ပန်ကာလေ ခံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ရာသီဥတုပူလို့ အိပ်မရတာနဲ့ တစ်ညလုံးပန်ကာဖွင့်၊ ပန်ကာလေ တဖြူးဖြူးနဲ့ အိပ်ကြတဲ့သူတွေရှိကြမှာပါ။ လေတအေးအေးနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေပေမဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိနေတာကို သတိပြုစေချင်ပါတယ်။ ပန်ကာလေ အကြာကြီးခံလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင် ❗️


(၁) ချွဲပိတ်စေခြင်း
ပန်ကာလေက ပါးစပ်၊ နှာချောင်းနဲ့ လည်ချောင်းတွေကို ခြောက်သွေ့စေပြီး ချွဲတွေများများထွက်စေပါတယ်။ နှာစေးတာ၊ လည်ချောင်းနာကျင်ရောင်ရမ်းတာ၊ ချွဲကျပ်တာတွေခံစားရနိုင်ပါတယ်။


(၂) ဓာတ်မတည့်ခြင်း
ပန်ကာထဲမှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်တွယ်နေတတ်ပါတယ်။ ပန်ကာလှည့်တဲ့အခါ လေနဲ့အတူ ဒီဖုန်မှုန့်တွေက လွင့်သွားတဲ့အတွက် ဓာတ်မတည့်မှုတွေဖြစ်ပြီး အသက်ရှူကျပ်တာ၊ နှာခေါင်းယားယံတာ၊ နှာချေတာ၊ မျက်ရည်ပူကျတာတွေ ဖြစ်တတ်ပါတယ်။


(၃) မျက်လုံးနဲ့အသားအရည်ခြောက်သွေ့ခြင်း
မျက်လုံးခြောက်သွေ့ပြီး နီရဲတာ၊ မျက်ရည်ကျတာ၊ ရောင်ရမ်းတာတွေဖြစ်တတ်တဲ့အပြင် အသားအရည်လည်းခြောက်သွေ့စေပါတယ်။


(၄) ကြွက်သားနာကျင်ခြင်း
ပန်ကာလေကြာကြာခံရင် ကြွက်သားတွေတင်းပြီး ကြွက်တက်တာမျိုး ဖြစ်စေပါသေးတယ်။ တစ်ညလုံး ပန်ကာလေခံပြီး မိုးလင်းတဲ့အခါ ကြွက်သားတွေ နာကျင်နေတာကို ခံစားရနိုင်ပါတယ်။


⚠ ဒါကြောင့် ပူအိုက်လို့ပန်ကာဖွင့်အိပ်တာက ကောင်းပေမယ့် သတိရှိကြဖို့လိုအပ်ကြောင်း မှာချင်ပါတယ်။

z_waka_healthcare #z_waka

Similar Posts