ကျား လိင်အင်္ဂါ (Penis) ကို မလုပ်သင့်သော အချက် (၁၁)ချက်
|

ကျား လိင်အင်္ဂါ (Penis) ကို မလုပ်သင့်သော အချက် (၁၁)ချက်

လိင်အင်္ဂါ ဆိုတာ အရမ်းကို sensitive ဖြစ်တဲ့အင်္ဂါတခုပါ။ ဒါပေမယ့်လူတွေက သူတို့ရဲ့လိင်တံကို ဆွဲဆန့်တာတို့၊ အပ်နဲ့ထိုးတာတို့၊မကြာခဏသန့်ရှင်းရေးလုပ်ပေးတာတို့စတဲ့ ထူးထူးဆန်းဆန်းတွေကိုလုပ်နေကြပါတယ်။ သင့် လိင်အင်္ဂါ ကို မလုပ်သင့်တဲ့အချက် (၁၁) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ နောက်ဆုံးတချက်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်! ၁။လိင်တံကိုတိုင်းတာခြင်း သင့်ရဲ့လိင်တံဟာ ထောင်မတ်နေတဲ့အချိန် ၃လက်မအောက်ရောက်မနေဘူးဆိုရင် ကိုယ့်မှာရှိတဲ့ အရှည်နဲ့ကျေနပ်ကြပါ။ လိင်တံရှည်ခြင်းဟာ သင့်ရဲ့  partner စိတ်ကျေနပ်စေခြင်းနဲ့မဆိုင်တဲ့အတွက် လိင်တံအရွယ်အစားနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ၂။လိင်တံကိုဆွဲပြီး ရှည်လာအောင်လုပ်တာ သင့်လိင်တံကို ဆွဲလိုက်ရင် ရှည်လာမယ်ပြီးတွေးနေတယ်ဆိုရင် သင့်အတွေးဟာ မှားနေပါတယ်။ ဒါတွေကိုဘယ်သူမှ သက်သေမပြထားပါဘူး။ သင်ဟာ လိင်တံကို ဆွဲဆန့်တာတို့၊လုပ်နေဦးမယ်ဆိုရင် သင့်ရဲ့အင်္ဂါနားတဝိုက်မှာရှိတဲ့ ကြွက်သားနဲ့တစ်သျှူးတွေကို ထိခိုက်ဒဏ်ရာရစေမှာပဲဖြစ်ပါတယ်။ ၃။လိင်တံကြီးထွားစေသောဆေးများ လိင်တံကိုဆွဲဆန့်လို့ဘာမှမထူးခြားလာကြ​​ ​ဘူးဆိုရင် နောက်တဆင့်အနေနဲ့ လူတွေကလိင်တံကြီးထွားစေသောဆေးတွေကိုလက်တည့်စမ်းချင်လာကြတယ်။ ဒါပေမယ့်လူတွေက အဲ့ဒီလိင်တံကြီးဆေးတွေမှာ ဟော်မုန်းတွေ၊ဗိုက်တာမင်တွေ၊သတ္တုဓာတ်တွေပါတာကိုမသိကြဘူး။ဆေးကုမ္ပဏီတွေကလည်းသင့်ကို ဘယ်ဟော်မုန်းကြောင့်ဘယ်ဟာကဘယ်လိုကြီးလာတာဆိုပြီး…

