ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား
| | |

ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား

ဝမ်းပိတ်ဆေးဆိုတာ ဝမ်းလျှောတာကို သက်သာစေဖို့ သောက်သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းပိတ်ဆေးဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးတွေနဲ့ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းကို နှောင့်နှေးစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးအသုံးပြုဖို့ မသင့်တော်ပါဘူး။  ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ အကြောင်းရင်းများ ဝမ်းပိတ်ဆေးကို သုံးသင့်တဲ့ အခြေအနေများ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အိမ်မှာ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကြမလဲ။  ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်လဲ ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ အများစုကတော့ ရေဓာတ်များများဖြည့်ပြီး အနားယူလိုက်ရင် သူ့အလိုလို သက်သာသွား‌လေ့ရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ခံစားလာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေ။ 

အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV
| |

အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV

အမျိုးသားချင်း လိင်ဆက်ဆံခြင်းက HIV အပါအဝင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများဖြစ်နိုင်ခြေကို ပိုများစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကာကွယ်မှုနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။  HIV ဆိုတာဘာလဲ  “Human Immunodeficiency Virus ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး” လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ HIV ပိုးဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်ကို ဖြည်းဖြည်းချင်း အားနည်းသွားစေပြီး ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ဘယ်လိုကူးနိုင်လဲ  အဓိကအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရနိုင်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။  လိင်ဆက်ဆံပြီးနောက် ဘယ်လို လက္ခဏာ‌တွေပေါ်လာရင် HIV စစ်ဆေးမှု ခံယူသင့်လဲ  အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ကူးစက်မခံရအောင် ဘယ်လိုလုပ်ရမလဲ …

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း
| |

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ Hepatitis B Virus (HBV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ အသည်းကို ပျက်စီးစေပြီး ရောင်ရမ်းစေပါတယ်။ နာတာရှည်ရောဂါအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး ဘယ်လိုကူးစက်ခံရနိုင်လဲ။  ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးမွေးဖွားစဉ်မှာ ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးရှိတဲ့သူ သုံးပြီးသား ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို မျှဝေသုံးစွဲတာကနေလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရဲ့ လက္ခဏာများ…

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
| |

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?

Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊ စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက…

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး
|

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေး က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? သွေးလွန်တုပ်ကွေး ရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။ Seek…

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ "S" လေးလုံး
|

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေးရောဂါ က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေလေးကတော့ သွေးလွန်တုပ်ကွေးရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။…