နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?
နားကြပ် အမြဲတပ်ထားပြီး သီချင်းကို အသံအမြင့်ဆုံးထားနားထောင်ပါများလာတဲ့အခါ အောက်ပါထိခိုက်မှုတွေဖြစ်ပွားနိုင်ပါတယ်။👂
- နားစည်ထိခိုက်ခြင်း
- နားဖာချေးများလာခြင်း
- နားအတွင်း နာကျင်ခြင်း
- အာရုံကြောထိခိုက်ခြင်း
- ခေါင်းမူးခြင်း
- အကြားအာရုံလျော့နည်းလာခြင်း တို့ဖြစ်ပွားနိုင်ပါတယ်။
ဘယ်လို ကာကွယ်ရမလဲ?
- အသံအတိုးအကျယ်ကို လျှော့ချပါ: နားကြပ်ကနေ ထွက်တဲ့ အသံကို 60% အောက်မှာသာ ထားပါ။
- နားကြပ် ကို အချိန်ကြာကြာ မတပ်ထားပါနဲ့: တစ်နေ့ကို တစ်နာရီထက် မပိုအောင် နားကြပ်တပ်ပါ။
- အနားယူပါ: နားကြပ်တပ်ပြီး နားထောင်ပြီးတိုင်း နားကို အနားပေးပါ။
- ဆူညံတဲ့ နေရာတွေကို ရှောင်ပါ: ကွန်ဆာ၊ ဘား စတဲ့ ဆူညံတဲ့ နေရာတွေကို ရှောင်ပါ။
- နားပိတ်ကာကွယ်ပစ္စည်းကို အသုံးပြုပါ: ဆူညံတဲ့ နေရာတွေကိုသွားရင် နားပိတ်ကာကွယ်ပစ္စည်းကို အသုံးပြုပါ။
- ပုံမှန် နားစစ်ဆေးပါ: နားအကြားအာရုံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။