| |

🤱 မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?

နို့သိပ်မထွက်ဘူးဖြစ်နေတယ်၊ ကလေးက နို့ဝမှဝပါ့မလား လို့စိုးရိမ်နေတဲ့ မေမေတွေအတွက် မှာချင်တာက မေမေတို့အများကြီးမစိုးရိမ်ကြပါနဲ့လို့။ မေမေတို့နို့ထွက်များအောင်လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်။ အခုဖော်ပြပေးသွားမယ့်နည်းလမ်းတွေက အတွေ့အကြုံရှိတဲ့မိခင်များ၊ တိချသေချာသည့်လေ့လာမှုများဖြင့် တွေ့ရှိလာရသည့် နည်းလမ်းများကို ဖော်ပြပေးသွားမှာပါ။

ဆက်ဖတ်ကြည့်ရအောင်…🔍

၁) နို့ထွက်တာနည်းနေပေမယ့်လည်း ကလေးကိုနို့ဆက်တိုက်နေပါ။

နို့တိုက်ရင် ကလေးစို့နေတာ ရပ်သွားတဲ့အထိတိုက်ပါ။ နို့မထွက်ဘူးဆိုပြီး မရပ်လိုက်ပါနဲ့။

ကလေးက နို့သီးခေါင်းကို စို့လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ နို့ထွက်များအောင် လုပ်ပေးမယ့် ဟော်မုန်းတွေထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းတွေက နို့များများထုတ်ဖို့အတွက်လှုံ့ဆော်ပေးကာ၊ နို့ချောင်းတွေကို ကျယ်စေပြီး၊ နို့ထွက်ကျလာဖို့ နို့အုံရှိကြွက်သားများကိုလည်း ညှစ်ထုတ်ပေးပါတယ်။ အဲ့ဒါကို နို့ထွက်လာသည့်အလိုအလျောက်တုံ့ပြန်မှုလို့ခေါ်ပါတယ်။ တခါတလေ ကလေးငိုသံကြားမိရင်၊ ကလေးအကြောင်းစဉ်းစားမိရင်တောင် အဲ့လိုတုံပြန်မှုကို တွေ့ကြုံရတတ်ပါတယ်။

မိခင်နို့ကို တနေ့ ၈ ကြိမ်မှ ၁၂ ကြိမ်ထိ တိုက်ပေးပါက နို့မှန်မှန်ထွက်စေဖို့ ကူညီပေးပါတယ်။ ကလေးကို ဆာရင် ဆာသလောက် တိုက်ကျွေးလို့ရပါတယ်။

၂) နို့ကို ညှစ်ညှစ်ပေးပါ။

နို့ကိုညှစ်ပေးတဲ့ စုပ်ခွက်လေးတွေ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရပါတယ်။ နို့တိုက်ပြီး ခဏနားနေတဲ့အချိန်တွေမှာ စုပ်ခွက်လေးနဲ့ ညှစ်ညှစ်ပေးရင် နို့ထွက်များစေပါတယ်။ စုပ်ခွက်နဲ့မညှစ်ခင် နို့အံကိုနွေးလာအောင် လက်ဖြင့် အရင်ပွတ်သတ်ပေးပါ။ အဲ့ဒီလိုပွတ်သတ်ပေးတာက စုပ်ခွက်ဖြင့် နို့ညှစ်သည့်အခါ ပိုအဆင်ပြေစေပါတယ်။ အဲ့ဒီ ညှစ်ခွက်နဲ့ဆို နို့ကိုညှစ်ပြီး သိမ်းထားလို့လည်းရတယ်။

နို့ကို ကလေးနို့မတိုက်ခင် ကြိုညှစ်ထားပါ။ နို့တိုက်ဖို့မေ့သွားရင် ညှစ်ပါ။ နို့စုပ်ခွက်က နို့ကိုညှစ်ပြီး သိမ်းထားလို့လည်းရတဲ့အတွက် မေမေတို့အတွက် အဆင်ပြေစေမှာပါ။

၃) နို့ကို ဘယ်တလှည့်၊ ညာတလှည့် ညီအောင် တိုက်ပေးပါ။

သင်နို့တိုက်ရင် ဘယ်ညာ နှစ်ဖက်စလုံး တိုက်ရဲ့လား? နို့တိုက်ရင် ဘယ်ညာ နှစ်ဖက်လုံးတိုက်ပေးတဲ့ အကျင့်လုပ်ပေးပါ။ ညာဘက်နို့စို့နေလို့ နို့ထွက်တာ နည်းလာတယ်ခံစားရရင် ဘယ်ဘက်နို့ပြောင်းတိုက်ပါ။ အဲ့လို နို့နှစ်ဖက်လုံးကို တိုက်သည့်အတွက် နို့ပိုထွက်စေပါတယ်။ စုပ်ခွက်ဖြင့် နို့ညှစ်ရင်လည်း နှစ်ဖက်စလုံးဆက်တိုက်ညှစ်ပေးခြင်းက နို့ထွက်ပိုများစေပါတယ်။

၄) နို့ထွက်များစေတဲ့ သဘာဝဆေးဖက်ဝင်အပင်များ၊အားဆေးများ

Canadian Breastfeeding Foundation က တချို့ဆေးဖက်ဝင် အပင်တွေက နို့ထွက်များစေပါတယ်လို့ဆိုထားပါတယ်။ အဲ့ဒီသဘာဝဆေးဖက်ဝင်ပစ္စည်းများကတော့

– ပဲနံ့သာ (fenugreek)

– ဂျင်း

– ကြက်သွန်ဖြူ

– စမုန်စပါးမျိုး (fennel)

– လူဆန်ပဲပင် (alfalfa)

– စပီရူလိုင်းနား (Spirulina)

– ဆူးပန်းလုံ (blessed thistle) တို့ပဲဖြစ်ပါတယ်။

နို့တိုက်မိခင်များ သဘာဝဆေးဖက်ဝင်အပင်နှင့် အားဆေးများ မသောက်သုံးခင် ဆရာဝန်ဖြင့်ကြိုတင်တိုင်ပင်ဆွေးနွေးပါ။

၅) နို့ထွက်နည်းစေမည့်အရာများကို ရှောင်ကြဉ်ပါ။

အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်နေမှုများကို အတတ်နိုင်ဆုံးလျှော့ချပါ။

ဆေးလိပ်၊ အရက်ရှောင်ကြဉ်ပါ။

ဇာနည်ထွန်း (ဆေး-၂)

Reference – www.healthine.com

#BreastMilk

#z_waka_healthcare #z_waka

Similar Posts