ဆီးစပ်နာကျဉ်ခြင်း ဟာဘာကြောင့်လဲ?

ဆီးစပ်နာကျဉ်ခြင်း ဟာဘာကြောင့်လဲ?

အမျိုးသမီးများမှာဖြစ်တတ်တဲ့ pelvic pain (ခေါ် ) ဆီးစပ်နာကျဉ်ခြင်း ဟာ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရာသီလာခါနီးနာကြဉ်ခြင်း၊ တစ်ခါတစ်ရံတင်ပါးဆုံတွင်းနာကျင်မှုကနေ ရောဂါပိုးကူးစက်ခြင်းသို့မဟုတ်မျိုးပွားခြင်းစနစ် (သို့မဟုတ်) အခြားကိုယ်တွင်းအင်္ဂါများရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။သားအိမ်ရှိကြွက်သားများကျုံ့ခြင်း (သို့မဟုတ်) တင်းကျပ်ခြင်းဖြစ်တဲ့အခါမကြာခဏတင်ပါးဆုံအတွင်းဧရိယာ၊နောက်ကျော (သို့မဟုတ်) အစာအိမ်အတွက်ကျဉ်းကျုပ်ခြင်း၊ အစာမကျေရောဂါရှိခြင်း (သို့မဟုတ်)လေးလံခြင်းလိုမျိုး ခံစားရတဲ့ အခါနာကျင်မှုဖြစ်ပေါ်ပါတယ်။ နာကျင်မှုပြင်းထန်ပါက သားအိမ်အတွင်းမှာရှိတဲ့ ဆဲလ် တွေနေရာ လွဲတဲ့ရောဂါလိုမျိုး လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ နာတာရှည်တင်ပါးဆုံတွင်းနာကျင်မှုရဲ့ အဖြစ်အများဆုံးအကြောင်းရင်းများ အနေနဲ့တော့ နာတာရှည်တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ ၊ ဆီးအိမ်ယောင်ခြင်း၊ဝမ်းဗိုက်ဘက်တီးရီးယားပိုးကူးစက်ခြင်း၊ မျိုးဥအိမ်အကျိပ်ဖြစ်ခြင်း၊ သားအိမ်ရောဂါဖြစ်ခြင်း၊ ယခင်ကဗိုက်ခွဲဖူးခဲ့တဲ့ဒဏ်ရှိခြင်း၊  လိင်ဆက်ဆံစဉ်နာကျဉ်ခြင်း၊ မျိုးဥအိမ်နဲ့သားအိမ်များမှာ အလုံးအကျိပ်ရှိခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အူယောင်ရောဂါကူးစက်ခံရခြင်း စတဲ့ အကြောင်းရင်းမျိုးစုံကြောင့်ဖြစ်နိုင်ပြီး ပဋိဇီဝဆေးများနှင့်ချက်ချင်းကုသပေးဖို့လိုအပ်ပါတယ်။ အဲ့ဒီလိုနာကျဉ်ခြင်းဟာနာတာရှည်ပြသနာတစ်ခုဖြစ်လာပြီးနေ့စဉ်ဘဝကိုအခက်အခဲဖြစ်စေပြီး အနှောက်အယှက်ပေးနိုင်ပါတယ်။ ဆီးစပ်နာကျဉ်သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါ ဒူးခေါင်းနှစ်လုံးကြားမှာ ခေါင်းအုံးကိုခံပြီးအိပ်သင့်ပါတယ်   အိပ်ရာပေါ်မှာလှိမ့်နေတဲ့အချိန်မှာဒူးကြားမှာခေါင်းအုံးတစ်လုံးထားပြီးဘေးဘက်ကိုလှိမ့်လိုက်တဲ့အခါညင်ညင်သာသာလှည့် ပေးရပါမယ်။ ဆီးစပ်နာကျဉ်ခြင်းကိုသက်သာ‌စေဖို့အိမ်တွင်းကုထုံးများအနေနဲ့…

ကိုယ်ဝန်ဆောင် နှင့်လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင် နှင့်လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင် တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ လိင်ဆက်ဆံတာဟာ ကလေးအတွက် ဘေးကင်းရဲ့လားဆိုတဲ့မေးခွန်းတွေကိုတော်တော်များများမေးကြပါတယ် ကိုယ်ဝန်ဆောင် တစ်ဦးအနေနဲ့ လိင်ဆက်ဆံတဲ့အခါ ကြမ်းတမ်းတဲ့ဆက်ဆံရေးမျိုးကို ရှောင်ရှားပြီး အတတ်နိုင်ဆုံးစိတ်ဖိဆီးမှုကို လျော့ကျပေးနိုင်တဲ့လိင်ဆက်ဆံ‌ရေးမျိုးဖြစ်ဖို့လိုပါတယ် ဒီချိန်မှာသတိပြုသင့်တာကအမျိုးသားပါ အမျိုးသားဖြစ်သူအနေနဲ့ မိမိရဲ့ကိုယ်ဝန်ဆောင် ဇနီးသည်အပေါ်မှာညှာတာသနားစိတ် နဲ့ဆက်ဆံဖို့လိုအပ်ပါတယ် အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်ဆောင်စဉ်အခါမှာကလေးကိုလွယ်ထားရတဲ့စိတ်ဖိဆီးမှုတွေအစားအသောက်ပျက်တာတွေ အိပ်ရေးမဝတာတွေနဲ့ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်နေတဲ့ကာလတစ်ခုဘဲဖြစ်ပါတယ် ရုပ်နဲ့စိတ်ကိုစောင့်ရှောက်နေရတဲ့အတွက် လိင်ဆက်ဆံခြင်းလိုကိစ္စဟာစိတ်ဖိဆီးမှုတစ်ခုဆင့်ပွားတာမျိုး မလုပ်ဘဲ အချင်းချင်းမေတ္တာတရားလေးကိုရှေ့တန်းတင်ပြီး စိတ်ဖြေတာမျိုးကအကောင်းဆုံးပဲဖြစ်ပါတယ် လိင်ဆက်ဆံလိုတဲ့မိခင်တွေအနေနဲ့မိမိနဲ့ခင်ပွန်းဖြစ်သူရဲ့ကျန်းမာရေးသန္ဓေသားလောင်းလေးရဲ့ကျန်းမာရေးကပုံမှန်တိုင်းဖြစ်ဖို့လိုအပ်ပါတယ် ကလေးကိုထိခိုက်နိုင်လားဆိုရင်တော့သားအိမ်ကိုပိတ်ထားတာဖြစ်တဲ့အတွက် မထိခိုက်နိုင်ပါဘူး အမျိုးသားလိင်တံကလည်း သားအိမ်တွင်းကိုမရောက်နိုင်ပါဘူး ဒီလိုကာလမှာအမျိုးသားအနေနဲ့ HIVနဲ့STD တွေရှိမရှိစစ်ထားသင့်ပါတယ်  ဒီရောဂါတွေကကလေးဆီကူးစက်နိုင်ချေရှိတာမို့ အတူနေတဲ့အခါ ကွန်ဒုံးအသုံးပြုပေးသင့်ပါတယ် ကြာဆေး၊ကြီးဆေးလိုမျိုးတွေကိုဒီချိန်မှာအသုံးမပြုသင့်ပါဘူး တခြားသောပုံမှန်မဟုတ်တဲ့လိင်ဆက်ဆံနည်းတွေကိုလည်းသတိပြုရှောင်ကြဉ်သင့်ပါတယ် လိင်ဆက်ဆံစဉ်နဲ့ပြီးစဉ်အချိန်မှာနာတာမျိုးသွေးထွက်တာမျိုးတွေရှိရင်တော့ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ် ကိုယ်ဝန်ပျက်ကျမှုအများဆုံးကတော့ လိင်ဆက်ဆံတာနဲ့မဆိုင်ဘဲသန္ဓေသားဖွံ့ဖြိုးမှု နည်းပါးခြင်းနဲ့ သက်ဆိုင်ပါတယ် ကိုယ်ဝန်နုစဉ်ပထမ၃လအခါမှာတော့သတိထားရှောင်ကြဉ်တာကောင်းမွန်ပြီး  လရင့်လာမှလိင်ဆက်ဆံတာကပိုပြီးစိတ်ချရပါတယ် မွေးခါနီးနှစ်လလောက် အလိုမှာတော့ ပြန်ပြီးတော့ရှောင်ကြဉ်ပေးသင့်ပါတယ် ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကိုမထိခိုက်နိုင်ပါဘူး ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့…

