အမျိုးသား တွေကောသွေးဆုံးနိုင်လား?
သဘာဝအရ အသက်၅၀ကျော် လာရင် အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာကို မလွဲမသွေကြုံတွေ့ရတဲ့အရာတစ်ခုပါ ။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အမျိုးသား တွေမှာကော သွေးဆုံးမှုဖြစ်တတ်လားဆိုတာပါ။
တစ်ကယ်တော့ အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာဖြစ်တတ်ပါတယ်!
အမျိုးသား တွေအတွက်သွေးဆုံးတယ်ဆိုတာ testosterone hormone လျော့နည်းလာတာကို ပြောတာပါ။ တစ်နည်းအားဖြင့် ဆိုရင်တော့ လိင်စိတ်ဆန္ဒလျော့နည်းသွားတာပါ။Testosterone hormone က အမျိုးသားတွေအတွက် လိင်စိတ်တင်မက လူပျိုဖော်ဝင်ချိန် စိတ်အပြောင်းအလဲတွေ ၊စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးတာပါ ။
Testosteroneဟော်မုန်းလျော့နည်းလာတာဖြစ်တဲ့ အတွက်ဒီလိုလက္ခဏာတွေခံစားရပါတယ်!
- လိင်တံမထောင်မတ်နိုင်တာ
- အရိုးသိပ်သည်းဆ နည်းလာတာ
- လိင်စိတ်နည်းလာတာ
- ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ
- အားအင်ကုန်ခမ်းတာ
- စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာ
- အာရုံစူးစိုက်လို့မရတာ
- အဆီတက်လာတာ
- ရင်သားတွေဆူလာတာ
- မြုံလာတာ စတာတွေဖြစ်ပါတယ်။
ဒီလက္ခဏာတွေကလူကိုထိခိုက်လောက်တဲ့အထိခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသပါလို့အကြံပေးပါရစေ။
ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ခြင်း ၊ တရားထိုင်ခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ အိပ်ရေးဝဝအိပ်ခြင်းပြုလုပ်ပေးခြင်းက အချို့သော လက္ခဏာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရဆိုပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူနိုင်ပါတယ်။
ကျန်းမာပျော်ရွှင် အနာဂတ်နေ့သစ်များကိုအစဉ်ထာဝရပိုင်ဆိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်
Dr. Kyaw Zeya
#the_male_menopause #men_health
#We_R_z_waka