ဓမ္မတာ နဲ့ စိတ်ကျန်းမာရေး
မိန်းကလေးတွေအနေနဲ့ တချို့နေ့တွေမှာ အကောင်းမြင်စိတ်တွေနဲ့ပျော်ရွှင်နေသလောက် တချို့နေ့တွေမှာတော့ ဘာကိုမှစိတ်တိုင်းမကျဖြစ်နေတတ်တာဘာကြောင့်ပါလဲ?
အဓိကအကြောင်းရင်းကတော့ ဟော်မုန်းကြောင့် ပဲဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ ဓမ္မတာ မလာခင်ရက်သတ္တပတ်ကစလို့ စတင်ကျဆင်းလာပါတယ်။ ဒီကနေရာသီအကြိုဝေဒနာကို ခံစားရပြီး အဓိကအားဖြင့်ဓမ္မတာမပေါ်မီကာလမှာ စိတ်လှုပ်ရှားမှု၊ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေကို ပိုပြီးခံစားရစေပါတယ်။ အမျိုးသမီး (၁၀) ယောက်မှာ (၉) ယောက်က premenstrual syndrome (PMS) လက္ခဏာများတွေ့ရပါတယ်။
PMS ရဲ့ လက္ခဏာများအနေနဲ့ ဓမ္မတာရက်မတိုင်မီ ၅ရက်ခန့်မှ ၇ရက်ခန့်အလိုမှာဖြစ်တတ်ပါတယ်။ အများဆုံးရောဂါလက္ခဏာများကတော့ – စိတ်အပြောင်းအလဲများ၊ ရင်သားနာကျင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း(သို့) အလွန်စားသောက်ခြင်း၊ လိင်စိတ်လျော့ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဓမ္မတာလာပြီးအချိန်အနည်းငယ်အကြာမှာတော့ စိတ်နေသဘောထား၊ မျှော်မှန်းချက်၊ ယုံကြည်စိတ်ချမှုနဲ့အကောင်းမြင်မှုတို့ ကို ပြန်လည်ခံစားရနိုင်ပါတယ်။ သုတေသန တစ်ခုအရတစ်လလုံးပုံမှန်လေ့ကျင့်ခန်းလုပ်သူများကပြင်းထန်တဲ့ PMS လက္ခဏာများ မပြသဘူး လို့လည်းဆိုပါတယ်။
ဓမ္မတာလာတဲ့ချိန် စိုးရိမ်စိတ်ကို ထိန်းချုပ်ဖို့ ကူညီနိုင်တဲ့အရာ တွေကတော့-
- အေရိုးဗစ်လေ့ကျင့်ခန်း။
- အပန်းဖြေနည်းစနစ်များ။
- စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းများ
- အိပ်ရေး၀၀အိပ်စက်ခြင်း
- အာဟာရပြည့်ဝတဲ့အစားအသောက်များစားခြင်း
- ရေများများသောက်ပေးခြင်း
- ဗီတာမင်ဆေးသောက်သုံးခြင်း
- ရေနွေးနွေးနဲ့ရေချိုးပေးခြင်း
- အသင့်စားအစားအစာများကိုရှောင်ခြင်း
- ဆေးလိပ်၊အရက်၊ဘီယာများရှောင်ခြင်း စတာတွေပဲဖြစ်ပါတယ်
မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာစဉ် လိင်ဆက်ဆံခြင်းသည်ယောက်ျားလေးရဲ့ လိင်စိတ်ဆန္ဒကို ဆိုးရွားစွာသက်ရောက်စေပြီးဓမ္မတာလာစဉ်အသုံးပြုတဲ့ ပစ္စည်းများနဲ့အနံ့ဆိုးများကြောင့် စိတ်ပျက်အားလျော့ စေနိုင်ပါတယ်။
ဒေါက်တာနိုင်း(ဆေး၁)
#women # premenstrualsyndrome #aerobic