အမျိုးသမီးတို့နေရခက်စေတဲ့ မိန်းမကိုယ်ယားယံ ခြင်းဝေဒနာ

အမျိုးသမီးတို့နေရခက်စေတဲ့ မိန်းမကိုယ်ယားယံ ခြင်းဝေဒနာ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မိန်းမကိုယ်ယားယံတယ်ဆိုတာ ကတော့ တကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်လေ့ရှိကြသလို  အမျိုးသမီးတွေပြောတတ်တာက “ဆရာရယ် နေ့တိုင်းသန့်ရှင်းအောင် နေထိုင်တာပဲ ယားတာမသက်သာဘူး” လို့ဆိုတတ်ကြပါတယ်။  အကြောင်းရင်းပေါ်မူတည်ပီး စအိုနားတဝိုက် သို့မဟုတ် မိန်းမကိုယ်အဝနားနဲ့အတွင်းပိုင်းနေရာတွေမှာယားတာခံစားရတာမျိုးရှိပါတယ်။  အဓိက မှိုရောဂါ နဲ့ ဘက်တီးရီးယားပိုးတွေကူးစက်ခံရတဲ့အခါ ခံစားရပါတယ်။ အဲ့ဒီလိုရောဂါပိုးတွေရှိနေပြီဆိုရင် ယားတဲ့အပြင် အဖြူပါဆင်းတတ်ကြပါတယ် ။  စပ်ဆေး ၊ အယားပြေဆေး သောက်လို့လည်း မသက်သာနိုင်တာကြောင့် ရောဂါအကြောင်းကို ပျောက်ကင်းအောင် ဆရာဝန်နဲ့သေချာစွာ ကုသရပါမယ်။  ယားတိုင်းလည်း အဖြူတော့မဆင်းပါဘူး။ ရောဂါအကြောင်းရင်းခံတွေရှိလို့ယားတာမျိုးလည်းရှိပါတယ်။ ဥပမာ ဆီးချိုရောဂါ ၊ Psoraisis လို့ခေါ်တဲ့ အရေပြားရောဂါမျိူးတွေ၊ဝဲရောဂါ ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာရောဂါ ၊သန်ရောဂါ စတဲ့အကြောင်းရင်းတွေကြောင့် မိန်းမကိုယ်ကိုယားယံမှုကိုနာတာရှည်ပုံစံမျိုး ခံစားရစေနိုင်ပါတယ်။  သန္ဓေတားဆေးပစ္စည်းအသုံးပြုတဲ့အခါဓာတ်မတည့်တာမျိူးဖစ်ရင်လည်းယားတတ်ပါတယ်။  စိတ်ဓာတ်ကျတာ စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အခြေအနေမှာဆိုရင် တကိုယ်ရေသန့်ရှင်းမှုကိူဂရုမစိုက်တော့ပဲဖြစ်သလိုနေရင်လည်း ရောဂါပိုးမွားတွေ ကူးစက်လွယ်တဲ့အတွက်ခံစားရပါတယ်။  အာဟာရလုံလောကိစွာမစားရင်လည်း…

မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?
|

မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?

