|

G6PD ချို့တဲ့ရောဂါ အကြောင်းသိကောင်းစရာများ

G6PD ဆိုတာသွေးထဲမှာ glucose 6 phosphate dehydrogenase(G6PD) လိုတဲ့ ခေါ်တဲ့ ဓာတ်တစ်မျိုးမွေးရာပါ ချို့တဲ့ တဲ့ ရောဂါဖြစ်ပါတယ်။ G6PD အင်းဇိုင်းဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာ လုပ်နိုင်အောင် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးနီဥ ကို ပြင်ပ အန္တရာယ် တွေမှ ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးပါပြီး သွေးနီဥ ရဲ့သက်တမ်းကုန်ဆုံးသည်အထိနေနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ် G6PD ရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ်။

G6PD အင်ဇိုင်းမရှိရ ချို့တဲ့ ရောဂါလက္ခဏာများ

အထက်မှာ ပြောခဲ့တဲ့ G6PD ရဲ့ လုပ်ငန်းဆောင်တာအရ G6PD အင်ဇိုင်း မရှိတဲ့ အခါ သွေးနီဥ တွေဟာ သက်တမ်းမကုန်ခင် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တွင်း သွေးနီဥ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ ခံစားရပါတယ်။ ၎င်းလက္ခဏာတွေကတော့
၁) ဆီးအရောင်ရင့်ခြင်း ( ကိုကာကိုလာ အရောင်)
၂) ဝမ်းထဲသွေးပါခြင်း
၃) အသားဝါခြင်း

သွေးနီဥ ပေါက်ကွဲမှု များသည့်အတွက် သွေးအားနည်းရောဂါလဲ ခံစားလာရပြီး အောက်ပါလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

၁) အသားအရောင်ဖြူဖျော့လာခြင်း
၂) မောခြင်း
၃) နုန်းချိခြင်း
၄) ရင်တုန်ခြင်း
၅) မူးမောခြင်း တို့ခံစားလာရတတ်ပါတယ်။

G6PD အင်ဇိုင်း ချို့တဲ့ ရောဂါရှိတာကို ဘယ်လို သိနိုင်မလဲ။

G6PD အင်ဇိုင်းဓာတ်ကို သွေးစစ်ကြည့်ယုံဖြင့် အင်ဇိုင်း ချို့တဲ့ မတဲ့ သိနိုင်ပါတယ်။အများစုက လက္ခဏာ မပြတတ်တဲ့ အတွက် ဆရာဝန်က သံသယရှိပါက သွေးစစ်ကြည့်မှ သိတာမျိုးလည်းရှိပါတယ်။ ယနေ့ခေတ်မှာတော့ မွေးကင်းစ အရွယ် တည်းက ဆရာဝန်က ရှိမရှိ တခါတည်းစစ်ပေးခြင်းပေးတတ်ကြပါတယ်။

G6PD အင်ဇိုင်းချို့တဲ့သူတွေ ဆောင်ရမဲ့ အရာတွေက ဘာတွေလဲ။

လုံးဝရှောင် ကြဉ်ရမဲ့ အရာတွေကတော့
၁) ပရုပ်လုံး
၂) menthol ( ပူရှိန်း)ပါတဲ့ ပစ္စည်းများ ၊ အစားအသောက်များ
၃) ပဲကြီး
၄) aspirin ကဲ့သို့ အကိုက်အခဲ ပျောက်ဆေးများ
၅) ငှက်ဖျား ရောဂါပျောက်ဆေးများ
၆) တချို့သော တိုင်းရင်ဆေးများ အစရှိသည်တို့ ဖြစ်ပါတယ်။

G6PD ရောဂါကို ကုလို့ရလား။

G6PD ဟာ မွေးရာပါရောဂါမို့ ကုလို့မရပါ။ သူနဲ့ဓာတ်မတည့်တဲ့ အစားအသောက် တွေ ပစ္စည်းတွေကို မသုံးဖို့သာ ဆင်ခြင်ရပါမယ်။

G6PD ရောဂါကို ဘယ်လို ကုသလဲ။

များသောအားဖြင့်တော့ မတည့်တဲ့ ဆေးဝါး၊ပစ္စည်းတွေ သောက်သုံးမိရင် အဲ့တာတွေကိူ ချက်ချင်းရပ်ပစ်ပြီး စောင့်ကြည့်ရပါမယ်။ သွေးအားနည်း လက္ခဏာတွေပါ ခံစားရင်တော့ လို အပ်ရင် အောက်ဆီဂျင်ပေးတာ၊drip ချိတ်ရတာမျိုး လိုအပ်ပါတယ်။ လက္ခာ အရမ်းဆိုးရင်တော့ သွေးသွင်းရတဲ့ အခြေအနေမျိုးထိ ဖြစ်နိုင်ပါတယ်။

Dr Htet

Similar Posts