ပန်းပွင့်လေးများနှင့် ‌ဓာတ်မတည့်ခြင်း

🌸အချို့သူတွေမှာ ပန်းပွင့်လေးအချို့နဲ့ ဓာတ်မတည့်ခြင်း မျိုး ရှိတတ်ပါတယ်။

တကယ်က ပန်းပွင့်ထဲက ဝတ်မှုန်နဲ့ဓာတ်မတည့်တာ ဖြစ်ပြီး ထိတွေ့ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ယားယံခြင်း၊ အနီကွက်များထခြင်း၊ တစ်ဆစ်ဆစ် ခံစားရခြင်း၊ နှာရည်ယိုကျလာခြင်း၊ ချွဲထလာခြင်းတွေ အပြင် မျက်လုံးယားယံခြင်း၊ မျက်စိနီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်တွေ ညောင်းညာခြင်းတို့ကို ခံစားရနိုင်ပါတယ်။ 

ပန်းပွင့်ဝတ်မှုန်ဓာတ်မတည့်မှုကို ဘယ်လို ကာကွယ်နိုင်မလဲ?

  • ပန်းပွင့်ဝတ်မှုန်များ အများဆုံး လွင့်မျောနေတဲ့ အချိန်တွေမှာ အိမ်အတွင်းမှာနေပါ။
  • အိမ်ပြင်ထွက်တဲ့အခါ နှာခေါင်းစည်း တပ်ပါ။
  • အိမ်ကို ပုံမှန် သန့်ရှင်းရေးလုပ်ပါ။
  • အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။
  • အိပ်ယာပေါ်မှာ ပန်းပွင့်တွေ မထားပါနှင့်။
  • အိမ်မွေးတိရစ္ဆာန်တွေကို ပုံမှန် ရေချိုးပေးပါ။

ပန်းပွင့်ဝတ်မှုန်ဓာတ်မတည့်မှုအတွက် ဘယ်အခါ ဆရာဝန်နဲ့ ပြသင့်သလဲ?

  • အသက်ရှုကျပ်ခြင်း
  • ရင်ဘတ်တင်းကျပ်ခြင်း
  • မျက်စိမှာ ပြဿနာတွေ ဖြစ်ပေါ်လာခြင်း
  • အရေပြားပေါ်မှာ ပွက်တက်ခြင်း သို့မဟုတ် ယားယံခြင်းတွေ ပိုမိုဆိုးရွားလာခြင်း

ရေရှည်မှာ ပန်းနာရင်ကျပ်၊ နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်း၊ အသားအရည်အလာဂျီများထခြင်းတို့ ဖြစ်လာနိုင်တာကြောင့် ဓာတ်မတည့်မှု သံသယရှိပါက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ထပ်မံထိတွေ့မှုမဖြစ်အောင် ဂရုပြုသင့်ပါတယ်။🌼

Similar Posts