အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း
| | |

အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း

အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုက သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပြီး မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။  နောက်ဆုံးရာသီလာပြီးနောက် ၁၂ လအထိ ရာသီမလာတော့မှ သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ခံစားရလေ့ရှိပြီး ဒီလက္ခဏာတွေကိုစုပေါင်းကာ သွေးဆုံးကိုင်ခြင်း လို့ခေါ်ကြပါတယ်။  သွေးဆုံးကိုင်ချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေက ဘာတွေလဲ။ သွေးဆုံးကိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး နေထိုင်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အခက်အခဲတွေ…

မိန်းမကိုယ်ပိုးဝင်ခြင်း 
| | |

မိန်းမကိုယ်ပိုးဝင်ခြင်း 

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ အရည်ဆင်းတာ စတာတွေကြုံရပြီဆို ဒါတွေဟာ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။  မိန်းမကိုယ်ပိုးဝင်ခြင်းဆိုတာ မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဒါမှမဟုတ် ကပ်ပါးပိုးတွေ ဝင်ရောက်ပြီး ရောဂါပိုးကူးစက်ခံရတာကို ဆိုလိုပါတယ်။  မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ မိန်းမကိုယ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပုံမှန်အချိုးအစား မညီမျှတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ်မှာရှိတဲ့ Candida လို့ခေါ်တဲ့ မှိုပိုးတွေ ပုံမှန်ထက် ပိုပြီးပွားလာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆီးချိုရောဂါရှိသူတွေ၊ ပဋိဇီဝဆေးတွေ သောက်နေသူတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ၊ ချွေးထွက်များတာတွေကလည်း မှိုပိုးပွားမှုကို အားပေးပါတယ်။ ဂနိုရောဂါ၊ ဆီးပူညောင်းကျရောဂါ၊…

အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ စိတ်ဖိစီးမှု : အလုပ်ဖိစီးမှု၊ ငွေကြေးဖိစီးမှု၊ မိသားစုပြဿနာ စတဲ့ စိတ်ဖိစီးမှုတွေဟာ လိင်စိတ်ကို လျော့နည်းစေပြီး စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု : လိင်ဆက်ဆံတဲ့အခါ စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက စိတ်ကို မငြိမ်မသက်ဖြစ်စေပြီး လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ကျရောဂါ: စိတ်ကျရောဂါ ခံစားနေရသူတွေမှာ စိတ်ဝင်စားမှု လျော့နည်းတာ၊ ပျော်ရွှင်မှု မရှိတာတွေကြောင့် လိင်စိတ်ပါ လျော့နည်းတတ်ပါတယ်။ စိတ်ဒဏ်ရာ : အရင်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာမျိုး ဒါမှမဟုတ် မကောင်းတဲ့ အတွေ့အကြုံတွေ ရှိခဲ့ရင် လိင်ဆက်ဆံရမှာ ကြောက်ရွံ့တာ၊ စိတ်အလိုမကျတာတွေ ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: အသက်အရွယ် : အသက်ကြီးလာတာနဲ့အမျှ အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်မှု လျော့နည်းလာပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ နာတာရှည်ရောဂါများ : ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နာတာရှည်ရောဂါတွေဟာ သွေးကြောတွေကို ပျက်စီးစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ ဟော်မုန်းမညီမျှခြင်း : အမျိုးသားဟော်မုန်း (Testosterone) နည်းပါးတာ၊ သိုင်းရွိုက်ဟော်မုန်း မညီမျှတာ စတာတွေက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ ဆေးဝါးများ : စိတ်ကျဆေး၊ သွေးတိုးကျဆေး၊ အကိုက်အခဲပျောက်ဆေး အချို့နဲ့ တခြားဆေးဝါးတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်ခြင်း : ကိုယ်အလေးချိန်များတာက ဟော်မုန်းတွေကို ပြောင်းလဲစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးများ : အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ : ဆီးကျိတ်ရောင်တာ၊ ဆီးကျိတ်ကြီးတာ စတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ အာရုံကြောဆိုင်ရာ ပြဿနာများ : အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အခြားအာရုံကြောဆိုင်ရာ ရောဂါတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ လူနေမှုပုံစံ လေ့ကျင့်ခန်း မလုပ်ခြင်း : လေ့ကျင့်ခန်း မလုပ်တာက ကိုယ်အလေးချိန်တက်စေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပါတယ်။ အိပ်ရေးမဝခြင်း : အိပ်ရေးမဝတာက ဟော်မုန်းကို မညီမျှစေပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့နည်းစေပါတယ်။ ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး လိင်တံဆီကို သွေးစီးဆင်းမှုကို အားနည်းစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ တစ်ပတ်မှာ အနည်းဆုံး ၅ ရက်၊ တစ်ရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးတွေကို များများစားပြီး အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ နေ့တိုင်း အိပ်ချိန် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူပါ။ ဆေးလိပ်နဲ့ အရက်ကို လျှော့ပါ သို့မဟုတ် ဖြတ်ပါ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် ယောဂကျင့်တာ၊ တရားထိုင်တာ၊ စိတ်အပန်းဖြေတာတွေကို လုပ်ပေးပါ။ စိုးရိမ်ပူပန်မှု၊ စိတ်ကျရောဂါ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့အတွက် စိတ်ပညာရှင် ဒါမှမဟုတ် ဆရာဝန်များနဲ့ တိုင်ပင်ပါ။ နာတာရှည်ရောဂါတွေ ရှိမရှိ စစ်ဆေးဖို့ ဆရာဝန်နဲ့ ပြသပါ။ အမျိုးသားဟော်မုန်း (Testosterone) နည်းနေရင် ဟော်မုန်းကုထုံးကို ခံယူနိုင်ပါတယ်။ သောက်နေတဲ့ဆေးတွေကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းသောက်ဖို့ ဒါမှမဟုတ် ဆေးပမာဏကို ပြောင်းလဲဖို့ လုပ်ဆောင်ပါ။ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ပတ်သက်ပြီး ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်
| | |

