နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?
|

နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?

နားကြပ် အမြဲတပ်ထားပြီး သီချင်းကို အသံအမြင့်ဆုံးထားနားထောင်ပါများလာတဲ့အခါ အောက်ပါထိခိုက်မှုတွေဖြစ်ပွားနိုင်ပါတယ်။👂 ဘယ်လို ကာကွယ်ရမလဲ?

သရက်သီး ရဲ့  စူပါကောင်းကျိုးများ

သရက်သီး ရဲ့ စူပါကောင်းကျိုးများ

အသီးမှာ သရက်လို့တင်စားကြတဲ့ သရက်သီး ရဲ့ စူပါကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ၊ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်လဲ‌ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ကောင်းကျိုးများ -ကိုယ်ခံအားကောင်းပြီး အပူမရှပ်အောင် ကာကွယ်ပေးခြင်း -ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း -ကိုလက်စထရောထိန်းပေးပြီး နှလုံးအတွက်သင့်တော်ခြင်း -အသားအရည် ကြည်လင်စေခြင်း -အမြင်အာရုံကောင်းစေခြင်း -အစာကြေစေခြင်း -ဝိတ်ကျစေခြင်း တို့ဖြစ်တဲ့အပြင် အာဟာရ အနေနဲ့ -ဗီတာမင် (၂၀) မျိုး ပါဝင်ပြီး – သတ္တုဓာတ် -အသားဓာတ်နဲ့ -အမျှင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်သေးတယ်….

စိတ်ညစ်ရင်တဲ့အခါ ဗြူးတီးစလွန်း သွားချင်ရတဲ့ အကြောင်းအရင်း
|

စိတ်ညစ်ရင်တဲ့အခါ ဗြူးတီးစလွန်း သွားချင်ရတဲ့ အကြောင်းအရင်း

မိန်းကလေးအများစု စိတ်ညစ်တဲ့အခါ အလှပြင်ဆိုင်သွားပြီး ဆံပင်ညှပ်တာ၊ အရောင်ပြောင်းတာ၊ လက်သည်းခြေသည်းဆိုးတာလေးတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ ဘာလို့များလဲ🤔 ကိုယ့်ကိုကိုယ် စတိုင်ကျအောင်၊ ပိုလှအောင် ပြုပြင်လိုက်တဲ့အခါ မိန်းကလေးတွေရဲ့စိတ်မှာ “ငါ့ကိုယ်ငါချစ်တယ်၊ ငါ့ကိုယ်ငါပိုင်တယ်၊ ငါ့ကိုယ်ငါပြောင်းလဲနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေးတွေဖြစ်လာတတ်ပါတယ်။ စိတ်ညစ်တာလေးတွေ ပြေပျောက်သွားတတ်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း မိန်းကလေးတွေရဲ့စိတ်က အရမ်းပျင်းရိနေတဲ့အခါ ဆံပင်အရောင်ပြောင်းတာမျိုး လုပ်တတ်ကြပါ‌သေးတယ်တဲ့နော်။ 🌹

နှာခေါင်းသွေးလျှံခြင်း ကို ရပ်အောင်ပြုစုနည်း

နှာခေါင်းသွေးလျှံခြင်း ကို ရပ်အောင်ပြုစုနည်း

နှာခေါင်းသွေးလျှံခြင်း ဖြစ်ပြီဆိုရင် ပြုလုပ်တတ်တဲ့ အမှားအချို့နဲ့ အတူ ရှေးဦးသူနာပြုကုသနည်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်…. -လက်ညှိုးနဲ့လက်မကိုအသုံးပြုပြီး နှာရိုးနုကို ၁၀မိနစ်၊ ၁၅မိနစ်ခန့်ညှစ်ထားပါ။ – နှာခေါင်းသွေးက လည်ချောင်းအနောက်ကတစ်ဆင့် ဗိုက်ထဲမရောက်သွားပဲ နှာခေါင်းထဲစီးလာစေဖို့ ရှေ့ကိုကိုင်းပြီး ပါးစပ်ဟအသက်ရှူပါ။ – နှာခေါင်းရိုးပေါ် အဝတ်တစ်ခုခုခံပြီး ရေခဲအုံပေးပါ။ – လှဲမအိပ်ဘဲ မတ်မတ်နေခြင်းက နှာခေါင်းအတွင်းကသွေးကြောတွေရဲ့ သွေးဖိအားကိုလျော့ကျစေပြီး သွေးတိတ်သွားစေနိုင်ပါတယ်။ – နာရီဝက်ကျော်တဲ့အထိ သွေးမတိတ်သေးလျှင် ဆေးရုံဆေးခန်း အရေးပေါ်သွားရောက်ပြသဖို့လိုအပ်နိုင်ပါတယ်။

ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ

ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ

ဆောင်းတွင်းမှာ ပျိုမေတို့ စိတ်အညစ်ကြီးညစ်ရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်တဲ့ ခြေဖနောင့်ကွဲအက်ခြင်း ပြသနာကို ဘယ်လိုအလွယ်တကူ ကုသရမလဲဆိုတာမျှ‌ဝေပေးထားပါတယ်နော် ….. အထက်ပါနီးလမ်းလေးတွေ အသုံးပြုပြီး ခြေဖနောင့် ကွဲလို့ စိတ်ညစ်ရခြင်းမှ ကင်းဝေးနိုင်ကြပါစေရှင်…..

G6PD ချို့တဲ့ရောဂါ အကြောင်းသိကောင်းစရာများ
|

G6PD ချို့တဲ့ရောဂါ အကြောင်းသိကောင်းစရာများ

G6PD ဆိုတာသွေးထဲမှာ glucose 6 phosphate dehydrogenase(G6PD) လိုတဲ့ ခေါ်တဲ့ ဓာတ်တစ်မျိုးမွေးရာပါ ချို့တဲ့ တဲ့ ရောဂါဖြစ်ပါတယ်။ G6PD အင်းဇိုင်းဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာ လုပ်နိုင်အောင် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးနီဥ ကို ပြင်ပ အန္တရာယ် တွေမှ ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးပါပြီး သွေးနီဥ ရဲ့သက်တမ်းကုန်ဆုံးသည်အထိနေနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ် G6PD ရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ်။ G6PD အင်ဇိုင်းမရှိရ ချို့တဲ့ ရောဂါလက္ခဏာများ အထက်မှာ ပြောခဲ့တဲ့ G6PD ရဲ့ လုပ်ငန်းဆောင်တာအရ G6PD အင်ဇိုင်း မရှိတဲ့ အခါ သွေးနီဥ တွေဟာ သက်တမ်းမကုန်ခင် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တွင်း…

