အမျိုးသမီးလေးတွေ သတိပြုရမယ့် “ မိန်းမကိုယ်ပိုးဝင်ခြင်း ”

🌸 မိန်းမကိုယ်ပိုးဝင်ခြင်း ဆိုတာ သားအိမ်လမ်းကြောင်းနဲ့ မိန်းမအင်္ဂါအဝက တစ်ရှူးတွေမှာ မှိုပိုးဝင်ပြီး မခံမရပ်နိုင်အောင် ယားယံခြင်း၊ အရိအရွဲအရည်ထွက်ခြင်း၊ ကျိန်းစပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အမျိုးသမီးလေးယောက်မှာ သုံးယောက်က မိန်းမကိုယ်ပိုးဝင်ခြင်းကို ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

မိန်းမကိုယ်ပိုးဝင်တယ်ဆိုတာ လိင်ဆက်ဆံခြင်းကြောင့်ဖြစ်တဲ့ရောဂါ လုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့ ပထမဆုံးအကြိမ် လိင်ဆက်ဆံဖူးချိန်နဲ့ ပါးစပ်နဲ့ဆက်ဆံတဲ့အချိန်တွေမှာတော့ ပိုးဝင်နိုင်ခြေပိုများပြားတာဖြစ်ပါတယ်။ မိန်းမကိုယ်မှာ ဘက်တီးရီးယားနဲ့ Candida လို့ခေါ်တဲ့မှိုတစ်မျိုး ရောနှောရှိနေရာကနေ Candida ပိုမိုများလာတာကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။

အကြောင်းရင်းတွေက

↗️ပဋိဇီဝဆေးများသောက်ရခြင်း

↗️ကိုယ်ဝန်ရှိခြင်း

↗️ဆီးချို

↗️ကိုယ်ခံအား နည်းခြင်း

↗️အီစရိုဂျင်ဟော်မုန်းမြင့်တက်စေတဲ့ ဆေးများ၊ သန္ဓေတားဆေးများသောက်ရခြင်းတို့ပဲဖြစ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ?

↗️ ယားယံကျိန်းစပ်ခြင်း

↗️ ဆီးသွားချိန်၊ လိင်ဆက်ဆံချိန်မှာ လောင်သလိုခံစားရခြင်း

↗️ မိန်းမအင်္ဂါအဝမှာ ရောင်ရမ်းနီမြန်းခြင်း

↗️ သားအိမ်လမ်းကြောင်းမှာ နာကျင်ခြင်း

↗️ အဖုအပိမ့်ထခြင်း

↗️ အနံ့မပါတဲ့ အဖြူရောင် အရည်အချွဲပျစ်ပျစ်များထွက်ခြင်း

↗️ အရည်ကြည်များဆင်းခြင်း

ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသရမလဲ?

↗️ ပထမဆုံးအကြိမ် မိန်းမကိုယ်ပိုးဝင်ခြင်းကို ခံစားရတဲ့အခါ

↗️ ပိုးဝင်တာကြောင့်လား? အခြားရောဂါလား? မရေရာတဲ့အခါ

↗️ ကိုယ်တိုင် ဆေးလိမ်းရုံနဲ့မပျောက်ကင်းတဲ့အခါ

↗️ အခြားလက္ခဏာတွေပါ တွဲပြီးကြုံလာရတဲ့အခါ ဆေးခန်းပြသင့်ပါတယ်။

မိန်းမကိုယ်ပိုးမဝင်အောင် ဘယ်လိုကာကွယ်ရမလဲ?

☑️ တင်းကျပ်လွန်းတဲ့ အဝတ်အစားဝတ်ခြင်းကို ရှောင်ရပါမယ်။

☑️ ပြင်းထန်တဲ့ ဆပ်ပြာတွေ၊ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့ ပွတ်တိုက်ဆေးကြောခြင်းကိုရှောင်ရပါမယ်။

☑️ အနံ့ပါတဲ့ ဆပ်ပြာ၊ အမျိုးသမီးသန့်စင်ဆေးရည်၊ ရေချိုးဆပ်ပြာ၊ လစဉ်သုံးပစ္စည်း၊ Tampon တွေကိုမသုံးပါနဲ့။

☑️ အရမ်းပူတဲ့ရေနဲ့ မချိုးပါနဲ့။

☑️ မလိုအပ်ပဲ ပဋိဇီဝ ပိုးသတ်ဆေးများမသောက်ပါနဲ့။

☑️ ရေစိုနေတဲ့ အဝတ်အစား၊ ရေကူးဝတ်စုံ၊ ချွေးစိုနေတဲ့ အဝတ်အစားတွေနဲ့ ခပ်ကြာကြာမနေပါနဲ့။

🌸အမျိုးသမီးတိုင်း ကျန်းမာအလှတိုးကြပါစေ။

Similar Posts