ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
| |

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?

Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက “ချန်ကာ(Chancre)” လို့ခေါ်တဲ့အနာဖုလေးပါ။…