ကျား လိင်အင်္ဂါ (Penis) ကို မလုပ်သင့်သော အချက် (၁၁)ချက်
လိင်အင်္ဂါ ဆိုတာ အရမ်းကို sensitive ဖြစ်တဲ့အင်္ဂါတခုပါ။
ဒါပေမယ့်လူတွေက သူတို့ရဲ့လိင်တံကို ဆွဲဆန့်တာတို့၊ အပ်နဲ့ထိုးတာတို့၊မကြာခဏသန့်ရှင်းရေးလုပ်ပေးတာတို့စတဲ့
ထူးထူးဆန်းဆန်းတွေကိုလုပ်နေကြပါတယ်။
သင့် လိင်အင်္ဂါ ကို မလုပ်သင့်တဲ့အချက် (၁၁) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
နောက်ဆုံးတချက်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်!
၁။လိင်တံကိုတိုင်းတာခြင်း
သင့်ရဲ့လိင်တံဟာ ထောင်မတ်နေတဲ့အချိန် ၃လက်မအောက်ရောက်မနေဘူးဆိုရင် ကိုယ့်မှာရှိတဲ့ အရှည်နဲ့ကျေနပ်ကြပါ။
လိင်တံရှည်ခြင်းဟာ သင့်ရဲ့ partner စိတ်ကျေနပ်စေခြင်းနဲ့မဆိုင်တဲ့အတွက် လိင်တံအရွယ်အစားနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာမလိုပါဘူး။
၂။လိင်တံကိုဆွဲပြီး ရှည်လာအောင်လုပ်တာ
သင့်လိင်တံကို ဆွဲလိုက်ရင် ရှည်လာမယ်ပြီးတွေးနေတယ်ဆိုရင် သင့်အတွေးဟာ မှားနေပါတယ်။
ဒါတွေကိုဘယ်သူမှ သက်သေမပြထားပါဘူး။
သင်ဟာ လိင်တံကို ဆွဲဆန့်တာတို့၊လုပ်နေဦးမယ်ဆိုရင် သင့်ရဲ့အင်္ဂါနားတဝိုက်မှာရှိတဲ့
ကြွက်သားနဲ့တစ်သျှူးတွေကို ထိခိုက်ဒဏ်ရာရစေမှာပဲဖြစ်ပါတယ်။
၃။လိင်တံကြီးထွားစေသောဆေးများ
လိင်တံကိုဆွဲဆန့်လို့ဘာမှမထူးခြားလာကြ ဘူးဆိုရင် နောက်တဆင့်အနေနဲ့ လူတွေကလိင်တံကြီးထွားစေသောဆေးတွေကိုလက်တည့်စမ်းချင်လာကြတယ်။
ဒါပေမယ့်လူတွေက အဲ့ဒီလိင်တံကြီးဆေးတွေမှာ ဟော်မုန်းတွေ၊ဗိုက်တာမင်တွေ၊သတ္တုဓာတ်တွေပါတာကိုမသိကြဘူး။ဆေးကုမ္ပဏီတွေကလည်းသင့်ကို ဘယ်ဟော်မုန်းကြောင့်ဘယ်ဟာကဘယ်လိုကြီးလာတာဆိုပြီး ဂဃနဏ ပြောနိုင်မှာမဟုတ်ဘူး။
သင်ဆက်ပြီးဝယ်ချင်နေဦးမှာလား?