ဆောင်းရာသီ နှင့် ကျန်းမာရေး ပြဿနာများ
| |

ဆောင်းရာသီ နှင့် ကျန်းမာရေး ပြဿနာများ

ဆောင်းရာသီ ကာလရဲ့အအေးဒဏ်ကိုခံစားရသူတွေကတော့ အသက် ၆၅ နှစ်နှင့်အထက်လူများနဲ့ အသက် ၅ နှစ်အောက်ကလေးများပဲဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရချို့တဲ့သူများ၊ ပန်းနာရင်ကျပ်၊ အဆုတ်‌စတဲ့ ရောဂါတွေ ဖြစ်ပြီးနာတာရှည်ဖြစ်နေသူများ၊ အရိုးအဆစ်ပိုင်းဆိုင်ရာမသန်စွမ်းသူများ၊ အာသီး‌‌ယောင်ပြီးလည်ချောင်းနာသူများ၊ ဖျားနာလွယ်သူများ၊ လေးဘက်နာဝေဒနာရှိသူများအ‌နေနဲ့သတိထားသင့်သလို သွေးပေါင်ချိန်တက်လာပြီးနှလုံးကိုပိုမိုဖိအားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စိတ်ကျန်းမာရေးမကောင်းသူ‌များကိုလည်းပိုပြီးဂရုစိုက်သင့်ပါတယ်။ ဆောင်းရာသီမှာ စိတ်ပိုင်းဆိုင်ရာ ထိုင်းမှိုင်းလေးလံခြင်း‌တွေဖြစ်တတ်သလို ထိပ်ခတ်နာရှိသူများ၊ ဓာတ်မတည့်ဝေဒနာရှိသူများအတွက်လည်းပိုပြီးတော့ သတိထားသင့်တဲ့အချိန်ပါ။ ပညာရှင်တွေရဲ့အကြံပြုချက်တွေအရတော့ မိမိတို့အိမ်တွေရဲ့ လေ အရည်အသွေးကိုဂရုစိုက်ဖို့လိုပါတယ်။ ဆောင်းတွင်းကာလမှာ တောင်ပေါ်ဒေသနေသူတွေဆိုရင် အိမ်ထဲမှာအချိန်ပိုပေးတာများနိုင်ပါတယ်။ ဒါကြောင့်အိမ်တွင်းကလေထုကိုသန့်စင်ပြီးဓာတ်မတည့်ခြင်းများကိုကာကွယ်ဖို့လိုပါတယ်။ အိမ်တွင်းကဖုံတွေကိုသန့်စင်ပေးတာ၊ လေထုစစ်ထုတ်ပေးတဲ့ စက်လိုမျိုးတွေကို အသုံးပြုပေးနိုင်ပါတယ်။ ဆောင်းတွင်းကာလဟာ ပိုးမွှားတွေပေါက်ပွားတတ်တာမို့ လက်ကို မကြာခဏဆေးကြောပေးဖို့လိုပါတယ်။သွေးပူလေ့ကျင့်ခန်းလိုမျိုး ပုံမှန်လုပ်ပေးသင့်သလို ချွေးထုတ်တဲ့နည်းလမ်းတွေနဲ့ ချွေးထုတ်ပေးဖို့လိုပါတယ်။ ဗီတာမင်ဖြည့်စွက်ဆေးများကိုကိုယ်ခံအားတိုးမြှင့်စေဖို့သောက်သုံးပေးသင့်ပါတယ်သဘာဝ Herbal Tea လေးတွေသောက်ပေးတာ၊ နေထွက်လာချိန်ကိုနေရောင်ခံပေးတာမျိုးလေးတွေကလည်းစိတ်ကိုကြည်လင်စေပါတယ်။ အာဟာရပြည့်ဝအောင်သီးနှံသားငါးမျှတ‌အောင်စားသုံးပေးတာ၊ ပူပူနွေးနွေးအစားအစာတွေစားသုံးပေးတာက ဆောင်းရာသီအတွက်အာဟာရဓာတ်ကို ပြည့်‌ဝစေပါတယ်။…

တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ အတွက် ကျန်းမာရေးအသိပညာပေး
|

တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ အတွက် ကျန်းမာရေးအသိပညာပေး

👨‍🏫 Internal day of persons with Disabilities လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ ဆိုတာ သင် ကြားဖူးလား… အရင်တုန်းကတော့ မသန်စွမ်းတွေကို မသန်မစွမ်းတွေလို့ခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ မသန်စွမ်းဖြစ်နေပေမယ့်လည်း လုပ်ဆောင်နိုင်စွမ်းတွေဟာ တခြားသာမန်လူတွေလိုမျိုးလုပ်ဆောင်နိုင်လို့ မသန်ပေမယ့်လည်း စွမ်းတယ်ဆိုပြီး မသန်စွမ်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။ ဒီ December 3 ရက်နေ့ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မသန်စွမ်းတွေအတွက် သတ်မှတ်ထားတဲ့ ထူးခြားတဲ့နေ့လေးတစ်နေ့ပါပဲ။ဒီလိုနေ့မျိုးမှာ မသန်စွမ်းတွေအားလုံးအတွက် ရည်ရွယ်ပြီး မသန်စွမ်းသူတစ်ယောက်ကို ဘယ်လိုဆက်ဆံတာမျိုးပြုလုပ်သင့်လဲဆိုတာလေး ပညာပေးအနေနဲ့ပြောပြပေးချင်ပါတယ်။  တခြားသူတွေနဲ့တန်းတူ လေးစားသမှုလေးထားပေးပါ။ လူ့ဘောင်အသိုင်းအဝိုင်းမှာဖြစ်ပျက်နေတာက မသန်စွမ်းတွေကို တခြားသူတွေနဲ့တန်းတူသဘောမထားပဲ နှိမ်ချဆက်ဆံနေတာတွေတွေ့နေရပါသေးတယ်။ ဒါဟာ အင်မတန်ကိုစိတ်ဓာတ်ယုတ်ညံ့တဲ့အပြုအမူမျိုးတွေပါပဲ။  မသန်စွမ်းတဲ့သူတစ်ယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါ ကလေးလေးတစ်ယောက်ကိုပြောဆိုသလိုမျိုး၊ အသံအကျယ်ကြီးကြားအောင်အော်ပြောပေးတာမျိုးတွေမပြုလုပ်သင့်ပါဘူး။ သာမန်လူတွေလိုပဲ ဆက်ဆံပေးသင့်ပါတယ်။ မသန်စွမ်းသူတစ်ယောက်ကို တိုက်ရိုက်စကားပြောသင့်ပါတယ်။ ဘယ်လိုပဲ ဆွံ့အ နားမကြားတာမျိုးဖြစ်နေပါစေ၊ဘာသာပြန်ပေးတဲ့သူရှိနေပါစေ…