အမျိုးသားတွေ အသက်ရလာတဲ့အခါ ရင်ဆိုင်ရမယ့်ပြဿနာ
|

အမျိုးသားတွေ အသက်ရလာတဲ့အခါ ရင်ဆိုင်ရမယ့်ပြဿနာ

“ယောကျာ်းမှာဆီး မိန်းမမှာမီး” ဆိုရိူးရှိတဲ့အတိုင်းပုရိသယောကျာ်းအားလုံး အသက်၅၀၀န်းကျင် ရောက်တာနဲ့ ကြုံလာနိုင်မယ့် ပြသနာ ကတော့၏ဆီးကျိတ်ရောင်ရောဂါဖြစ်ပါတယ်။ Prostate gland ဆီးကျိတ်လေးဟာ ဆီးအိမ်ကအထွက်၊ နားဆီးသွားမယ့်ပြွန်လမ်းကြောင်းမှာတည်ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရွယ်အစားအလေးချိနိကပိုပိုကြီးလာပါတယ်။ အများအားဖြင့်အသက် ၅၀/ ၆၀ ဝန်းကျင်မှာ သိသိသာသာဆီးကျိတ်ရောင်ရောဂါကိုခံစားရပါသည်။ အကြောင်းရင်းတွေကိုလေ့လာနေဆဲဖစ်ပီး ယောကျာ်းဟော်မုန်း testosteroneလျော့နည်းလာတာကလည်းအကြောင်းရင်းတခုဖစ်ပါတယ်။ ဆီးကျိတ်ယောင်လာလျင် ဆီးသွားလျင်မဝသလိုခံစားရခြင်း၊ တစက်ဆီကျခြင်း ၊ဆီးသွားလျင်နာမယ် ဆီးလုံးသေးပီး အချိန်အတော်ကြာအောင်ဆီးသွားဖို့အချိန်ယူရပါမယ်။ ဆီးလမ်းကြောင်းပိတ်ဆို့နိုင်ခြင်းကြောင့် တခါတည်းဆီးကောင်းကောင်းမသွားနိုင်ပဲဆီးကျန်နေသောကြောင့်ခဏခဏဆီးသွားနေရပါမည်။ နောက်ဆက်တွဲအနေဖြင့်ဆီးလမ်းကြောင်းကိူထိခိုက်ပီးသွေးပါတာတို့ ကျောက်ကပ် ပျက်ဆီးတာတို့ဖစ်လာပါမယ်။ အဓိကအနေနဲ့ကတော့အမျိုးသားတွေအနေနဲ့ အသက်၅၀ကျော် လာတာနဲ့ အမျှနှစ်စဉ်  အမြဲဂရုတစိုက်ဆီးလမ်းကြောင်းရောဂါရှိမရှိစစ်ဆေးသင့်ပါတယ်။ ဆီးကျိတ်ရောင်တဲ့အဆင့်ပေါ်မူတည်ပီး သောက်ဆေးနဲ့ထိန်းသောက်ရသလို ခွဲစိတ်ကုသရတာတွေရှိပါတယ်။ ကာကွယ်ဖို့ကတော့ယေဘူယျအားဖြင့်အာဟာရှိသန့်ရှင်းတဲ့အစားအစာတွေကိုစားမယ်အသင့်စားအစားအစာတွေဆီကြော်တွေကိုတတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။ အိပ်ခါနီးရေအများကြီးသောက်ခြင်း ဆီးကိူအကြာကြီးအောင့်ထားတဲ့အကျင့်ရှိခြင်းကလည်းဆီးအိမ်အတွင်းအပူအအေးမမျှတမှူဖစ်ပေါ်ကိူစေပါတယ်။ အမျိုးသားတိုင်းတချိန်ချိန်မှကြုံလာရမယ့်ပြသနာဖစ်လို့ တတ်နိုင်သမျှဂရူစိုက်နေထိုင်ဖို့သာ အကြံပေးလိုပါတယ်။ ဒေါက်တာနိုင်း (ဆေး-၁) #BPH #men_health #We_R_z_waka

ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ
| |

ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ

ကလမိုင်းဒီးယား (Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတမျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ လိင်အင်္ဂါနာကျဉ်ခြင်း၊ လိင်အင်္ဂါထိပ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေမခံးစားကြရလို့ပဲဖြစ်ပါတယ်။ ကလမိုင်းဒီယား ရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမျာ အဖြစ်များကြပါတယ်။ ကျား၊မမရွေး၊အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ?  ရောဂါလက္ခဏာများ ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။ သူရဲ့ရောဂါလက္ခဏာတွေကတော့… ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ…

