သားအိမ်ခေါင်းကင်ဆာ အကြောင်းသိကောင်းစရာများ
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါသည်။ (၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတဝှမ်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ပါသည်။ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ(အသက်အရွယ်အားလုံး)တွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏(၂၃.၅)ရာခိုင်နှုန်းဖြစ်ပါသည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည်ပင် အသက် (၁၅) နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများတွင် DNA GeneXpert HPV Assay စစ်ဆေးရာ (၈၆)ရာခိုင်နှုန်းသောလူများတွင် အန္တရာယ်များသောအမျိုးအစားဖြစ်သည့် (၁၆)နှင့် (၁၈) ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပါသည်။ အိတ်ချ်ပီဗီပိုး(Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာ အိတ်ချိပီဗီပိုးသည်…