အယ်လ်ဇိုင်းမားရောဂါ
| | |

အယ်လ်ဇိုင်းမားရောဂါ

ကမ္ဘာတစ်ဝန်းက သက်ကြီးရွယ်အိုတွေမှာ အဖြစ်အများဆုံး မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါက အယ်လ်ဇိုင်းမားရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၅ နှစ်နဲ့အထက် လူကြီးတွေမှာ အဖြစ်များပြီး ကမ္ဘာတစ်ဝန်းက မှတ်ဉာဏ်ချို့ယွင်းသူဦးရေရဲ့ ၆၀-၇၀% ဟာ အယ်လ်ဇိုင်းမားကြောင့် ဖြစ်ပါတယ်။ (source- mayo clinic)  အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ဆိုတာဘာလဲ။  အယ်လ်ဇိုင်းမားရောဂါဆိုတာ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးစေတဲ့ ဦးနှောက်ရောဂါတစ်မျိုးပါ။ အသက်ကြီးလာတဲ့သူတွေမှာ အတွေ့ရများတဲ့ ဒီရောဂါကြောင့် လူနေမှုဘဝကို များစွာထိခိုက်စေနိုင်ကာ ရောဂါအစပျိုးချိန်မှာ သတိမထားမိတတ်ကြပဲအချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကို ပကတိပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်နဲ့ ရောဂါတိုးတက်နှုန်းကို နှေးကွေးအောင် ကုသလို့ရပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကအကြောင်းရင်းကို အတိအကျ…

ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား
| | |

ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား

ဝမ်းပိတ်ဆေးဆိုတာ ဝမ်းလျှောတာကို သက်သာစေဖို့ သောက်သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းပိတ်ဆေးဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးတွေနဲ့ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းကို နှောင့်နှေးစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးအသုံးပြုဖို့ မသင့်တော်ပါဘူး။  ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ အကြောင်းရင်းများ ဝမ်းပိတ်ဆေးကို သုံးသင့်တဲ့ အခြေအနေများ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အိမ်မှာ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကြမလဲ။  ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်လဲ ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ အများစုကတော့ ရေဓာတ်များများဖြည့်ပြီး အနားယူလိုက်ရင် သူ့အလိုလို သက်သာသွား‌လေ့ရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ခံစားလာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေ။ 

အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း
| | |

အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း

အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုက သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပြီး မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။  နောက်ဆုံးရာသီလာပြီးနောက် ၁၂ လအထိ ရာသီမလာတော့မှ သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ခံစားရလေ့ရှိပြီး ဒီလက္ခဏာတွေကိုစုပေါင်းကာ သွေးဆုံးကိုင်ခြင်း လို့ခေါ်ကြပါတယ်။  သွေးဆုံးကိုင်ချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေက ဘာတွေလဲ။ သွေးဆုံးကိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး နေထိုင်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အခက်အခဲတွေ…

မိန်းမကိုယ်ပိုးဝင်ခြင်း 
| | |

မိန်းမကိုယ်ပိုးဝင်ခြင်း 

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ အရည်ဆင်းတာ စတာတွေကြုံရပြီဆို ဒါတွေဟာ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။  မိန်းမကိုယ်ပိုးဝင်ခြင်းဆိုတာ မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဒါမှမဟုတ် ကပ်ပါးပိုးတွေ ဝင်ရောက်ပြီး ရောဂါပိုးကူးစက်ခံရတာကို ဆိုလိုပါတယ်။  မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ မိန်းမကိုယ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပုံမှန်အချိုးအစား မညီမျှတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ်မှာရှိတဲ့ Candida လို့ခေါ်တဲ့ မှိုပိုးတွေ ပုံမှန်ထက် ပိုပြီးပွားလာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆီးချိုရောဂါရှိသူတွေ၊ ပဋိဇီဝဆေးတွေ သောက်နေသူတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ၊ ချွေးထွက်များတာတွေကလည်း မှိုပိုးပွားမှုကို အားပေးပါတယ်။ ဂနိုရောဂါ၊ ဆီးပူညောင်းကျရောဂါ၊…