ဆေးလိပ် ၏ ဆိုးကျိုးများ
|

ဆေးလိပ် ၏ ဆိုးကျိုးများ

ဆေးလိပ် ဆိုတာနဲ့ ကျနော်တို့ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို တွေးမိကြမှာပါ။ အရင်ဆုံး ထိခိုက်မှာကတော့ သွားနဲ့ ခံတွင်းပါပဲ။ ခံတွင်းအနံ့ဆိုးထွက်စေမှာပါ၊ အဲ့ဒီအပြင်.. – သွားနှင့်လျှာတွေ ဝါစေတယ် – အနံ့ နဲ့ အရသာ ခံစားနိုင်တာတွေလျော့ကျကုန်တယ် – သွားဖုံးရောဂါ နဲ့ သွားဆုံးရှုံး နိုင်ချေပိုများတယ် – သွားနှုတ်ပြီးတဲ့အချိန်လဲ အနာကျက်ချိန် ပိုကြာစေတယ် – ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ် ဒါတာကြောင့် ဆေးလိပ်ကိုမသောက်တာ မသောက်တာအကောင်းဆုံးပါပဲ။ မိမိရဲ့ သွားနှင့် ခံတွင်း သန့်ရှင်းမှုကိုလဲ ပုံမှန် ပြုလုပ်သင့်ပါတယ်ခင်ဗျာ။ ဒေါက်တာဉာဏ်

အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ 
|

အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ 

ခေတ်လူငယ်၊လူလတ် အမျိုးသားများရဲ့ မြို့ပြလူနေမှုစရိုက် များအနက် အချို့ နေထိုင်မှုပုံစံ များက မိမိကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာတင်ပြသွားမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများနဲ့ယှဉ်ရင် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုအားနည်းတတ်ကြပါတယ်။ ဒါကြောင့်သတိမမူမိတဲ့ ရှောင်ကြဉ်သင့်သော အပြုအမူလေးတွေကို စုစည်းတင်ပြထားလိုက်ပါတယ်။ 1. Alcohol အလွန်အကျွံသောက်ခြင်း အလုပ်ကအပြန် stress စိတ်ဖိစီးမှုများလို့ သောက်မိခြင်း၊ လုပ်ငန်းစကားပြောဆိုမှုကြောင့်သောက်မိခြင်း၊ အလုပ်အောင်မြင်၍ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် သောက်ခြင်း၊ ပိတ်ရက် သူငယ်ချင်းများဆုံ၍သောက်မိခြင်းစသဖြင့် မြို့ပြလူငယ်လူလတ်အများစုက မသိမသာနဲ့ အရက်ဘီယာသောက်သုံးမှုပမာဏများပြားလာပါတယ်။ ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အပြင်ကို ရေတို အနေနဲ့လဲ ခန္ဓာကိုယ်ဝလာခြင်း၊ အသားရေခြောက်သွေ့လာခြင်း၊ ဖောလာခြင်း၊ အိပ်ရေးမဝခြင်း၊ ကိုယ်သင်းနံ့မကောင်းခြင်းများ တဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့်ပမာဏထိန်း သောက်ပြီး မိမိကိုယ်ကို အလွန်အကျွံမဖြစ်စေရန်သတိမူသင့်ပါတယ်။ 2. ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးလေ့မရှိခြင်း အမျိုးသားအများစုက မိမိခံစားနေရသော ရောဂါလက္ခဏာတစုံတခုရှိပါကသက်ဆိုင်ရာဆေးရုံဆေးခန်းသွားပြီး တိုင်ပင်ဆွေးနွေးမှုအပိုင်းမှာ…

ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့
|

ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့

သုတ်ပိုး ကတော့လိင်ပိုင်းဆိုင်ရာ မျိုးပွားမှုအတွက် သဘာဝကသတ်မှတ်ထားတဲ့ မျိုးပွားဆဲလ်ပဲဖြစ်ပါတယ် ။ အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည်တိုင်းမှာ သုတ်ပိုးသန်း ၅၀၀ အထိပါဝင်နိုင်ပါတယ်။ လိင်တံက လှုံ့ဆော်လာတဲ့အခါ မျိုးပွားအင်္ဂါများပတ်ဝန်းကျင်မှ ကြွက်သားများဟာ သုတ်ရည်ကိုပြွန်စနစ်နှင့် urethra မှတဆင့်ဖိအားပေးပြီး ထုတ်ယူလေ့ရှိပါတယ်။ အမျိုးသားအများစုဟာလိင်ဆက်ဆံစဉ် မိနစ်အနည်းငယ်အတွင်းသုတ်လွှတ်ကြပါတယ်။  သုတ်ရည်ကိုအားဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေအနေနဲ့တော့  နေထိုင်မှုပုံစံတွေအနေနဲ့  ကျန်းမာသောသုတ်ရည်ရဲ့အရောင်ဟာ အများအားဖြင့်အဖြူရောင်(သို့မဟုတ်) ခဲနဲ့အဖြူရောစပ်တဲ့အရောင်ဖြစ်ပါတယ်။ အရောင်ကကြည်လင်နေခြင်းမဟုတ်ဘဲ အနှစ်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ သုတ်ရည် အရောင်ပြောင်းသွားခဲ့ရင်တော့ ကျန်းမာရေးအတွက်သတိထားဖို့ လိုပြီး အဝါရောင်နဲ့ အဖြူရောင်ကြည်နေတဲ့သုတ်ရည်ဟာဆိုရင်လည်း ကျန်းမာရေးလက္ခဏာတစ်ခုခု ရှိနေတတ်ပါတယ်။ ‌ သုတ်ရေကောင်းမွန်ဖို့အတွက် ရေဓာတ်များများ ဖြည့်ဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်မလုံလောက်ရင်တော့သုတ်ပိုးထုတ်လုပ်မှုကိုထိခိုက်စေတာကြောင့် ရေသောက်သုံးမှုကိုလုပ်ဆောင်ပေးသင့်ပြီး အရက်သောက်ခြင်း ကိုလျှော့ချပေးသင့်ပါတယ်။ ကိုယ်ဝန်ရှိခြင်းဟာ သုတ်ကောင်ရည် နည်း/ခြင်းများခြင်းနဲ့ မဆိုင်ဘဲ အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ရရှိနိုင်တာမို့ လိင်မဆက်ဆံခင်မှာ ကြိုတင်သိထားသင့်ပါတယ်။ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးဟာ…

ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…
| |

ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…

ယောကျာ်းလေးအုပ်စု သုံးပုံပုံ တစ်ပုံလောက်က လိင်ဆက်ဆံတဲ့အခါ စောစောပြီးပြီးသွားတယ် သုတ်လွှတ်မြန် တယ်ဆိုတဲ့ပြဿနာမျိုးဖြစ်တတ်ကြပါတယ်။ မြန်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်နိုင်လဲဆိုရင် ယောကျာ်းလေးအင်္ဂါက မိန်းကလေးအင်္ဂါထဲထိုးသွင်းပြီးတဲ့အခါ တစ်မိနစ်အတွင်းမှာတင် သုတ်ထွက်သွားတယ်၊ သုတ်လွှတ်တာနှေးအောင်ထိန်းထားလို့မရဘူးဆိုရင်တော့ သင့်မှာ သုတ်လွှတ်မြန်နေတဲ့ပြဿနာရှိနေတယ်လို့ပြောလို့ရပါပြီ။ ဒီ သုတ်လွှတ်မြန် တာဟာ တစ်ဘဝလုံး(lifelong) ဖြစ်တတ်တာရှိသလို အရင်က သုတ်လွှတ်မြန်တာနဲ့ပတ်သက်ပြီး လိင်ဆက်ဆံတာအဆင်မပြေတဲ့အတွေ့အကြုံတွေကြောင့် အခုထိပြဿနာဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ သုတ်လွှတ်မြန် တာတွေကတခြားဘာ့ကြောင့်ဖြစ်နိုင်လဲဆိုရင်…. စိတ်ဓာတ်ကျတာ၊ စိတ်ပူတာ၊ အပြစ်မကင်းသလိုခံစားရတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဖြစ်နိုင်သလို 

အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ
|

အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ

မိမိစီးနင်းနေတဲ့ကားကို တာရှည်အသုံးခံဖို့ ဆီ၊ရေ၊လေ မကြာခဏစစ်ဆေးရသလိုပဲ နေ့စဉ်မိမိတို့ အသုံးပြုနေတဲ့ခန္ဓာကိုယ် အစဉ်ကျန်းမာနေစေဖို့လည်း စစ်ဆေးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိတဲ့အနက် ဥပမာအားဖြင့် မျိုးရိုးကြောင့်မဟုတ်သောဆီးချိုရောဂါ နှင့် အူမကြီး ကင်ဆာတို့ကို ကျန်းမာ​ရေးပုံမှန်စစ်ဆေးနေခြင်းကြောင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများမိမိကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်တဲ့ ရောဂါနဲ့ Test များကို အောက်ဖော်ပြပါအတိုင်း စုစည်းတင်ပြလိုက်ပါတယ်။ ၁) ဆီးကျိတ်ကင်ဆာ (Prostate Cancer) အမျိုးသားများတွင်အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကို ကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့်  မဖြစ်ပွားခင်မှာ ကြိုတင် သိနိုင်ပါတယ်။ အမေရိကန်မှာ အမျိုးသား ၉ယောက်လျှင်တယောက်ဖြစ်ပွားလေ့ရှိတာတွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် အမျိုးသားများတွင်ပိုဖြစ်လေ့ရှိပြီး အသက် ၄၀ အောက်အမျိုးသားများတွင်မူ ဖြစ်ပွားနှုန်းနည်းတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာ ကြိုတင်စစ်ဆေးခြင်းနည်းလမ်းများမှာ စစ်ဆေးသင့်သူများ-ပုံမှန်အသက် ၅၀နှင့်အထက် (သို့) ဆီးကျိတ်ကင်ဆာမျိုးရိုးရှိလျှင်…

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 
|

အမျိုးသား တွေကောသွေးဆုံးနိုင်လား? 

သဘာဝအရ အသက်၅၀ကျော် လာရင် အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာကို မလွဲမသွေကြုံတွေ့ရတဲ့အရာတစ်ခုပါ ။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အမျိုးသား တွေမှာကော သွေးဆုံးမှုဖြစ်တတ်လားဆိုတာပါ။  တစ်ကယ်တော့ အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာဖြစ်တတ်ပါတယ်! အမျိုးသား တွေအတွက်သွေးဆုံးတယ်ဆိုတာ testosterone hormone လျော့နည်းလာတာကို ပြောတာပါ။ တစ်နည်းအားဖြင့် ဆိုရင်တော့ လိင်စိတ်ဆန္ဒလျော့နည်းသွားတာပါ။Testosterone hormone က အမျိုးသားတွေအတွက် လိင်စိတ်တင်မက လူပျိုဖော်ဝင်ချိန် စိတ်အပြောင်းအလဲတွေ ၊စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးတာပါ ။  Testosteroneဟော်မုန်းလျော့နည်းလာတာဖြစ်တဲ့ အတွက်ဒီလိုလက္ခဏာတွေခံစားရပါတယ်!  ဒီလက္ခဏာတွေကလူကိုထိခိုက်လောက်တဲ့အထိခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသပါလို့အကြံပေးပါရစေ။  ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ခြင်း ၊ တရားထိုင်ခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ အိပ်ရေးဝဝအိပ်ခြင်းပြုလုပ်ပေးခြင်းက အချို့သော လက္ခဏာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရဆိုပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူနိုင်ပါတယ်။…

သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ
|

သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ

ဒီနေ့ကတော့  ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။  ပထမဦးဆုံး ဆီးကျိတ်ရောဂါ အကြောင်း  အနည်းငယ်  ပြောပြပါ့မယ်။  ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။  ၄င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့်  ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။  ဆီးကျိတ်ကြီးခြင်း  ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ Benign Prostate Hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ…