မိုးရာသီမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် အချက်(၁၀) ချက် 😶‍🌫️

မိုးရာသီမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် အချက်(၁၀) ချက် 😶‍🌫️

မိုးရာသီဆိုတာ အေးမြတဲ့မိုးရေစက်လေးတွေကြောင့် အိပ်ရာထဲကွေးလို့ကောင်းသလို မတော်တဆဘေးအန္တရာယ်နဲ့ ကျန်းမာရေးထိခိုက်မှုတွေများတတ်တဲ့ကာလလည်း ဖြစ်ပါတယ်။ မိုးရာသီကို ဘေးကင်းလုံခြုံကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ သင်ကိုယ်တိုင် ဂရုစိုက်ရမယ့် အချက် (၁၀) ချက်ကို ပြောပြပေးချင်ပါတယ်။😎 (၁) မိုးရေထဲ ခဏခဏလမ်းမလျှောက်ပါနဲ့။မိုးရေတွေအိုင်နေတဲ့လမ်းပေါ်လျှောက်ရတာဟာ ပျော်စရာကောင်းတယ်ထင်ရပေမဲ့ ဘက်တီးရီးယားတွေ၊ ကူးစက်ရောဂါပိုးတွေ အပြည့်ရှိနေတတ်လို့ ခဏခဏလမ်းပေါ်မထွက်သင့်ပါဘူး။ ရွှံ့ဗွက်အိုင်တွေထဲ ဖြတ်သန်းလာပြီးရင် သေချာပြန်ဆေးကြောသန့်စင်ပြီး နွေးနွေးထွေးထွေးနေသင့်ပါတယ်။ (၂) မိုးကာ (သို့) ထီးအမြဲဆောင်ထားပါ။မိုးက ဘယ်အချိန်ရုတ်တရက်ရွာချမလဲမသိနိုင်တာကြောင့် မိုးမမိအောင် မိုးကာနဲ့ထီးတွေဆောင်ထားသင့်ပါတယ်။ ဒါက သင့်ကိုမိုးမစိုစေပဲ အအေးမိ၊ နှာစေး၊ဖျားနာခြင်းတွေကနေကာကွယ်ပေးနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ (၃) လျှပ်စစ်မီးကြိုးတွေကို လုံးဝသွားမထိပါနဲ့။လမ်းပေါ်မှာ ပြုတ်ကျနေတဲ့မီးကြိုးတွေကို သွားမထိသင့်ပါဘူး။ ပြုတ်ကျနေတဲ့နေရာနားက ရေတွေကိုလည်း မထိသင့်ဘဲရှောင်သွားသင့်ပါတယ်။ ကားပါကင်ထိုးရာမှာလည်း မီးကြိုးတွေမရှိတဲ့‌အောက် လွတ်ကင်းတဲ့နေရာမှာ ထိုးသင့်ပါတယ်။ (၄) ပိုးကောင်တွေနဲ့ ဝေးဝေးနေပါ။အင်းဆက်ပိုးကောင်လေးတွေ ပေါများတဲ့ ချုံပုတ်၊…

ပန်ကာလေ ခံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ပန်ကာလေ ခံခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ရာသီဥတုပူလို့ အိပ်မရတာနဲ့ တစ်ညလုံးပန်ကာဖွင့်၊ ပန်ကာလေ တဖြူးဖြူးနဲ့ အိပ်ကြတဲ့သူတွေရှိကြမှာပါ။ လေတအေးအေးနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေပေမဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိနေတာကို သတိပြုစေချင်ပါတယ်။ ပန်ကာလေ အကြာကြီးခံလိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင် ❗️ (၁) ချွဲပိတ်စေခြင်းပန်ကာလေက ပါးစပ်၊ နှာချောင်းနဲ့ လည်ချောင်းတွေကို ခြောက်သွေ့စေပြီး ချွဲတွေများများထွက်စေပါတယ်။ နှာစေးတာ၊ လည်ချောင်းနာကျင်ရောင်ရမ်းတာ၊ ချွဲကျပ်တာတွေခံစားရနိုင်ပါတယ်။ (၂) ဓာတ်မတည့်ခြင်းပန်ကာထဲမှာ ဖုန်နဲ့အညစ်အကြေးတွေ ကပ်တွယ်နေတတ်ပါတယ်။ ပန်ကာလှည့်တဲ့အခါ လေနဲ့အတူ ဒီဖုန်မှုန့်တွေက လွင့်သွားတဲ့အတွက် ဓာတ်မတည့်မှုတွေဖြစ်ပြီး အသက်ရှူကျပ်တာ၊ နှာခေါင်းယားယံတာ၊ နှာချေတာ၊ မျက်ရည်ပူကျတာတွေ ဖြစ်တတ်ပါတယ်။ (၃) မျက်လုံးနဲ့အသားအရည်ခြောက်သွေ့ခြင်းမျက်လုံးခြောက်သွေ့ပြီး နီရဲတာ၊ မျက်ရည်ကျတာ၊ ရောင်ရမ်းတာတွေဖြစ်တတ်တဲ့အပြင် အသားအရည်လည်းခြောက်သွေ့စေပါတယ်။ (၄) ကြွက်သားနာကျင်ခြင်းပန်ကာလေကြာကြာခံရင် ကြွက်သားတွေတင်းပြီး ကြွက်တက်တာမျိုး ဖြစ်စေပါသေးတယ်။ တစ်ညလုံး ပန်ကာလေခံပြီး မိုးလင်းတဲ့အခါ…

ကိုယ်အလေးချိန် နဲ့ အစားရှောင်ခြင်း

ကိုယ်အလေးချိန် နဲ့ အစားရှောင်ခြင်း

ကိုယ်အလေးချိန် မြန်မြန်ကျချင်လို့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေ(ဥပမာ- ထမင်း၊ ဂျုံ၊ အာလူး) ကို လုံးဝမစားဘဲ ဖြတ်တောက်လိုက်သင့်တယ်ဆိုတာ လွဲမှားနေပါတယ်။ ကာဗိုဟိုက်ဒရိတ်သာမစားရင် ခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းအင် မရရှိနိုင်တဲ့အတွက် နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို ထိခိုက်နိုင်သလို ရေရှည်မှာဦးနှောက်ရဲ့လုပ်ငန်းဆောင်တာကို ကျဆင်းစေပါတယ်။ လုံးဝဖြတ်တောက်လိုက်ရမှာမဟုတ်ဘဲ လိုအပ်တဲ့ပမာဏကို ကျော်လွန်အောင်မစားရင်ရပါပြီ။