အမျိုးသားတို့ရဲ့စွမ်းဆောင်ရည်ကို ဘာတွေက ကျဆင်းစေလဲ

အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။  အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: လူနေမှုပုံစံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေး
| | |

အရေးပေါ်တားဆေး နဲ့ နေ့စဉ်သောက်တားဆေး

အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေးနှစ်မျိုးလုံးက သားဆက်ခြားပေးနိုင်တဲ့သောက်ဆေးတွေ ဖြစ်ကြပေမဲ့ အသုံးပြုရတဲ့ပုံစံ၊ အသုံးဝင်ပုံချင်း မတူညီကြပါဘူး။ ဒီနှစ်မျိုးက ဘယ်လိုကွာခြားလဲ၊ ဘယ်အခြေအနေမှာ ဘယ်ဆေးကို ရွေးသုံးသင့်လဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေး (Emergency Contraceptive Pills – ECPs) အရေးပေါ်တားဆေးဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြီးနောက် ဒါမှမဟုတ် ရေရှည်သားဆက်ခြားနည်းလမ်းတစ်ခုခု  ပျက်ကွက်သွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဥပမာ – ကွန်ဒုံးပေါက်သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာ စတဲ့အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အရေးပေါ်တားဆေး ဘယ်လိုအလုပ်လုပ်လဲ အရေးပေါ်တားဆေးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ နောက်ဆုတ်စေခြင်း ဒါမှမဟုတ် သုတ်ပိုးနဲ့ မျိုးဥတွေ့ဆုံမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ ဒါပေမဲ့ အရေးပေါ်တားဆေးဟာ ကိုယ်ဝန်ဆောင်ပြီးသားကို ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။…

LDRS တွေအတွက် လိုအပ်တဲ့နားလည်မှု
| | |

LDRS တွေအတွက် လိုအပ်တဲ့နားလည်မှု

တစ်ဦးနဲ့တစ်ဦး နေရာဒေသတွေ ဝေးကွာနေကြရတဲ့ ချစ်သူတွေဟာ အနေဝေးတာကြောင့် အခက်အခဲတွေ အများကြီးရှိနိုင်ပေမယ့် လုံလောက်တဲ့ နားလည်မှုသာရှိနေရင် ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီအချက်ရဲ့ ဆိုလိုရင်းက LDRS တွေအတွက် အထူးအရေးပါတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတဲ့ အချက်တစ်ခုပဲ မဟုတ်လား။ LDRS တွေအတွက် နားလည်မှုက ဘာကြောင့်အရေးကြီးတာလဲ  တစ်ဦးနဲ့တစ်ဦး အဝေးမှာနေတဲ့အခါမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲလွန်းပါတယ်။ အဲဒီလို ဝေးကွာနေတဲ့အချိန်မှာ စိတ်ဓာတ်ကျတာတွေ၊ အထီးကျန်တာတွေ ဖြစ်လာနိုင်ပါတယ်။နားလည်မှုရှိတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး၊ စိတ်ဓာတ်ကျတဲ့အခါ အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။  အဝေးမှာနေတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ချစ်သူ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာကို အမြဲတမ်း မသိနိုင်လို့ပါ။ နားလည်မှုထားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရိုးသားမှုအပေါ် ယုံကြည်မှုရှိလာတဲ့အတွက် သံသယတွေ၊ စိတ်ပူပန်မှုတွေ လျော့နည်းသွား ဆက်ဆံရေးက…

Safe Sex အကြောင်း တစေ့တစောင်း
| |

Safe Sex အကြောင်း တစေ့တစောင်း

နှစ်ဦးသဘောတူ သာယာမှုအတွက် အတူနေကြတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ၊ ဆိုးကျိုးတွေကင်းစွာနဲ့ အပြည့်အဝ လုံခြုံပျော်ရွှင်မှုရရှိစေနိုင်ဖို့ သိထားသင့်တဲ့ Safe Sex အကြောင်း ကို မျှဝေပေးပါရစေ။  Safe Sex အကြောင်း သိထားသင့်သမျှ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs/STDs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာကို ဆိုလိုပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကိုပါ ရောဂါကူးစက်မှုတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုမျိုးလို့ ပြောလို့ရပါတယ်။ ဘာကြောင့် Safe Sex ဖြစ်ဖို့ အရေးကြီးတာလဲ ဆီးပူညောင်းကျရောဂါ၊ HIV/AIDS၊ ရေယုန်၊ ဂနိုရောဂါ၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေဟာ လိင်ဆက်ဆံမှုကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ Safe Sex…