ကိုယ်ဝန်ဆောင် နှင့်လိင်ဆက်ဆံခြင်း
ကိုယ်ဝန်ဆောင် တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ လိင်ဆက်ဆံတာဟာ ကလေးအတွက် ဘေးကင်းရဲ့လားဆိုတဲ့မေးခွန်းတွေကိုတော်တော်များများမေးကြပါတယ်
ကိုယ်ဝန်ဆောင် တစ်ဦးအနေနဲ့ လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းတဲ့ဆက်ဆံရေးမျိုးကို ရှောင်ရှားပြီး အတတ်နိုင်ဆုံးစိတ်ဖိဆီးမှုကို လျော့ကျပေးနိုင်တဲ့လိင်ဆက်ဆံရေးမျိုးဖြစ်ဖို့လိုပါတယ်
ဒီချိန်မှာသတိပြုသင့်တာကအမျိုးသားပါ အမျိုးသားဖြစ်သူအနေနဲ့ မိမိရဲ့ကိုယ်ဝန်ဆောင် ဇနီးသည်အပေါ်မှာညှာတာသနားစိတ် နဲ့ဆက်ဆံဖို့လိုအပ်ပါတယ်
အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်ဆောင်စဉ်အခါမှာကလေးကိုလွယ်ထားရတဲ့စိတ်ဖိဆီးမှုတွေအစားအသောက်ပျက်တာတွေ အိပ်ရေးမဝတာတွေနဲ့ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်နေတဲ့ကာလတစ်ခုဘဲဖြစ်ပါတယ်
ရုပ်နဲ့စိတ်ကိုစောင့်ရှောက်နေရတဲ့အတွက် လိင်ဆက်ဆံခြင်းလိုကိစ္စဟာစိတ်ဖိဆီးမှုတစ်ခုဆင့်ပွားတာမျိုး မလုပ်ဘဲ အချင်းချင်းမေတ္တာတရားလေးကိုရှေ့တန်းတင်ပြီး စိတ်ဖြေတာမျိုးကအကောင်းဆုံးပဲဖြစ်ပါတယ်
လိင်ဆက်ဆံလိုတဲ့မိခင်တွေအနေနဲ့မိမိနဲ့ခင်ပွန်းဖြစ်သူရဲ့ကျန်းမာရေးသန္ဓေသားလောင်းလေးရဲ့ကျန်းမာရေးကပုံမှန်တိုင်းဖြစ်ဖို့လိုအပ်ပါတယ်
ကလေးကိုထိခိုက်နိုင်လားဆိုရင်တော့သားအိမ်ကိုပိတ်ထားတာဖြစ်တဲ့အတွက် မထိခိုက်နိုင်ပါဘူး အမျိုးသားလိင်တံကလည်း သားအိမ်တွင်းကိုမရောက်နိုင်ပါဘူး
ဒီလိုကာလမှာအမျိုးသားအနေနဲ့ HIVနဲ့STD တွေရှိမရှိစစ်ထားသင့်ပါတယ်
ဒီရောဂါတွေကကလေးဆီကူးစက်နိုင်ချေရှိတာမို့ အတူနေတဲ့အခါ ကွန်ဒုံးအသုံးပြုပေးသင့်ပါတယ်
ကြာဆေး၊ကြီးဆေးလိုမျိုးတွေကိုဒီချိန်မှာအသုံးမပြုသင့်ပါဘူး
တခြားသောပုံမှန်မဟုတ်တဲ့လိင်ဆက်ဆံနည်းတွေကိုလည်းသတိပြုရှောင်ကြဉ်သင့်ပါတယ်
လိင်ဆက်ဆံစဉ်နဲ့ပြီးစဉ်အချိန်မှာနာတာမျိုးသွေးထွက်တာမျိုးတွေရှိရင်တော့ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ် ကိုယ်ဝန်ပျက်ကျမှုအများဆုံးကတော့ လိင်ဆက်ဆံတာနဲ့မဆိုင်ဘဲသန္ဓေသားဖွံ့ဖြိုးမှု နည်းပါးခြင်းနဲ့ သက်ဆိုင်ပါတယ် ကိုယ်ဝန်နုစဉ်ပထမ၃လအခါမှာတော့သတိထားရှောင်ကြဉ်တာကောင်းမွန်ပြီး
လရင့်လာမှလိင်ဆက်ဆံတာကပိုပြီးစိတ်ချရပါတယ် မွေးခါနီးနှစ်လလောက် အလိုမှာတော့ ပြန်ပြီးတော့ရှောင်ကြဉ်ပေးသင့်ပါတယ် ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကိုမထိခိုက်နိုင်ပါဘူး ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့ သားအိမ်ခေါင်းကိုလည်း ရောဂါပိုးမွှားမဝင်နိုင်အောင် ထူထပ်တဲ့ အချွဲ အကျိတွေနဲ့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားနိုင်ပါတယ်
ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံဖို့သင့်မသင့်အတွက် သက်ဆိုင်ရာOGကို သေသေချာချာမေးမြန်းဖို့လိုပါတယ်
ကိုယ်ဝန်ဆောင်စဉ်လိင်ဆက်ဆံဖို့မသင့်တဲ့ အခြေအနေတွေကတော့ကိုယ်ဝန်ပျက်ကျဖူးတဲ့ရာဇဝင်ရှိခြင်း၊ ကလေးလမစေ့ဘဲမွေးဖွားဖူးခြင်း၊ ကလေးအချင်းရှေ့ရောက်နေသူများ၊ ကိုယ်ဝန်ဆောင်စဉ် သွေးတိုး တတ်သူများ (သို့) ကိုယ်ဝန်ဆိပ်တက်ရောဂါရှိနေသူများ ကလုံးဝ ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့တစ်ဦးအခြေအနေချင်းမတူညီတတ်ပါဘူကလေးအနေအထားမမှန်တာမျိုး သားအိမ်အားနည်းနေတာမျိုး၊ရောဂါပိုးတမျိုးမျိုးဝင်ရောက်နေတာမျိုး တွေရှိတဲ့မိခင်တွေအနေနဲ့ မိမိတို့ကျန်းမာရေးအတွက်သတိပြုဆင်ခြင်သင့်ပါတယ်ကိုယ်ဝန်ဆောင်စဉ်ကာလဟာမိခင်နှင့်ကလေးကျန်းမာရေးအတွက်အရေးပါချိန်ဖြစ်လို့ အမျိုးသားများအနေနဲ့လည်း ပိုပြီးကြင်နာသနားကြပြီး စိတ်ပိုင်းဆိုင်ရာအားပေး ဖို့လည်းလိုအပ်ကြောင်းကိုတိုက်တွန်းလိုက်ရပါတယ်။
#sex_during_pregnancy #pregnancy_guide
#We_R_z_waka