|

🩸သွေးဆုံးတယ်ဆိုတာ ဘာလဲ?

မီးယပ် သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတယောက် ဓမ္မတာရာသီသွေးမပေါ်တော့တဲ့ဖြစ်စဉ်ကို ခေါ်တာဖြစ်ပါတယ်။ မီးယပ်သွေးဆုံးသွားပြီဆို ပဋိသန္ဓေ ကလေးမရနိုင်တော့ပါဘူး။

အမျိုးသမီးတစ်ဦးဟာ ၁၂ လ ကြာသည်အထိ ဓမ္မတာသွေးမပေါ်ခဲ့ဘူးဆိုလျှင် သွေးဆုံးပြီဟုဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့်အမျိုးသမီးတွေဟာ အသက် (၄၀)၊ (၅၀)ဝန်းကျင် အရွယ်တွေမှာ သွေးဆုံးကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပျမ်းမျှအသက် (၅၁) အရွယ်လောက်မှာ မီးယပ်သွေးဆုံးသွားကြပါတယ်။

💁 သွေးဆုံးတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ သွေးဆုံးချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာပူလောင်နေခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေ၊ အိမ်မပျော်ခြင်း၊ အားနည်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ကြုံတွေ့ကြရပါတယ်။

သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ဟော်မုန်းဆိုင်ရာကုသမှုတွေ၊နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေနဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။

သွေးဆုံးချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာကဘာတွေလဲ?

သွေးဆုံးချိန်နှင့် သွေးဆုံးပြီးကာလအတွင်း အမျိုးသမီးတွေမှာ အောက်ပါရောဂါလက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။

  • ဓမ္မတာလာချိန်မမှန်တော့ခြင်း၊
  • မွေးလမ်းကြောင်းခြောက်သွေ့ခြင်း၊
  • ခန္ဓာကိုယ်တွင်းပူလောင်မှုကိုခံစားရခြင်း၊
  • ချမ်းတုန်ခြင်း၊
  • ညဘက်ချွေးပြန်ခြင်း၊
  • အာရုံပျံ့လွင့်လွယ်ခြင်း၊
  • အိပ်မပျော်နိုင်ခြင်း၊
  • ကိုယ်အလေးချိန်တက်လာခြင်း၊
  • ဆံပင်ပါးပြီး ဆံပင်ကျွတ်ခြင်း၊
  • အရေပြားခြောက်သွေ့ခြင်း၊
  • -ရင်သားလျော့ရဲလာခြင်း၊

အမျိုးသမီးများသွေးဆုံးချိန် ခံစားရတဲ့ရောဂါလက္ခဏာတွေအတွေ့အကြုံတွေဟာ တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။

Perimenopause လို့ခေါ်တဲ့ သွေးဆုံးချိန်အကူးအပြောင်းကာလမှာ အမျိုးသမီးတွေဟာ ဓမ္မတာလာချိန်ပုံမှန်မဟုတ်ခြင်း၊ ဓမ္မတာချိန်နောက်ကျခြင်း၊ ဓမ္မတာစက်ဝန်းကျော်သွားခြင်းမျိုးတွေဖြစ်လာနိုင်ပါတယ်။ ရာသီစက်ဝန်းက တစ်လလောက်ကျော်သွားပြီး ပြန်လာတတ်တယ်၊ တချို့ကြတော့လည်း လတော်တော်များများလောက် ကျော်သွားပြီးပြန်ပေါ်လာတတ်ကြတယ်။ ပြီးတော့ လအနည်းငယ်လောက်ရာသီပြန်မှန်သွားတတ်ကြတယ်။

သွေးဆုံးချိန်အကူးအပြောင်းကာလမှာ ရာသီစက်ဝန်းမမှန်ပေမယ့်လည်း အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ တကယ်လို့ မိမိကရာသီမလာတော့ဘူး၊ အဲ့ဒါသွေးဆုံးလို့များလား? ကိုယ်ဝန်ရှိနေလို့များလားသိချင်ရင် ကိုယ်ဝန်ရှိ၊ မရှိစစ်ကြည့်လိုက်ပါ။

ဇာနည်ထွန်း(ဆေး-၂)

Reference – www.mayoclinic.org

#menopause #womenhealth

#z_waka_healthcare #z_waka

Similar Posts