အသင့်စားခေါက်ဆွဲခြောက်နဲ့ သင့်ကျန်းမာရေး
| |

အသင့်စားခေါက်ဆွဲခြောက်နဲ့ သင့်ကျန်းမာရေး

စားချင့်စဖွယ် ထုတ်ပိုးမှုမျိုးစုံနဲ့ ဈေးကွက်ထဲမှာနေရာယူထားသလို ပြင်ဆင်ရလွယ်ပြီး အရသာလည်းရှိတဲ့အတွက် လူတိုင်း မကြာခဏစားဖြစ်နေကြတဲ့ အသင့်စား ခေါက်ဆွဲခြောက် က ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အချိန်ခဏလေးပေးပြီး ဖတ်ကြည့်ရအောင်။ အသင့်စားခေါက်ဆွဲခြောက်မှာ ဘယ်လိုအာဟာရတွေ ပါဝင်လဲ။  အသင့်စားခေါက်ဆွဲခြောက်ရဲ့ ဆိုးကျိုးများ အသင့်စားခေါက်ဆွဲခြောက်ကို လုံးဝမစားဘဲနေရင် အကောင်းဆုံးဖြစ်ပေမယ့် မရှောင်နိုင်တဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာပြီး စားသုံးသင့်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ဟာ အချိန်တိုအတွင်းမှာ အလွယ်တကူစားလို့ရပေမယ့် ကျန်းမာရေးအတွက်တော့ရေရှည် မသင့်တော်ပါဘူး။ အာဟာရဓာတ်နည်းပါးပြီး ရေရှည်စားသုံးပါက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် အသင့်စားခေါက်ဆွဲခြောက်ကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုစားသုံးဖို့ အကြံပြုချင်ပါတယ်။

A4 ခါးဆိုဒ်လေး ဖြစ်ဖို့ ဘာတွေစားမလဲ? 
| |

A4 ခါးဆိုဒ်လေး ဖြစ်ဖို့ ဘာတွေစားမလဲ? 

သင့်ရဲ့ ခါးဆိုဒ်လေး ကို A4 စာရွက်လေးလို သေးသေးသွယ်သွယ်လေးနဲ့ လှနေအောင် ခါးဘေးအဆီတွေလောင်ကျွမ်းပစ်ဖို့အတွက် ဒီအစားအစာတွေကကူညီပေးနိုင်ပါတယ်။ အခြားအရေးကြီးတဲ့အချက်တွေအနေနဲ့ကတော့ အရေးကြီးတာက ဒီအစားအစာတွေကို တစ်မျိုးတည်းစားပြီး ခါးသေးသွယ်လှပနိုင်မှာ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပေါင်းစပ်လုပ်ဆောင်မှသာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခါးသေးသေးလေးကို ပိုင်ဆိုင်နိုင်မှာပါနော်….။

Why does my head hurt if I don't drink coffee
|

ကော်ကော် (Coffee) မရှိရင် ခေါင်းတွေကိုက်လာတယ်၊ ဘာကြောင့်လဲ?

ကော်ဖီဆိုတာ မနက်ဆို အများစုစုစွဲစွဲလမ်းလမ်းသောက်ဖြစ်ကြတဲ့ အရာတစ်ခုပါပဲ။ ကော်ဖီမသောက်ရတဲ့ရက်ဆို ခေါင်းတွေကိုက်လာပြီး အာရုံမစိုက်နိုင်တာမျိုးဖြစ်တာမျိုးကိုလည်း ကော်ဖီသောက်နေကျသူတိုင်း ခံစားဖူးကြမှာပါ။ ဒါက ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ် (Caffeine) မရရှိတဲ့အခါမှာ ခံစားရတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ်က ကော်ဖီအများကြီးသောက်တတ်တဲ့သူ မဟုတ်ဘဲ တစ်နေ့တစ်ခွက်လောက်ပဲသောက်ရုံနဲ့ ဒီလိုလက္ခဏာခံစားရနိုင်လားဆိုရင်တော့ ခံစားရနိုင်ပါတယ်လို့ပြောရမှာပါ။ ကော်ဖီ မှာပါဝင်တဲ့ ကဖင်းဓာတ်က ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းအောင်လုပ်ပေးတဲ့ ဂုဏ်သတ္တိရှိတာဖြစ်ပြီး ကော်ဖီမသောက်လို့ကဖင်းဓာတ်မရရှိတဲ့အခါမှာ သွေးကြောတွေထဲ သွေးစီးဆင်းတာတွေရုတ်တရက်များသွားတဲ့အခြေအနေကြောင့် ခေါင်းကိုက်တဲ့ဝေဒနာမျိုးခံစားရတာဖြစ်ပါတယ်။ ကော်ဖီမသောက်ဘဲ ဒီလိုဝေဒနာဘယ်အချိန်သက်သာနိုင်မလဲဆိုရင်တော့ ဦးနှောက်က ဒီလိုသွေးစီးဆင်းမှုများတာကို အသားကျသွားတဲ့အချိန်မှာ သက်သာသွားမှာဖြစ်ပါတယ်။ ဒါဆိုကော်ဖီဖြတ်ဖို့လိုပြီလားဆိုရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးအခြေခံပေါ်မူတည်မှာဖြစ်ပြီး ကျန်းမာတဲ့လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို 400mg (ပုံမှန် ကော်ဖီ ၄ ခွက်)ထက်တော့ ပိုမသောက်သင့်ပါဘူး။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်၊ သွေးတိုးရောဂါရှိသူ၊ (Anxiety) စိုးရိမ်လွန်ရောဂါအတွက်ဆေးသောက်နေရသူတွေမှာတော့ ကဖင်းဓာတ်လျော့ချဖို့ လိုအပ်မှာဖြစ်ပါတယ်။…