မိန်းမကိုယ်မှ အရည်ဆင်းခြင်းဖြစ်စဉ်ဟာ အမျိုးသမီးများကြုံတွေ့ရတဲ့ သဘဝဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီဆင်းလာတဲ့အရည်တွေက သန့်ရှင်းစိုစွတ်ပြီး၊ မိန်းမကိုယ်ကို ရောဂါပိုးမဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။ သင့်မိန်းမကိုယ်မှ ဆင်းနေတဲ့အရည်ဟာ ပုံမှန်ပဲလား စစ်ဆေးကြည့်ပါ။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆင်းလာတဲ့အရည်တွေဟာ  အရည်ဆင်းတဲ့အနည်းအများပမာဏဟာ တယောက်နဲ့တယောက်မတူညီကြပါဘူး။ ကိုယ်ဝန်ဆောင်မိခင် တွေဟာ အရည်တွေများများဆင်းနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေလျှင်၊ လိင်အပျော်အပါးလိုက်စား လျှင် လည်း အရည်တွေများများဆင်းနိုင်ပါတယ်။ ရာသီပေါ်ပြီးနောက်၊နောက်ရာသီစက်ဝန်းမပေါ်ခင် စပ်ကြားကာလတွေမှာ မိန်းမကိုယ်ဟာ ချွဲပြီးစိုနေလေ့ရှိပါတယ်။ ဘယ်အချိန်မှာ ရောဂါလက္ခဏာပြနေပြီလို့ဆိုနိုင်မလဲ? သင့်မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေဟာ အရောင်၊အနံ့၊ပုံသဏ္ဍာန် တို့ပြောင်းနေပြီဆိုလျှင် ဒါဟာ ရောဂါလက္ခဏာရှိနေပြီလို့ဆိုနေတာပါ။ ဆင်းတဲ့အရည်ဟာ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ? စသည့်အနေအခြေတွေမှာ ဆရာဝန်နှင့် ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းကို သင်မတားဆီးနိုင်ပါဘူး။ တကယ်လို့မိန်းမကိုယ်က အရည်အများကြီးဆင်းနေလျှင်၊အနံ့နံနေလျှင် panty liners…

မိန်းမကိုယ် ယားယံ တာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ…
|

မိန်းမကိုယ် ယားယံ တာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ…

‍♀️ မိန်းမကိုယ် ယားယံတာဟာ မိန်းကလေးတွေအတွက်တော့ အတော့်ကိုနေရခက်ပြီး သက်တောင့်သက်သာမဖြစ်စေတဲ့အရာတစ်ခုပါ။ ဒီလိုယားယံမှုတွေဟာ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်…. 1) ဓာတ်မတည့်တာကြောင့်တခါတလေကျ မိန်းမကိုယ် ယားယံတာဟာဆပ်ပြာတွေ၊ မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့ဟာတွေ၊ အနံ့ပါတဲ့ toilet paper တွေ၊ cream တွေနဲ့ဓာတ်မတည့်လို့ allergic ဖြစ်ပြီးယားယံတာမျိုးဖြစ်တတ်ပါတယ်။ 2)ဆီးချိုဖြစ်နေတာကြောင့်မိန်းမကိုယ်ယားယံတယ်ဆိုရင် ဆီးချိုရောဂါကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။ သွေးတွင်းအချိုဓာတ်တွေတက်ပြီး ဆီးချိုရောဂါရှိလာတဲ့အခါ မိန်းမကိုယ်ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ တခြားလက္ခဏာတွေကိုတော့ ကြည့်ဖို့လိုပါလိမ့်မယ်။ 3)မှိုပိုးဝင်တာကြောင့်၊ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဒီမိန်းမကိုယ်ကို တစေးပိုး(မှိုပိုး)ဝင်တာဟာ မိန်းကလေးတော်တော်များများကြားမှာ အဖြစ်များတတ်ကြပါတယ်။ အများအားဖြင့် ပိုးသတ်ဆေးတွေသောက်သုံးပြီးတဲ့အခါ ကောင်းတဲ့ ဘက်တီးရီးယားတွေသေပြီး ဒီမှိုပိုးတွေဟာ ဝင်ရောက်လာတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ယားယံတာကလည်း ထိုနည်း၎င်းပါပဲ။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာမှာတော့ ​ငါးညှီနံ့လို အနံ့ဆိုးဆိုးအဖြူရည်တွေဆင်းတတ်ပါသေးတယ်။ 4)လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ဆီးပူညောင်းကျရောဂါ၊ လိင်မှာဖြစ်တဲ့ ကြွက်နို့၊ရေယုန် စတဲ့ရောဂါတွေမှာလည်း မိန်းမကိုယ်ယားယံတာဖြစ်နိုင်ပါတယ်။ 5)စိတ်ဖိစီးမှုနဲ့ သွေးဆုံးတာကြောင့် စိတ်ဖိစီးတဲ့အခါ ကိုယ်ခံအားကျပြီး…

မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ? 
|

မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ? 