ရာသီတုပ်ကွေး နှင့် စပ်ဆေးအယူဝါဒ
| |

ရာသီတုပ်ကွေး နှင့် စပ်ဆေးအယူဝါဒ

မိုးရာသီနှင့်ဆောင်းရာသီကာလဟာ ရာသီတုပ်ကွေး ရောဂါအများအားဖြင့်ခံစားရနိုင်သောကာလများပဲဖြစ်ပါ တယ်။ အခုလိုချိန်မှာတုပ်ကွေးကြောင့်ဖျားနာကိုက်ခဲနှာစေးခြင်းအနည်းနဲ့အများခံစားရကြပါတယ်။  ရောဂါခံစားရပီဆိုတာနဲ့အမြန်ဆုံးသက်သာဖို့ ဈေးပေါပေါနဲ့လွယ်လွယ်ရတဲ့စပ်ဆေးများကိူ အလွယ်တကူသောက်သုံးကြတာထုံးစံလိုဖြစ်နေပါတယ်။ ဆေးရုံဆေးခန်းသွားပြဖို့အဆင်မပြေတဲ့အချိန် ပိုက်ဆံကုန်ကျမှာစိူးလို့စတဲ့အကြောင်းပြချက်တွေနဲ့စပ်ဆေးကိုမှီခိုလာကြပါတယ်။  ဆရာဝန်ခွင့်ပြုချက်နဲ့သာဝယ်ရတဲ့ဆေး(ဥပမာပိုးသတ်ဆေး)လိုမျိုးနဲ့ဆရာဝန်ညွန်ကြားချက်မပါပဲဈေးကွက်ထဲ ကြော်ငြာထားတဲ့ဈေးကွက်ဝင်(ဥပမာBiogesic)လိုဆေးမျိူးတွေရှိကြပါတယ်။ ဆင်တုပ်ကွေးရောဂါခံစားရသူများ က မိမိသဘောနဲ့အကိုက်အခဲပျောက်ဆေးများကိုအလွန်အကျွံသောက်သုံးခြင်းကြောင့် အချိူ့မှာ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးအစာအိမ်သွေးကြောပေါက်ကာအသက်ဆုံးရကြပါတယ်။  ပိုးသတ်ဆေးသောက်မယ်ဆိုရင်အာနိသင်ရအောင်၅ရက်မှ တပတ်ကျော်အထိ ရက်ပြည့်အောင်သောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရက်တည်းနှင့်အမြန်ပျောက်ချင်ဇောဖြင့် ဆေးခန်းမပြတော့ပဲ တီဘီရောဂါမှာသုံးတဲ့ပိုးသတ်ဆေးများကို တခွက်နှစ်ခွက်စာ ဆေးစပ်ရောင်းချသည်ကိုသောက်သုံးကြပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းကြောင့်ရေရှည်မှာရောဂါပိုးဝင်ရင်    ပုံမှန်သောက်ဆေးတွေနဲ့ မတိုးတော့ပဲဆေးယဉ်ပါးကာ ဆေးရုံတက်ကုသရတဲ့ အဆင့်ကိုရောက်ကြပါတယ်။  ရောဂါတစ်ခုဖြစ်လာတဲ့အခါ နာတာရှည်ဖြစ်စေ၊ ခဏတာနေမကောင်းတာမျိုး ဖြစ်စေ ဆေးဝါးတွေကိုမဆင်မခြင်မသုံးစွဲသင့်ပါဘူး။  ဆေးဝါးအကြောင်းတွေဗဟုသုတအနေနဲ့ခဏတာလေ့လာပြီး ခံစားရတဲ့ဝေဒနာတွေကိုမှန်းဆကာဒီရောဂါနဲ့ လက္ခဏာပုံစံတူရင်ဒီဆေးသောက်ရမယ်ဆိုပြီးဆေးညွန်းပေးဆေးစပ်ပေးတာကလည်း လူနာအပေါ်ကူညီရာ မရောက်ပဲဒုက္ခပေးသလိုဖြစ်ပါလိမ့်မယ်။  အဓိကကအနောက်တိုင်းဆေးဖြစ်ဖြစ်တိုင်းရင်းဆေးဖြစ်ဖြစ်ကူသမယ်ဆိုလျင်လည်းအဓိကအခြေခံအချက်မှာ ဆေးကိူအားကိုးတာထက်လူနေမှုပုံစံအစားအသောက်ကိုအဓိကပြောင်းလဲကုသခြင်း ကာကွယ်ခြင်းသာ အဓိကကျပါတယ်။မဆင်မခြင်ဖစ်သလိုနေထိုင်ပီးရောဂါခံစားရမှဆေးလေးစပ်သောက်လိုက်တာကခဏတာသက်သာရုံပဲဖြစ်ပီးရောဂါအကြောင်းရင်းကို လေ့လာဖို့စိတ်မရှိတာကြောင့် ရေရှည်ဆိုးကျိူးတွေ သာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ရောဂါတခုဖြစ်ရင်ဘာဆေးသောက်ရမလည်းကြုံရာလူမေးတဲ့အခါသူ့တုန်းကလည်းဒါလေးသောက်ခဲ့တာဒီဆေးသောက်ကြည့်ဆိုတဲ့ ဆေးပေါင်းစုံနည်းလမ်းပေါင်းစုံတွေကို ရမ်းဆမှန်းဆလုပ်နေသရွေ့မိမိရောဂါအကြောင်းရင်းကိုကုသဖို့အလှမ်းဝေးနေဆဲသာဖြစ်နေမှာပါ။သူတပါးညွန် သောစပ်ဆေးများကိူအတိုင်းအဆပမာဏမသိသလိုရောဂါစစ်ဆေးစမ်းသပ်မူ အဖြေပေါ်မူတြည်ပီး သောက်ရမှာကိုလည်းမသိဘဲကြုံသလိုသောက်မိရင်တော့ရေရှည်မှာ…

