မိန်းကလေးတွေ ဆီးပူ၊ဆီးကျင် ဖြစ်လာရင် ဘာကိုသတိထားသင့်လဲ…🤦♀️
🤦♀️ မိန်းကလေးတွေတချို့ ဆီးပူ၊ဆီးကျင် ဖြစ်တယ် ဆီးအောင့်တယ်ဆိုပြီး အိမ်သာခဏခဏသွားရတာ၊ အိမ်သာထဲမှာ အချိန်တော်တော်ကြာတာ ကြုံဖူးကြမှာပါ။
တကယ်ခံစားဖူးရင် အတော့်ကို ခံရခက်တဲ့ဒုက္ခပါပဲ။
တချို့က မခံစားကြည့်ဖူးပဲ စိတ်ကဖြစ်နေတာ ဘာရောဂါမှမရှိဘူးလို့ပြောတတ်ကြပေမယ့် တကယ်တမ်း
တော့ ဒါဟာ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ရောဂါတစ်ခုပါ။
အမျိုးသားတွေထက် အမျိုးသမီးတွေက ဆီးလမ်းကြောင်းတိုတော့ ဆီးပိုးဝင်တာပိုဖြစ်တတ်ပါတယ်။
အများအားဖြင့်တော့…
ဆီးပူတာ၊ဆီးကျင်တာ၊ဆီးသွားရင်အောင့်တာ၊ ဆီးသွားရင်ပူသလိုခံစားရတာ
ဆီးခဏခဏသွားတာ၊ ဆီးအရောင်နောက်တာ၊ ဆီးအနံ့နံတာ၊ဆီးခုံအောင့်တာ
ချမ်းတာ၊ဖျားတာ၊ ပျို့တာ၊အန်တာ၊ နောက်ကျောနာတာ၊ ဆီးထဲသွေးပါတာ စတာတွေနဲ့လာတတ်ပါတယ်။
ဒီလက္ခဏာတွေဟာ ဆီးပိုးဝင်တတ်တဲ့နေရာတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးလမ်းကြောင်း၊ ဆီးအိမ် စတဲ့နေရာအလိုက် လက္ခဏာတွေကွာခြားမှုရှိနိုင်ပါတယ်။
🤷♀️ ဆီးပိုးရှိမရှိသေချာအောင် အများအားဖြင့်ဆီးစစ်တာပြုလုပ်ရပြီး လိုအပ်ရင် တခြားစစ်ဆေးမှုတွေပါပြုလုပ်ရပါတယ်။ ကုသတာကတော့ ဒီဆီးပိုးကိုသတ်နိုင်တဲ့ ပိုးသတ်ဆေးကို သောက်သုံးရတာပါ။
တကယ်လို့သေချာသာမကုသဖူးဆိုရင်… ဆီးပိုးဝင်တာခဏခဏပြန်ဖြစ်တာ
ဆီးလမ်းကြောင်းကျဥ်းတာ
ကိုယ်ဝန်ဆောင်သည်တွေဆို နေ့မစိလမစိမွေးတာ
ကျောက်ကပ်ပျက်စီးတာ
သွေးဆိပ်တက်တာ တွေထိဖြစ်နိုင်ပါတယ်။
ဒေါက်တာကြယ်စင်သစ်