ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ
| |

ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ

ကလမိုင်းဒီးယား (Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတမျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ လိင်အင်္ဂါနာကျဉ်ခြင်း၊ လိင်အင်္ဂါထိပ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေမခံးစားကြရလို့ပဲဖြစ်ပါတယ်။ ကလမိုင်းဒီယား ရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမျာ အဖြစ်များကြပါတယ်။ ကျား၊မမရွေး၊အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ?  ရောဂါလက္ခဏာများ ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။ သူရဲ့ရောဂါလက္ခဏာတွေကတော့… ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ…

ဆေးလိပ် ၏ ဆိုးကျိုးများ
|

ဆေးလိပ် ၏ ဆိုးကျိုးများ

ဆေးလိပ် ဆိုတာနဲ့ ကျနော်တို့ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို တွေးမိကြမှာပါ။ အရင်ဆုံး ထိခိုက်မှာကတော့ သွားနဲ့ ခံတွင်းပါပဲ။ ခံတွင်းအနံ့ဆိုးထွက်စေမှာပါ၊ အဲ့ဒီအပြင်.. – သွားနှင့်လျှာတွေ ဝါစေတယ် – အနံ့ နဲ့ အရသာ ခံစားနိုင်တာတွေလျော့ကျကုန်တယ် – သွားဖုံးရောဂါ နဲ့ သွားဆုံးရှုံး နိုင်ချေပိုများတယ် – သွားနှုတ်ပြီးတဲ့အချိန်လဲ အနာကျက်ချိန် ပိုကြာစေတယ် – ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ် ဒါတာကြောင့် ဆေးလိပ်ကိုမသောက်တာ မသောက်တာအကောင်းဆုံးပါပဲ။ မိမိရဲ့ သွားနှင့် ခံတွင်း သန့်ရှင်းမှုကိုလဲ ပုံမှန် ပြုလုပ်သင့်ပါတယ်ခင်ဗျာ။ ဒေါက်တာဉာဏ်

အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ 
|

အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ 

ခေတ်လူငယ်၊လူလတ် အမျိုးသားများရဲ့ မြို့ပြလူနေမှုစရိုက် များအနက် အချို့ နေထိုင်မှုပုံစံ များက မိမိကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာတင်ပြသွားမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများနဲ့ယှဉ်ရင် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုအားနည်းတတ်ကြပါတယ်။ ဒါကြောင့်သတိမမူမိတဲ့ ရှောင်ကြဉ်သင့်သော အပြုအမူလေးတွေကို စုစည်းတင်ပြထားလိုက်ပါတယ်။ 1. Alcohol အလွန်အကျွံသောက်ခြင်း အလုပ်ကအပြန် stress စိတ်ဖိစီးမှုများလို့ သောက်မိခြင်း၊ လုပ်ငန်းစကားပြောဆိုမှုကြောင့်သောက်မိခြင်း၊ အလုပ်အောင်မြင်၍ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် သောက်ခြင်း၊ ပိတ်ရက် သူငယ်ချင်းများဆုံ၍သောက်မိခြင်းစသဖြင့် မြို့ပြလူငယ်လူလတ်အများစုက မသိမသာနဲ့ အရက်ဘီယာသောက်သုံးမှုပမာဏများပြားလာပါတယ်။ ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အပြင်ကို ရေတို အနေနဲ့လဲ ခန္ဓာကိုယ်ဝလာခြင်း၊ အသားရေခြောက်သွေ့လာခြင်း၊ ဖောလာခြင်း၊ အိပ်ရေးမဝခြင်း၊ ကိုယ်သင်းနံ့မကောင်းခြင်းများ တဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့်ပမာဏထိန်း သောက်ပြီး မိမိကိုယ်ကို အလွန်အကျွံမဖြစ်စေရန်သတိမူသင့်ပါတယ်။ 2. ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးလေ့မရှိခြင်း အမျိုးသားအများစုက မိမိခံစားနေရသော ရောဂါလက္ခဏာတစုံတခုရှိပါကသက်ဆိုင်ရာဆေးရုံဆေးခန်းသွားပြီး တိုင်ပင်ဆွေးနွေးမှုအပိုင်းမှာ…

ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့
|

ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့

သုတ်ပိုး ကတော့လိင်ပိုင်းဆိုင်ရာ မျိုးပွားမှုအတွက် သဘာဝကသတ်မှတ်ထားတဲ့ မျိုးပွားဆဲလ်ပဲဖြစ်ပါတယ် ။ အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည်တိုင်းမှာ သုတ်ပိုးသန်း ၅၀၀ အထိပါဝင်နိုင်ပါတယ်။ လိင်တံက လှုံ့ဆော်လာတဲ့အခါ မျိုးပွားအင်္ဂါများပတ်ဝန်းကျင်မှ ကြွက်သားများဟာ သုတ်ရည်ကိုပြွန်စနစ်နှင့် urethra မှတဆင့်ဖိအားပေးပြီး ထုတ်ယူလေ့ရှိပါတယ်။ အမျိုးသားအများစုဟာလိင်ဆက်ဆံစဉ် မိနစ်အနည်းငယ်အတွင်းသုတ်လွှတ်ကြပါတယ်။  သုတ်ရည်ကိုအားဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေအနေနဲ့တော့  နေထိုင်မှုပုံစံတွေအနေနဲ့  ကျန်းမာသောသုတ်ရည်ရဲ့အရောင်ဟာ အများအားဖြင့်အဖြူရောင်(သို့မဟုတ်) ခဲနဲ့အဖြူရောစပ်တဲ့အရောင်ဖြစ်ပါတယ်။ အရောင်ကကြည်လင်နေခြင်းမဟုတ်ဘဲ အနှစ်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ သုတ်ရည် အရောင်ပြောင်းသွားခဲ့ရင်တော့ ကျန်းမာရေးအတွက်သတိထားဖို့ လိုပြီး အဝါရောင်နဲ့ အဖြူရောင်ကြည်နေတဲ့သုတ်ရည်ဟာဆိုရင်လည်း ကျန်းမာရေးလက္ခဏာတစ်ခုခု ရှိနေတတ်ပါတယ်။ ‌ သုတ်ရေကောင်းမွန်ဖို့အတွက် ရေဓာတ်များများ ဖြည့်ဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်မလုံလောက်ရင်တော့သုတ်ပိုးထုတ်လုပ်မှုကိုထိခိုက်စေတာကြောင့် ရေသောက်သုံးမှုကိုလုပ်ဆောင်ပေးသင့်ပြီး အရက်သောက်ခြင်း ကိုလျှော့ချပေးသင့်ပါတယ်။ ကိုယ်ဝန်ရှိခြင်းဟာ သုတ်ကောင်ရည် နည်း/ခြင်းများခြင်းနဲ့ မဆိုင်ဘဲ အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ရရှိနိုင်တာမို့ လိင်မဆက်ဆံခင်မှာ ကြိုတင်သိထားသင့်ပါတယ်။ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးဟာ…

ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…
| |

ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…

ယောကျာ်းလေးအုပ်စု သုံးပုံပုံ တစ်ပုံလောက်က လိင်ဆက်ဆံတဲ့အခါ စောစောပြီးပြီးသွားတယ် သုတ်လွှတ်မြန် တယ်ဆိုတဲ့ပြဿနာမျိုးဖြစ်တတ်ကြပါတယ်။ မြန်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်နိုင်လဲဆိုရင် ယောကျာ်းလေးအင်္ဂါက မိန်းကလေးအင်္ဂါထဲထိုးသွင်းပြီးတဲ့အခါ တစ်မိနစ်အတွင်းမှာတင် သုတ်ထွက်သွားတယ်၊ သုတ်လွှတ်တာနှေးအောင်ထိန်းထားလို့မရဘူးဆိုရင်တော့ သင့်မှာ သုတ်လွှတ်မြန်နေတဲ့ပြဿနာရှိနေတယ်လို့ပြောလို့ရပါပြီ။ ဒီ သုတ်လွှတ်မြန် တာဟာ တစ်ဘဝလုံး(lifelong) ဖြစ်တတ်တာရှိသလို အရင်က သုတ်လွှတ်မြန်တာနဲ့ပတ်သက်ပြီး လိင်ဆက်ဆံတာအဆင်မပြေတဲ့အတွေ့အကြုံတွေကြောင့် အခုထိပြဿနာဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ သုတ်လွှတ်မြန် တာတွေကတခြားဘာ့ကြောင့်ဖြစ်နိုင်လဲဆိုရင်…. စိတ်ဓာတ်ကျတာ၊ စိတ်ပူတာ၊ အပြစ်မကင်းသလိုခံစားရတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဖြစ်နိုင်သလို 

အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ
|

အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ

မိမိစီးနင်းနေတဲ့ကားကို တာရှည်အသုံးခံဖို့ ဆီ၊ရေ၊လေ မကြာခဏစစ်ဆေးရသလိုပဲ နေ့စဉ်မိမိတို့ အသုံးပြုနေတဲ့ခန္ဓာကိုယ် အစဉ်ကျန်းမာနေစေဖို့လည်း စစ်ဆေးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိတဲ့အနက် ဥပမာအားဖြင့် မျိုးရိုးကြောင့်မဟုတ်သောဆီးချိုရောဂါ နှင့် အူမကြီး ကင်ဆာတို့ကို ကျန်းမာ​ရေးပုံမှန်စစ်ဆေးနေခြင်းကြောင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများမိမိကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်တဲ့ ရောဂါနဲ့ Test များကို အောက်ဖော်ပြပါအတိုင်း စုစည်းတင်ပြလိုက်ပါတယ်။ ၁) ဆီးကျိတ်ကင်ဆာ (Prostate Cancer) အမျိုးသားများတွင်အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကို ကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့်  မဖြစ်ပွားခင်မှာ ကြိုတင် သိနိုင်ပါတယ်။ အမေရိကန်မှာ အမျိုးသား ၉ယောက်လျှင်တယောက်ဖြစ်ပွားလေ့ရှိတာတွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် အမျိုးသားများတွင်ပိုဖြစ်လေ့ရှိပြီး အသက် ၄၀ အောက်အမျိုးသားများတွင်မူ ဖြစ်ပွားနှုန်းနည်းတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာ ကြိုတင်စစ်ဆေးခြင်းနည်းလမ်းများမှာ စစ်ဆေးသင့်သူများ-ပုံမှန်အသက် ၅၀နှင့်အထက် (သို့) ဆီးကျိတ်ကင်ဆာမျိုးရိုးရှိလျှင်…

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
| |

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?

Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊ စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက…

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 
|

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 

သဘာဝအရ အသက်၅၀ကျော် လာရင် အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာကို မလွဲမသွေကြုံတွေ့ရတဲ့အရာတစ်ခုပါ ။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အမျိုးသား တွေမှာကော သွေးဆုံးမှုဖြစ်တတ်လားဆိုတာပါ။  တစ်ကယ်တော့ အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာဖြစ်တတ်ပါတယ်! အမျိုးသား တွေအတွက်သွေးဆုံးတယ်ဆိုတာ testosterone hormone လျော့နည်းလာတာကို ပြောတာပါ။ တစ်နည်းအားဖြင့် ဆိုရင်တော့ လိင်စိတ်ဆန္ဒလျော့နည်းသွားတာပါ။Testosterone hormone က အမျိုးသားတွေအတွက် လိင်စိတ်တင်မက လူပျိုဖော်ဝင်ချိန် စိတ်အပြောင်းအလဲတွေ ၊စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးတာပါ ။  Testosteroneဟော်မုန်းလျော့နည်းလာတာဖြစ်တဲ့ အတွက်ဒီလိုလက္ခဏာတွေခံစားရပါတယ်!  ဒီလက္ခဏာတွေကလူကိုထိခိုက်လောက်တဲ့အထိခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသပါလို့အကြံပေးပါရစေ။  ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ခြင်း ၊ တရားထိုင်ခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ အိပ်ရေးဝဝအိပ်ခြင်းပြုလုပ်ပေးခြင်းက အချို့သော လက္ခဏာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရဆိုပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူနိုင်ပါတယ်။…

သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ
|

သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ

ဒီနေ့ကတော့  ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။  ပထမဦးဆုံး ဆီးကျိတ်ရောဂါ အကြောင်း  အနည်းငယ်  ပြောပြပါ့မယ်။  ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။  ၄င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့်  ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။  ဆီးကျိတ်ကြီးခြင်း  ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ Benign Prostate Hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ…

🤱 မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?
| |

🤱 မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?

နို့သိပ်မထွက်ဘူးဖြစ်နေတယ်၊ ကလေးက နို့ဝမှဝပါ့မလား လို့စိုးရိမ်နေတဲ့ မေမေတွေအတွက် မှာချင်တာက မေမေတို့အများကြီးမစိုးရိမ်ကြပါနဲ့လို့။ မေမေတို့နို့ထွက်များအောင်လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်။ အခုဖော်ပြပေးသွားမယ့်နည်းလမ်းတွေက အတွေ့အကြုံရှိတဲ့မိခင်များ၊ တိချသေချာသည့်လေ့လာမှုများဖြင့် တွေ့ရှိလာရသည့် နည်းလမ်းများကို ဖော်ပြပေးသွားမှာပါ။ ဆက်ဖတ်ကြည့်ရအောင်…🔍 ၁) နို့ထွက်တာနည်းနေပေမယ့်လည်း ကလေးကိုနို့ဆက်တိုက်နေပါ။ နို့တိုက်ရင် ကလေးစို့နေတာ ရပ်သွားတဲ့အထိတိုက်ပါ။ နို့မထွက်ဘူးဆိုပြီး မရပ်လိုက်ပါနဲ့။ ကလေးက နို့သီးခေါင်းကို စို့လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ နို့ထွက်များအောင် လုပ်ပေးမယ့် ဟော်မုန်းတွေထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းတွေက နို့များများထုတ်ဖို့အတွက်လှုံ့ဆော်ပေးကာ၊ နို့ချောင်းတွေကို ကျယ်စေပြီး၊ နို့ထွက်ကျလာဖို့ နို့အုံရှိကြွက်သားများကိုလည်း ညှစ်ထုတ်ပေးပါတယ်။ အဲ့ဒါကို နို့ထွက်လာသည့်အလိုအလျောက်တုံ့ပြန်မှုလို့ခေါ်ပါတယ်။ တခါတလေ ကလေးငိုသံကြားမိရင်၊ ကလေးအကြောင်းစဉ်းစားမိရင်တောင် အဲ့လိုတုံပြန်မှုကို တွေ့ကြုံရတတ်ပါတယ်။ မိခင်နို့ကို တနေ့ ၈ ကြိမ်မှ ၁၂ ကြိမ်ထိ တိုက်ပေးပါက နို့မှန်မှန်ထွက်စေဖို့ ကူညီပေးပါတယ်။ ကလေးကို…