ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းအတွက် အင်မတန်အရေးကြီးတဲ့ ခံစားချက်တစ်မျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဘဝတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖတ်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ။ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို သိလာပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေကို ယုံကြည်လာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အတွက် ဘယ်အရာကိုမဆို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့သူဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အဆိုးမြင်စိတ်တွေကို လျှော့ချနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးတတ်တဲ့အတွက် စိတ်ဓာတ်ကျတဲ့အခါ အလွယ်တကူ ပြန်ထနိုင်ပြီး စိတ်ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်စပ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်လာတတ်ပါမယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို…