ဓမ္မတာ နဲ့ စိတ်ကျန်းမာရေး
| |

ဓမ္မတာ နဲ့ စိတ်ကျန်းမာရေး

မိန်းကလေးတွေအနေနဲ့ တချို့နေ့တွေမှာ အကောင်းမြင်စိတ်တွေနဲ့ပျော်ရွှင်နေသလောက် တချို့နေ့တွေမှာတော့ ဘာကိုမှစိတ်တိုင်းမကျဖြစ်နေတတ်တာဘာကြောင့်ပါလဲ? အဓိကအကြောင်းရင်းကတော့ ဟော်မုန်းကြောင့် ပဲဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ ဓမ္မတာ မလာခင်ရက်သတ္တပတ်ကစလို့ စတင်ကျဆင်းလာပါတယ်။ ဒီကနေရာသီအကြိုဝေဒနာကို ခံစားရပြီး အဓိကအားဖြင့်ဓမ္မတာမပေါ်မီကာလမှာ စိတ်လှုပ်ရှားမှု၊ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေကို ပိုပြီးခံစားရစေပါတယ်။ အမျိုးသမီး (၁၀) ယောက်မှာ (၉) ယောက်က premenstrual syndrome (PMS) လက္ခဏာများတွေ့ရပါတယ်။  PMS ရဲ့ လက္ခဏာများအနေနဲ့ ဓမ္မတာရက်မတိုင်မီ ၅ရက်ခန့်မှ ၇ရက်ခန့်အလိုမှာဖြစ်တတ်ပါတယ်။ အများဆုံးရောဂါလက္ခဏာများကတော့ – စိတ်အပြောင်းအလဲများ၊ ရင်သားနာကျင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း(သို့) အလွန်စားသောက်ခြင်း၊ လိင်စိတ်လျော့ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဓမ္မတာလာပြီးအချိန်အနည်းငယ်အကြာမှာတော့ စိတ်နေသဘောထား၊ မျှော်မှန်းချက်၊ ယုံကြည်စိတ်ချမှုနဲ့အကောင်းမြင်မှုတို့ ကို ပြန်လည်ခံစားရနိုင်ပါတယ်။ သုတေသန တစ်ခုအရတစ်လလုံးပုံမှန်လေ့ကျင့်ခန်းလုပ်သူများကပြင်းထန်တဲ့ PMS လက္ခဏာများ မပြသဘူး…