တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ အတွက် ကျန်းမာရေးအသိပညာပေး
👨🏫 Internal day of persons with Disabilities လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ
မသန်စွမ်းများနေ့ ဆိုတာ သင် ကြားဖူးလား…
အရင်တုန်းကတော့ မသန်စွမ်းတွေကို မသန်မစွမ်းတွေလို့ခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ
မသန်စွမ်းဖြစ်နေပေမယ့်လည်း လုပ်ဆောင်နိုင်စွမ်းတွေဟာ တခြားသာမန်လူတွေလိုမျိုးလုပ်ဆောင်နိုင်လို့ မသန်ပေမယ့်လည်း စွမ်းတယ်ဆိုပြီး မသန်စွမ်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။ ဒီ December 3 ရက်နေ့ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မသန်စွမ်းတွေအတွက် သတ်မှတ်ထားတဲ့ ထူးခြားတဲ့နေ့လေးတစ်နေ့ပါပဲ။ဒီလိုနေ့မျိုးမှာ မသန်စွမ်းတွေအားလုံးအတွက်
ရည်ရွယ်ပြီး မသန်စွမ်းသူတစ်ယောက်ကို ဘယ်လိုဆက်ဆံတာမျိုးပြုလုပ်သင့်လဲဆိုတာလေး ပညာပေးအနေနဲ့ပြောပြပေးချင်ပါတယ်။
တခြားသူတွေနဲ့တန်းတူ လေးစားသမှုလေးထားပေးပါ။ လူ့ဘောင်အသိုင်းအဝိုင်းမှာဖြစ်ပျက်နေတာက မသန်စွမ်းတွေကို တခြားသူတွေနဲ့တန်းတူသဘောမထားပဲ နှိမ်ချဆက်ဆံနေတာတွေတွေ့နေရပါသေးတယ်။ ဒါဟာ အင်မတန်ကိုစိတ်ဓာတ်ယုတ်ညံ့တဲ့အပြုအမူမျိုးတွေပါပဲ။
မသန်စွမ်းတဲ့သူတစ်ယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါ ကလေးလေးတစ်ယောက်ကိုပြောဆိုသလိုမျိုး၊ အသံအကျယ်ကြီးကြားအောင်အော်ပြောပေးတာမျိုးတွေမပြုလုပ်သင့်ပါဘူး။ သာမန်လူတွေလိုပဲ ဆက်ဆံပေးသင့်ပါတယ်။ မသန်စွမ်းသူတစ်ယောက်ကို တိုက်ရိုက်စကားပြောသင့်ပါတယ်။ ဘယ်လိုပဲ ဆွံ့အ နားမကြားတာမျိုးဖြစ်နေပါစေ၊ဘာသာပြန်ပေးတဲ့သူရှိနေပါစေ ကိုယ်စကားပြောတဲ့အချိန်မှာတော့ သူ့ကိုကြည့်ပြီးပဲပြောပေးသင့်ပါတယ်။
အားနည်းချက်ကို မဖိနှိပ်သင့်ပါဘူး။
မသန်စွမ်းတဲ့သူတစ်ယောက်ဟာ wheel chair
ပေါ်မှာ ထိုင်နေရုံနဲ့တင် မသန်စွမ်းတဲ့သူတစ်ယောက်မှန်းလူတိုင်းသိကြပါတယ်။ ဒါကို မိတ်ဆက်စကားပြောတဲ့အခါ သူက မသန်စွမ်းသူပါလို့ စကားထဲလုံးဝထည့်မပြောသင့်ပါဘူး။
ကူညီပေးဖို့ မတွေဝေပါနဲ့။ တချို့သူတွေဟာ
မသန်စွမ်းတဲ့သူတစ်ယောက်ကို အကူအညီမတောင်းပဲ သွားကူညီလိုက်ရင် သူတို့စိတ်မကောင်းဖြစ်သွားမလားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ မသန်စွမ်းတဲ့သူတွေဟာ တခြားသူတွေကို အနှောင့်အယှက်မဖြစ်စေချင်လို့ အကူအညီတောင်းတာမျိုးကို တွန့်ဆုတ်တတ်ကြပေမယ့်
လိုက်လိုက်လျောလျော ကူညီလာတာမျိုးကိုတော့ စိတ်ထဲကျေနပ်တတ်ကြပါတယ်။
Wheel chair တွေ ချိုင်းထောက်တွေနဲ့ ဆော့ကစားတာမျိုးမပြုလုပ်သင့်ပါဘူး။ သင့်အတွက်က ဆော့ကစားစရာတစ်ခုလိုဖြစ်နေပေ
မယ့် မသန်စွမ်းသူတစ်ယောက်အနေနဲ့ သူတို့
စိတ်ထဲမှာ ဝမ်းနည်းသွားမိတာမျိုးတွေရှိသွားတတ်ပါတယ်။
ဒါကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့မှာ မသန်စွမ်းသူတစ်ယောက်ကို ဆက်ဆံတဲ့အခါမှာ လူတိုင်းပြုမူထိန်းသိမ်းသင့်တဲ့အရာလေးတွေပါပဲ…..👨⚕️။
#International_Day_of_Persons_with_Disabilities
#We_R_z_waka
ဒေါက်တာငုဝါ