၄။လိင်ဆက်ဆံပြီးတိုင်းသင့်လိင်အင်္ဂါကိုသန့်ရှင်းဖို့မမေ့ပါနဲ့။
တကိုယ်ရည်အာသာဖြေပြီးတိုင်း၊ လိင်ဆက်ဆံပြီးတိုင်း လိင်အင်္ဂါကိုဆေးကြောတတ်တဲ့အကျင့်ကိုမွေးမြူပါ။
ကိစ္စပြီးမြောက်တဲ့အခါထွက်လာတဲ့အရည်တွေက ဘက်တီးရီးယားပိုးမွှား တွေကို ပေါက်ဖွားစေဖို့ အခြေအနေပေးနိုင်ပါတယ်။
တစ်သျှူးနဲ့သုတ်မယ့်အစား၊ ရေနဲ့ဆေးပေးပါ။
၅။ ဆပ်ပြာအပြင်းစားတွေနဲ့ လိင်တံဆေးခြင်းမှ ရှောင်ကြဥ်ပါ။
သင့်လိင်တံကိုဆေးကြောဖို့ စျေးကြီးပေးဝယ်ရတဲ့သန့်ရှင်းရေးပစ္စည်းတွေသုံးစရာမလိုပါဘူး။
ဆပ်ပြာပျော့ပျော့လေးနဲ့ ဆေးကြောပေးရင်လုံလောက်ပါပြီ။
ဓာတုပစ္စည်းများပါဝင်တဲ့ ဆပ်ပြာတွေကိုတော့မသုံးမိစေနဲ့။
အဲ့ဒါတွေက သင့်လိင်အင်္ဂါကို ယားယံစေပြီး ဓာတ်မတည့်မှုတွေဖြစ်လာနိုင်စေတယ်။
၆။ လိင်တံကို လိုတာထက်ပိုဆေးခြင်း။
လိင်တံကိုသန့်ရှင်းအောင်ထားတာက ကောင်းပါတယ်။
ဒါပေမယ့် လိုတာထက်ပိုပြီး အားထည့်ဆေးတာတွေ၊ ပွတ်တိုက်တာတွေ မလုပ်သင့်ပါဘူး။
အဲ့လိုဆေးလိုက်လို့ ပွန်းပဲ့၊ပေါက်ပြဲသွားရင်၊ အဲ့ဒီကနေတဆင့် HIV တို့လို လိင်မှတဆင့်ကူးစက်သောရောဂါတွေက ဝင်ရောက်လာနိုင်ပါတယ်။
၇။ အတွင်းခံကြပ်ကြပ်ဝတ်ခြင်း။
အတွင်းခံကြပ်ကြပ်ဝတ်ခြင်းက သင့်လိင်အင်္ဂါဆီကို သွေးလည်ပတ်စေမှုနည်းစေပြီး
သုတ်ရည်ထုတ်မှုကိုနည်းစေပါတယ်။ သင့်ကို မျိုးမအောင်တဲ့သူဖြစ်သွားစေနိုင်ပါတယ်။
ပြီးတော့ ဆီးခုံတဝိုက်မှာ ချွေးတွေဖြင့်အမြဲစိုနေပါက ရောဂါပိုးမွှားတွေကလည်းရှင်သန်ပေါက်ဖွားနိုင်ပါတယ်။
၈။ လိင်တံကိုဖောက်ခြင်း။
တက်တူးထိုးတာတွေ၊ နားကွင်းလိုလိင်တံမှာအပေါက်ဖောက်တာတွေက သင့်လိင်တံကို ပျက်စီးစေပြီး၊
အသုံးပြုခဲ့တဲ့ပစ္စည်းတွေက မသန့်ရှင်းဘူးးဆိုရင်လည်း သင်ဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ခံစားရနိုင်ပါတယ်။
၉။လိင် နှင့်ဆက်စပ်သော ကစားစရာများ
လိင်နှင့်ဆက်စပ်သောကစားစရာတွေကိုဘယ်လိုအသုံးပြုရမလဲသိရင်တော့ ပျော်ဖို့ကောင်းပါတယ်။
လူတယောက်က လိင်ကစားစရာနဲ့ကစားနေရင်း သူ့လိင်တံက ထုတ်မရတော့လို့ တန်းလန်းရင်းနဲ့ အသက်ပါဆုံးရှုံးသွားခဲ့ရတယ်လို့ သတင်းပေးပို့မှုတွေအများကြီးရှိပါတယ်။
၁၀။ဆရာဝန်ခွင့်ပြုချက်မရှိဘဲသောက်တဲ့ဆေးတွေ
တကယ်လို့သင်ဟာစိတ်ကျရောဂါအတွက် ဆေးတွေသောက်နေရတဲ့သူဆိုရင် အဲ့ဒီဆေးတွေမသောက်ခင် ဆရာဝန်နှင့်တိုင်ပင်ပါ။အဲ့လိုဆေးတွေက သင့်ကိုမြုံစေပြီး၊ဆန္ဓပြီးမြောက်စေဖို့ခက်ခဲစေပါလိမ့်မယ်။
ဆေးသောက်မယ်ဆိုသေချာစဥ်းစားပါ။မိမိဘာသာဆေးတွေမသောက်ကြပါနဲ့။
၁၁။လိင်တံကိုပုလင်းထဲထည့်ခြင်း။
မရယ်လိုက်ပါနဲ့။
အိန္ဒိယအစိုးရဆေးရုံတခုမှာ လိင်တံတွေပုလင်းထဲကထုတ်မရလို့ ကယ်ကြပါဦးဆိုပြီး ရောက်လာတဲ့သူတွေအများကြီးပါပဲတဲ့။
ဇာနည်ထွန်း(ဆေး-၂)
#Men’sHealth
#We_R_z_waka