ကိုယ်ဝန်ဆောင်ချိန်ကာလ (gestation period) ကို အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပိုင်းခြားလို့ရပါတယ်။ ကိုယ်ဝန်အပ်ဖို့ (ဗိုက်အပ်) ဖို့ကို တော့ နိုင်ငံတကာမှာ ကိုယ်ဝန် (၈) ပတ်ကနေစပြီး ဆရာဝန်ဆီသွားသင့်တယ် လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် အနည်းဆုံးတော့ first trimester လို့ခေါ်တဲ့ ကိုယ်ဝန်ပထမပိုင်း အတွင်း (၁၃ ပတ်အတွင်း) မှာ သွားသင့်ပါတယ်။ သင်ဆရာဝန်ကို ပထမဆုံးသွားပြမယ်ဆိုရင်တော့ သင့်မှာလုပ် ဆောင်စရာလေးတွေ များပါလိမ့်မယ်။  ဆရာဝန်က သင့်ကိုဦးစွာ မေးခွန်းတွေမေးပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆုံးရာသီလာခဲ့တဲ့ အခေါက်ရဲ့ ပထမရက် (first day of last menstrual period) ကိုမေးပြီး သင့်ကို due date တွက်ပေးပါလိမ့်မယ်။…

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး
|

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေး က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? သွေးလွန်တုပ်ကွေး ရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။ Seek…

မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုကြောင့် အသားအရည် တွေမပျက်စီးအောင် ဂရုစိုက်ရမဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့် အသားအရည် မှာ အဆီ၊ ချွေး၊ အညစ်အကြေး၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ထဲပိုပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆေးကြောသန့်စင်ရမဲ့အပြင် တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပေးသင့်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့်ပဲ မိတ်ကပ်ခပ်ထူထူလိမ်းတဲ့အခါ အဆီပြန်လွယ်တာ၊ အဆီတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Foundation ထူထူအစား BB cream ၊ CC cream လောက်လိမ်းပြီး ပေါ့ပါးတဲ့မိတ်ကပ်နဲ့နေပါ။ အရေပြားရဲ့ ခုခံအားကိုမြင့်တက်စေပြီး အသားအရည်ပြဿနာတွေလွယ်လွယ်မဖြစ်အောင် ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံတွေစားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ Skincare တွေလည်းသုံးပေးနိုင်ပါတယ်။ မိုးအုံ့နေပေမဲ့ UV rays တွေကအသားအရည်ကို ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲပုံမှန်လူးပေးသင့်ပါတယ်။ မိုးရာသီမှာ အသားအရည်က အစိုဓာတ်ရှိနေတတ်ပေမဲ့ အစိုဓာတ်ထိန်းခရင်မ်ထပ်လိမ်းစရာ လိုနေပါသေးတယ်။…

