ဖေဖေ မေမေ တို့ရဲ့ လောဘနဲ့ ကရုဏာဒေါသ
ကလေးက စာကျက်ရင်းပျင်းလာတဲ့အခါ ကရုဏာဒေါသ နဲ့ဆူမိနေပြီလား ဖေဖေမေမေတို့ရေ! တကယ်တော့ ကလေးတွေမှာ အသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်တဲ့အချိန်အတိုင်းအတာလေးတွေ ရှိကြပါတယ်။ သူတို့လေးတွေ အာရုံစိုက်နိုင်တဲ့အချိန်ကို ကျော်သွားတဲ့အခါ စာသင်တာကို စိတ်မဝင်စားတာ၊ ပျင်းလာတာ၊ ငြီးငွေ့တာလေးတွေရှိတတ်ပါတယ်။ ဒါက သူတို့လေးတွေရဲ့ အပြစ်လုံးဝမဟုတ်တာကြောင့် ဇွတ်မှိတ်ပြီး စာဆက်မလုပ်ခိုင်းသင့်ပါဘူးနော်။ နားချိန်ပေးတာ၊ ကစားခိုင်းတာ၊ ဝါသနာပါတာလေးတွေ လုပ်ခိုင်းတာမျိုး ဖြစ်သင့်ပါတယ်။ အသက်အရွယ်အလိုက် ကလေးတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကတော့…. အသက် (၄) နှစ် : ၈- ၁၂ မိနစ် အသက် (၆) နှစ် : ၁၂- ၁၈ မိနစ် အသက် (၈) နှစ် : ၁၆-၂၄ မိနစ် အသက် (၁၀) နှစ် : ၂၀-၃၀…