ကိုယ်ဝန်ဆောင်ချိန် ဝိတ်ချလို့ရလား 
| | |

ကိုယ်ဝန်ဆောင်ချိန် ဝိတ်ချလို့ရလား 

ကိုယ်ဝန်ဆောင်ချိန် ဟာ အမျိုးသမီးတွေအတွက် အထူးဂရုစိုက်ရမယ့်အချိန်ဖြစ်ပြီး ကိုယ်အလေးချိန်ကလည်း မိခင်ရော ကလေးအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန် ဝိတ်တက်ခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်၊ မိခင်ဝမ်းဗိုက်အတွင်းမှာ ကလေးငယ်ကို ကာကွယ်ပေးတဲ့ အချင်းနဲ့ ရေမြွှာရည်ရဲ့ အလေးချိန်၊ သွေးနဲ့ အရည်များ၊ ကလေးငယ်ကြီးထွားဖို့နဲ့ နို့တိုက်ကျွေးဖို့ ခန္ဓာကိုယ်က အဆီသိုလှောင်ခြင်း စသဖြင့် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ကိုယ်အလေးချိန်တက်လာတဲ့အခါ ဒီမေးခွန်းလေးကို စဉ်းစားမိကြတဲ့ မိခင်တွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချသင့်လား၊ မချသင့်ဘူးလားဆိုတာနဲ့ ဘာတွေ ဂရုပြုသင့်လဲဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချလို့ ရလား ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ မသင့်တော်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချဖို့ ကယ်လိုရီတွေကို လျှော့စားရမှာဖြစ်တဲ့အတွက် ဒါက…

အိမ်လွမ်းနာကျခြင်း 
| | |

အိမ်လွမ်းနာကျခြင်း 

အိမ်လွမ်းနာကျခြင်း ဆိုတာက လူတစ်ဦးအနေနဲ့ မိမိရဲ့ အိမ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝေးကွာရာ နေရာဒေသတစ်ခုကို ရောက်‌နေတဲ့အခါ ခံစားရတတ်တဲ့ စိတ်ခံစားချက်တစ်ခုပါ။  အိမ်လွမ်းနာကျခြင်း ဘာကြောင့်ဖြစ်ရသလဲ၊ လက္ခဏာတွေနဲ့ ဘယ်လိုကုစားနိုင်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။ အိမ်လွမ်းနာကျခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ အရင်နေခဲ့တဲ့ ပတ်ဝန်းကျင်ကနေ မတူညီတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့တဲ့အခါမှာ အိမ်လွမ်းနာကျနိုင်ပါတယ်။   ရုတ်တရက် မိသားစုနဲ့ဝေးရတဲ့အခါမှာ အထီးကျန်ဆန်ပြီး အိမ်ကိုလွမ်းဆွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဝေးတဲ့အခါမှာလည်း ဒီလိုခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ မတူတဲ့ နေရာတစ်ခုမှာ အစားအသောက်ကအစ ဘာသာစကား၊ နေထိုင်မှုပုံစံတွေကအစ မတူတဲ့အတွက် ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ်တွေ ပိုဖြစ်လာနိုင်ပါတယ်။ နေထိုင်ရတဲ့ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရတဲ့အခါမှာလည်း အိမ်လွမ်းနာကျခြင်း ခံစားရနိုင်ပါတယ်။  အလုပ်အသစ်၊ ကျောင်းအသစ်မှာ…

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
| |

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?

Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊ စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက…

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး
|

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေး က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? သွေးလွန်တုပ်ကွေး ရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။ Seek…

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ "S" လေးလုံး
|

သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေးရောဂါ က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေလေးကတော့ သွေးလွန်တုပ်ကွေးရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။…