ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
| | |

ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းအတွက် အင်မတန်အရေးကြီးတဲ့ ခံစားချက်တစ်မျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဘဝတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖတ်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ။  ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို သိလာပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေကို ယုံကြည်လာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အတွက် ဘယ်အရာကိုမဆို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့သူဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အဆိုးမြင်စိတ်တွေကို လျှော့ချနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးတတ်တဲ့အတွက် စိတ်ဓာတ်ကျတဲ့အခါ အလွယ်တကူ ပြန်ထနိုင်ပြီး စိတ်ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်စပ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်လာတတ်ပါမယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို…

သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်မလဲ
| | |

သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်မလဲ

ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါ်လာမိချိန်တိုင်းဟာ ပြောမပြတတ်အောင် ခက်ခဲမှာသေချာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခက်ခဲပင်ပန်းလွန်းတဲ့ စိတ်ဒုက္ခတွေကနေ ဘယ်လိုနာလန်ထူမလဲ၊ သတ်သေချင်စိတ် ပေါ်လာတိုင်း ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။  သတ်သေချင်စိတ်ဖြစ်ပေါ်စေသော အကြောင်းရင်းအများစုက အောက်ပါအတိုင်းဖြစ်ပါတယ်။  ၁။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ၂။ ဘဝအခက်အခဲများ ၃။ အခြားအကြောင်းရင်းများ သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ရမလဲ။  ရေရှည်မှာ စိတ်သက်သာရာရပြီး စိတ်ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အောက်ပါအတိုင်း ကြိုးစားကြည့်သင့်ပါတယ်။  သတ်သေချင်စိတ်ဟာ တစ်ခါတလေမှာ ပျောက်ကွယ်သွားတတ်ပေမဲ့ ပြန်ဖြစ်လာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ အကူအညီရယူဖို့ အရမ်း အရေးကြီးပါတယ်။ သင့်ကိုချစ်တဲ့သူတွေ၊ သင့်ကို ဂရုစိုက်တဲ့သူတွေ အများကြီးရှိတဲ့အတွက် သတ်သေချင်စိတ်ကို အနိုင်ယူပြီး အတူတူရှေ့ဆက်ရှင်သန်ကြပါမယ်။ 

အိမ်လွမ်းနာကျခြင်း 
| | |

အိမ်လွမ်းနာကျခြင်း 

အိမ်လွမ်းနာကျခြင်း ဆိုတာက လူတစ်ဦးအနေနဲ့ မိမိရဲ့ အိမ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝေးကွာရာ နေရာဒေသတစ်ခုကို ရောက်‌နေတဲ့အခါ ခံစားရတတ်တဲ့ စိတ်ခံစားချက်တစ်ခုပါ။  အိမ်လွမ်းနာကျခြင်း ဘာကြောင့်ဖြစ်ရသလဲ၊ လက္ခဏာတွေနဲ့ ဘယ်လိုကုစားနိုင်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။ အိမ်လွမ်းနာကျခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ အရင်နေခဲ့တဲ့ ပတ်ဝန်းကျင်ကနေ မတူညီတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့တဲ့အခါမှာ အိမ်လွမ်းနာကျနိုင်ပါတယ်။   ရုတ်တရက် မိသားစုနဲ့ဝေးရတဲ့အခါမှာ အထီးကျန်ဆန်ပြီး အိမ်ကိုလွမ်းဆွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဝေးတဲ့အခါမှာလည်း ဒီလိုခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ မတူတဲ့ နေရာတစ်ခုမှာ အစားအသောက်ကအစ ဘာသာစကား၊ နေထိုင်မှုပုံစံတွေကအစ မတူတဲ့အတွက် ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ်တွေ ပိုဖြစ်လာနိုင်ပါတယ်။ နေထိုင်ရတဲ့ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရတဲ့အခါမှာလည်း အိမ်လွမ်းနာကျခြင်း ခံစားရနိုင်ပါတယ်။  အလုပ်အသစ်၊ ကျောင်းအသစ်မှာ…