အလှအပခွဲစိတ်မှု နောက်ကွယ်က သိထားရမယ့်အန္တရာယ်များ
| |

အလှအပခွဲစိတ်မှု နောက်ကွယ်က သိထားရမယ့်အန္တရာယ်များ

အလှအပ ခွဲစိတ်မှုတွေဟာ လူအများရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲပေးနိုင်ပေမဲ့ အလုံးစုံ အန္တရာယ်ကင်းတဲ့ လုပ်ဆောင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် အလှအပ ခွဲစိတ်မှု မလုပ်ခင်မှာ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေကို သေချာသိထားဖို့ အရေးကြီးပါတယ်။ ခွဲစိတ်မှုနဲ့ ဆက်နွယ်တဲ့ အန္တရာယ်များ: ခွဲစိတ်မှုလုပ်စဉ်မှာ သွေးထွက်တာ ဒါမှမဟုတ် ခွဲစိတ်ပြီးတဲ့နောက် သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာ သွေးထွက်တာ များရင် သွေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုလုပ်တဲ့နေရာမှာ ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ပိုးဝင်ရင် အနာရောင်ရမ်းတာ၊ နာကျင်တာ၊ အဖျားတက်တာတွေ ဖြစ်နိုင်ပြီး ပိုးသတ်ဆေးတွေ သုံးစွဲဖို့ လိုအပ်နိုင်ပါတယ်။  မေ့ဆေးနဲ့ မတည့်တဲ့သူတွေမှာ အသက်ရှူရခက်တာ၊ နှလုံးခုန်မမှန်တာ၊ ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ သွေးခဲတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးခဲတွေဟာ အဆုတ် ဒါမှမဟုတ်…

အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV
| |

အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV

အမျိုးသားချင်း လိင်ဆက်ဆံခြင်းက HIV အပါအဝင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများဖြစ်နိုင်ခြေကို ပိုများစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကာကွယ်မှုနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။  HIV ဆိုတာဘာလဲ  “Human Immunodeficiency Virus ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး” လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ HIV ပိုးဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်ကို ဖြည်းဖြည်းချင်း အားနည်းသွားစေပြီး ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ဘယ်လိုကူးနိုင်လဲ  အဓိကအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရနိုင်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။  လိင်ဆက်ဆံပြီးနောက် ဘယ်လို လက္ခဏာ‌တွေပေါ်လာရင် HIV စစ်ဆေးမှု ခံယူသင့်လဲ  အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ကူးစက်မခံရအောင် ဘယ်လိုလုပ်ရမလဲ …

အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ စိတ်ဖိစီးမှု : အလုပ်ဖိစီးမှု၊ ငွေကြေးဖိစီးမှု၊ မိသားစုပြဿနာ စတဲ့ စိတ်ဖိစီးမှုတွေဟာ လိင်စိတ်ကို လျော့နည်းစေပြီး စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု : လိင်ဆက်ဆံတဲ့အခါ စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက စိတ်ကို မငြိမ်မသက်ဖြစ်စေပြီး လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ကျရောဂါ: စိတ်ကျရောဂါ ခံစားနေရသူတွေမှာ စိတ်ဝင်စားမှု လျော့နည်းတာ၊ ပျော်ရွှင်မှု မရှိတာတွေကြောင့် လိင်စိတ်ပါ လျော့နည်းတတ်ပါတယ်။ စိတ်ဒဏ်ရာ : အရင်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာမျိုး ဒါမှမဟုတ် မကောင်းတဲ့ အတွေ့အကြုံတွေ ရှိခဲ့ရင် လိင်ဆက်ဆံရမှာ ကြောက်ရွံ့တာ၊ စိတ်အလိုမကျတာတွေ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: အသက်အရွယ် : အသက်ကြီးလာတာနဲ့အမျှ အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်မှု လျော့နည်းလာပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ နာတာရှည်ရောဂါများ : ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နာတာရှည်ရောဂါတွေဟာ သွေးကြောတွေကို ပျက်စီးစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ ဟော်မုန်းမညီမျှခြင်း : အမျိုးသားဟော်မုန်း (Testosterone) နည်းပါးတာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတာ စတာတွေက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဆေးဝါးများ : စိတ်ကျဆေး၊ သွေးတိုးကျဆေး၊ အကိုက်အခဲပျောက်ဆေး အချို့နဲ့ တခြားဆေးဝါးတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်ခြင်း : ကိုယ်အလေးချိန်များတာက ဟော်မုန်းတွေကို ပြောင်းလဲစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးများ : အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ : ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကြီးတာ စတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာများ : အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အခြားအာရုံကြောဆိုင်ရာ ရောဂါတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ လူနေမှုပုံစံ လေ့ကျင့်ခန်း မလုပ်ခြင်း : လေ့ကျင့်ခန်း မလုပ်တာက ကိုယ်အလေးချိန်တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အိပ်ရေးမဝခြင်း : အိပ်ရေးမဝတာက ဟော်မုန်းကို မညီမျှစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ တစ်ပတ်မှာ အနည်းဆုံး ၅ ရက်၊ တစ်ရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို များများစားပြီး အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ နေ့တိုင်း အိပ်ချိန် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူပါ။ ဆေးလိပ်နဲ့ အရက်ကို လျှော့ပါ သို့မဟုတ် ဖြတ်ပါ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် ယောဂကျင့်တာ၊ တရားထိုင်တာ၊ စိတ်အပန်းဖြေတာတွေကို လုပ်ပေးပါ။ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့အတွက် စိတ်ပညာရှင် ဒါမှမဟုတ် ဆရာဝန်များနဲ့ တိုင်ပင်ပါ။ နာတာရှည်ရောဂါတွေ ရှိမရှိ စစ်ဆေးဖို့ ဆရာဝန်နဲ့ ပြသပါ။ အမျိုးသားဟော်မုန်း (Testosterone) နည်းနေရင် ဟော်မုန်းကုထုံးကို ခံယူနိုင်ပါတယ်။ သောက်နေတဲ့ဆေးတွေကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းသောက်ဖို့ ဒါမှမဟုတ် ဆေးပမာဏကို ပြောင်းလဲဖို့ လုပ်ဆောင်ပါ။ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်
| | |