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးအေးအေးနဲ့ အိပ်ရာထဲကွေးလို့ကောင်းတုန်းလား? ကွေးပါများပြီး ခန္ဓာကိုယ်တစ်ခုလုံးညောင်းချိနေနိုင်တာကြောင့် အကြောလျှော့ လေ့ကျင့်ခန်း လောက်တော့ လုပ်ပေးသင့်ပါတယ်။ မိုးတွင်းမှာ လုပ်ပေးသင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးရင်း ကောင်းကျိုးအချို့ကိုလည်း ပြောပြပေးချင်ပါတယ်။ အချိန်တိုင်း မိုးရွာနေတာနဲ့ပဲ အပြင်ထွက်ပြီးလေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့အခါ အများစုခံစားရတာက ခေါင်းမကြည်တာပါပဲ။ အကြောလျှော့ နေချိန်မှာ အသက်ရှူသွင်းရှူထုတ်မှန်မှန်လုပ်ရင်း ဦးနှောက်ဆီအောက်စီဂျင်ရောက်ရှိတာကြောင့် ခေါင်းကြည်လင်စေပါတယ်။ လှုပ်ရှားမှုနည်းတာနဲ့အတူ အဆစ်အမြစ်တွေက အကွေးအဆန့်လုပ်တဲ့အခါ မသွက်လက်တော့ပဲ လေးလံနာကျင်နေတတ်ပါတယ်။ အကြောလျှော့ ပေးလိုက်မယ်ဆို အရိုးအဆစ်တွေက လှုပ်ရှားရပိုသွက်သွားပြီး ပေါ့ပေါ့ပါးပါးရှိသွားမှာပါ။ အိပ်ရာထဲ‌ကွေးပြီး ပြန်ထလိုက်တဲ့အခါ ကြွက်သားတွေ ညောင်းသလို၊ နာသလိုဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့စိတ်မပူပါနဲ့။ မနက်တိုင်း ဒါမှမဟုတ် ညနေတိုင်းအကြောလျှော့မယ်ဆို ကြွက်သားတွေပြေလျော့ပြီး စိတ်လည်း လေးလံမနေတော့ပဲ relax ဖြစ်သွားပါလိမ့်မယ်။ အကြောလျှော့ ရင်းနဲ့ တစ်ခါတည်း ကိုယ်ခံအားမြင့်တင်ပြီးသားဖြစ်အောင် လုပ်သင့်တာကတော့…

သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်ကို ပြုစုတဲ့အခါ…

သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်ကို ပြုစုတဲ့အခါ…

သွေးလွန်တုပ်ကွေး ရောဂါဟာ ဖြစ်ပွားပြီး (၃) ရက်ကနေ (၇) ရက်အတွင်းမှာ ရုတ်တရက်ပြင်းထန်လာတာမျိုးဖြစ်နိုင်တာကြောင့် တုပ်ကွေးဖြစ်နေတဲ့ ကလေးငယ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသင့်ပါတယ်။ ❗ အဖျားတက်နေချိန်မှာ ✅ ကိုယ့်စိတ်ကြိုက် ပိုးသတ်ဆေးတွေ မတိုက်သင့်ဘဲ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ အချိန်မှန်တိုက်ပေးပါ။✅ လူနာကို ရေဝတ်အေးအေးလေးကပ်ပေးနိုင်ပါတယ်။✅ အညိုရောင်အစားအစာများကို မကျွေးပါနဲ့။✅သွေးလွန်တုပ်ကွေးကြောင့် ရေဓာတ်အလွန်အမင်းဆုံးရှုံးနိုင်တဲ့အတွက် ရေနဲ့ဓာတ်ဆားကို များများတိုက်ပေးပါ။ စွပ်ပြုတ်ပူပူနဲ့ ဆန်းကစ်ဖျော်ရည်လို သဘာဝအသီးဖျော်ရည်တွေလည်း တိုက်နိုင်ပါတယ်။  သွေးလွန်တုပ်ကွေး ခြင်ကနေ ရောဂါထပ်မကူးစက်နိုင်အောင် ✅ လူနာကို ခြင်ထောင်အောက်မှာပဲ အမြဲနေပါစေ။✅ ခြင်လုံသံဇကာကပ်ထားခြင်း၊ ခြင်မလာအောင် တံခါးပိတ်ထားခြင်းများ လုပ်ပါ။ ✅ ပတ်ဝန်းကျင်က ခြင်အောင်းနိုင်တဲ့နေရာများကို  အောက်ပါလက္ခဏာများပေါ်လာရင် ဆေးရုံဆေးခန်းကိုအမြန်ဆုံးခေါ်သွားပေးပါ။ ❎ ဆီးအသွားအလွန်နည်းခြင်း❎ လသားကလေးတွေမှာ ငိုနေပေမဲ့မျက်ရည်မထွက်တော့ခြင်း❎ ပါးစပ်၊ နှုတ်ခမ်း၊ လျှာတွေခြောက်သွေ့နေခြင်း❎ မျက်တွင်းများချောင်ပြီးကျနေခြင်း❎ ပျော့ခွေနေခြင်း❎ နှလုံးခုန်သံများအဆက်မပြတ်မြန်လာခြင်း❎ ခြေဖျားလက်ဖျားတွေ အရမ်းအေးနေခြင်း❎ လသားကလေးများမှာ…