နှာခေါင်းသွေးလျှံခြင်း ကို ရပ်အောင်ပြုစုနည်း
နှာခေါင်းသွေးလျှံခြင်း ဖြစ်ပြီဆိုရင် ပြုလုပ်တတ်တဲ့ အမှားအချို့နဲ့ အတူ ရှေးဦးသူနာပြုကုသနည်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်….
![](https://health.z-waka.com/wp-content/uploads/2025/01/Z-waka-Template-338-b-1024x1024.png)
-လက်ညှိုးနဲ့လက်မကိုအသုံးပြုပြီး နှာရိုးနုကို ၁၀မိနစ်၊ ၁၅မိနစ်ခန့်ညှစ်ထားပါ။
– နှာခေါင်းသွေးက လည်ချောင်းအနောက်ကတစ်ဆင့် ဗိုက်ထဲမရောက်သွားပဲ နှာခေါင်းထဲစီးလာစေဖို့ ရှေ့ကိုကိုင်းပြီး ပါးစပ်ဟအသက်ရှူပါ။
– နှာခေါင်းရိုးပေါ် အဝတ်တစ်ခုခုခံပြီး ရေခဲအုံပေးပါ။
– လှဲမအိပ်ဘဲ မတ်မတ်နေခြင်းက နှာခေါင်းအတွင်းကသွေးကြောတွေရဲ့ သွေးဖိအားကိုလျော့ကျစေပြီး သွေးတိတ်သွားစေနိုင်ပါတယ်။
– နာရီဝက်ကျော်တဲ့အထိ သွေးမတိတ်သေးလျှင် ဆေးရုံဆေးခန်း အရေးပေါ်သွားရောက်ပြသဖို့လိုအပ်နိုင်ပါတယ်။