အမျိုးသားတို့ရဲ့စွမ်းဆောင်ရည်ကို ဘာတွေက ကျဆင်းစေလဲ

အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။  အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: လူနေမှုပုံစံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေး
| | |

အရေးပေါ်တားဆေး နဲ့ နေ့စဉ်သောက်တားဆေး

အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေးနှစ်မျိုးလုံးက သားဆက်ခြားပေးနိုင်တဲ့သောက်ဆေးတွေ ဖြစ်ကြပေမဲ့ အသုံးပြုရတဲ့ပုံစံ၊ အသုံးဝင်ပုံချင်း မတူညီကြပါဘူး။ ဒီနှစ်မျိုးက ဘယ်လိုကွာခြားလဲ၊ ဘယ်အခြေအနေမှာ ဘယ်ဆေးကို ရွေးသုံးသင့်လဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေး (Emergency Contraceptive Pills – ECPs) အရေးပေါ်တားဆေးဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြီးနောက် ဒါမှမဟုတ် ရေရှည်သားဆက်ခြားနည်းလမ်းတစ်ခုခု  ပျက်ကွက်သွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဥပမာ – ကွန်ဒုံးပေါက်သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာ စတဲ့အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အရေးပေါ်တားဆေး ဘယ်လိုအလုပ်လုပ်လဲ အရေးပေါ်တားဆေးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ နောက်ဆုတ်စေခြင်း ဒါမှမဟုတ် သုတ်ပိုးနဲ့ မျိုးဥတွေ့ဆုံမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ ဒါပေမဲ့ အရေးပေါ်တားဆေးဟာ ကိုယ်ဝန်ဆောင်ပြီးသားကို ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။…

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
| | |

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းအတွက် အင်မတန်အရေးကြီးတဲ့ ခံစားချက်တစ်မျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဘဝတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖတ်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ။  ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို သိလာပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေကို ယုံကြည်လာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အတွက် ဘယ်အရာကိုမဆို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့သူဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အဆိုးမြင်စိတ်တွေကို လျှော့ချနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးတတ်တဲ့အတွက် စိတ်ဓာတ်ကျတဲ့အခါ အလွယ်တကူ ပြန်ထနိုင်ပြီး စိတ်ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်စပ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်လာတတ်ပါမယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို…

ဓမ္မတာ မမှန်ခြင်းရဲ့နောက်ကွယ်
| | |

ဓမ္မတာ မမှန်ခြင်းရဲ့နောက်ကွယ်

အမျိုးသမီးတွေမှာ ဓမ္မတာ မှန်မှန်လာဖို့ဆိုတာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက်တင်မကဘဲ အလုံးစုံကျန်းမာရေးနဲ့ ဘဝအရည်အသွေးအတွက်ပါ အရေးကြီးပါတယ်။ ဓမ္မတာမမှန်ခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ကာ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။ အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။  ဟော်မုန်းမညီမျှခြင်း (Hormonal Imbalance) နေ့စဉ် နေထိုင်မှုပုံစံနဲ့ ဆက်နွယ်တဲ့ အကြောင်းရင်းများ သားအိမ်နဲ့ သားဥအိမ်ဆိုင်ရာ ပြဿနာများ ဆေးဝါးများနဲ့ ဆက်နွယ်သော အကြောင်းရင်းများ အခြားသော အကြောင်းရင်းများ ဓမ္မတာမမှန်ခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်လဲ  ဓမ္မတာမမှန်ခြင်းကြောင့် အောက်ပါလက္ခဏာတွေကို အနည်းနဲ့အများခံစားရနိုင်ပါတယ်။  ဓမ္မတာမှန်အောင် ဘယ်လို ဂရုစိုက်ရမလဲ ? ဓမ္မတာမှန်အောင် ဂရုစိုက်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။…