အမျိုးသားတွေ အသက်ရလာတဲ့အခါ ရင်ဆိုင်ရမယ့်ပြဿနာ
“ယောကျာ်းမှာဆီး မိန်းမမှာမီး” ဆိုရိူးရှိတဲ့အတိုင်းပုရိသယောကျာ်းအားလုံး အသက်၅၀၀န်းကျင် ရောက်တာနဲ့ ကြုံလာနိုင်မယ့် ပြသနာ ကတော့၏ဆီးကျိတ်ရောင်ရောဂါဖြစ်ပါတယ်။
Prostate gland ဆီးကျိတ်လေးဟာ ဆီးအိမ်ကအထွက်၊ နားဆီးသွားမယ့်ပြွန်လမ်းကြောင်းမှာတည်ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရွယ်အစားအလေးချိနိကပိုပိုကြီးလာပါတယ်။ အများအားဖြင့်အသက် ၅၀/ ၆၀ ဝန်းကျင်မှာ သိသိသာသာဆီးကျိတ်ရောင်ရောဂါကိုခံစားရပါသည်။
အကြောင်းရင်းတွေကိုလေ့လာနေဆဲဖစ်ပီး ယောကျာ်းဟော်မုန်း testosteroneလျော့နည်းလာတာကလည်းအကြောင်းရင်းတခုဖစ်ပါတယ်။
ဆီးကျိတ်ယောင်လာလျင် ဆီးသွားလျင်မဝသလိုခံစားရခြင်း၊ တစက်ဆီကျခြင်း ၊ဆီးသွားလျင်နာမယ် ဆီးလုံးသေးပီး အချိန်အတော်ကြာအောင်ဆီးသွားဖို့အချိန်ယူရပါမယ်။ ဆီးလမ်းကြောင်းပိတ်ဆို့နိုင်ခြင်းကြောင့် တခါတည်းဆီးကောင်းကောင်းမသွားနိုင်ပဲဆီးကျန်နေသောကြောင့်ခဏခဏဆီးသွားနေရပါမည်။
နောက်ဆက်တွဲအနေဖြင့်ဆီးလမ်းကြောင်းကိူထိခိုက်ပီးသွေးပါတာတို့ ကျောက်ကပ် ပျက်ဆီးတာတို့ဖစ်လာပါမယ်။ အဓိကအနေနဲ့ကတော့အမျိုးသားတွေအနေနဲ့ အသက်၅၀ကျော် လာတာနဲ့ အမျှနှစ်စဉ် အမြဲဂရုတစိုက်ဆီးလမ်းကြောင်းရောဂါရှိမရှိစစ်ဆေးသင့်ပါတယ်။
ဆီးကျိတ်ရောင်တဲ့အဆင့်ပေါ်မူတည်ပီး သောက်ဆေးနဲ့ထိန်းသောက်ရသလို ခွဲစိတ်ကုသရတာတွေရှိပါတယ်။ ကာကွယ်ဖို့ကတော့ယေဘူယျအားဖြင့်အာဟာရှိသန့်ရှင်းတဲ့အစားအစာတွေကိုစားမယ်အသင့်စားအစားအစာတွေဆီကြော်တွေကိုတတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။
အိပ်ခါနီးရေအများကြီးသောက်ခြင်း ဆီးကိူအကြာကြီးအောင့်ထားတဲ့အကျင့်ရှိခြင်းကလည်းဆီးအိမ်အတွင်းအပူအအေးမမျှတမှူဖစ်ပေါ်ကိူစေပါတယ်။ အမျိုးသားတိုင်းတချိန်ချိန်မှကြုံလာရမယ့်ပြသနာဖစ်လို့ တတ်နိုင်သမျှဂရူစိုက်နေထိုင်ဖို့သာ အကြံပေးလိုပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)
#BPH #men_health
#We_R_z_waka