မုန့်မီးကင်ကို ထောပတ်၊ ချိစ်သုတ်ပြီးကျွေးလို့ရပါပြီ။ ပေါင်မုန့်ဖြူထက် Wholemeal Bread လို့ရေးထားတာကိုရွေးချယ်ပါ။ ပေါင်မုန့်ကြားထဲ အသီး၊ အရွက်တွေညှပ်ပြီး ကျွေးကြည့်ပါ။ ပန်ကိတ်လုပ်ကျွေးပါ။

လုံးဝမမေ့သင့်တဲ့အချက်တွေကို ကလေးအတွက် ချက်ပြုတ်ပြင်ဆင်ရာမှာ…

🥕နူးအိနေအောင် ချက်ပြုတ်ပါ။ အစိမ်းကျွေးမယ်ဆို သန့်စင်အောင်ဆေးပါ။

🥕သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ ငါး၊ အရွက်များကို ရွေးချယ်ပါ။

🥕အရောင်တင်မှုန့်၊ အရသာမှုန့်တွေ လုံးဝမသုံးပါနဲ့။

ကျန်းမာဖွံ့ဖြိုးတဲ့ကလေးငယ်များဖြစ်လာစေဖို့ နည်းစနစ်ကျစွာ ကျွေးမွေးတတ်ပါစေနော်။

Similar Posts