ကလေးတိုင်းလိုလို ဘာလို့ သွားပိုးစား ကြတာလဲ

ကလေးတိုင်းလိုလို ဘာလို့ သွားပိုးစား ကြတာလဲ

သွားပိုးစား ရတဲ့ အဓိကအကြောင်းရင်းကတော့ ကလေးတိုင်းကြိုက်ကြတဲ့ အချိုများတဲ့အစားအစာထဲက သကြားကြောင့်ပဲဖြစ်ပါတယ်။ သွားထဲမှာ အက်စစ်ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေရှိပြီး သူတို့က သကြားဆိုအရမ်းကိုကြိုက်ကြပါတယ်။ သကြားတွေဝင်လာလေလေ၊ အက်စစ်တွေပိုထုတ်ပေးလေလေဖြစ်ပြီး ဒီအက်စစ်တွေက သွားရဲ့အပြင်လွှာကိုထိခိုက်စေပါတယ်။ခုလိုမထိခိုက်အောင်ကာကွယ်ပေးတာကတော့ “သွားရည်”ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုများလာတဲ့အခါ သူလည်းမကာကွယ်ပေးနိုင်တော့ပဲ သွားမှာ အခေါင်းပေါက်လေးတွေဖြစ်ပြီး သွားပိုးစားလာပါတော့တယ်။ အရင်ဆုံး သွားဘေးမှာ၊ အပေါ်မှာ အဖြူရောင်ထုံးခဲလေးတွေလို စုလာပြီး နောက်ပိုင်း အညို ဒါမှမဟုတ် အနက်ရောင်အဖြစ်ပြောင်းသွားပါတယ်။ အများစုကလေးတွေက ရှေ့အပေါ်ဘက်က သွားလေးချောင်းမှာ ပိုးစားတတ်ကြပါတယ်။ နို့စို့ကလေးအရွယ်မှာဆို ညတိုင်း နို့ဘူးကိုစုပ်ထားပြီးအိပ်တာကြောင့် သွားပိုးစားတတ်ပါသေးတယ်။ ကလေးငယ်များမှာ သွားပိုးစား ခြင်းကိုကာကွယ်ပေးနိုင်ဖို့အတွက် – တစ်ညလုံး နို့ဘူးစို့ပြီး မအိပ်ခိုင်းပါနဲ့။ – နို့စို့ပြီးလို့ ဗိုက်ဝတာနဲ့ မိခင်နို့ကပဲဖြစ်ဖြစ်၊ နို့ဘူးကပဲဖြစ်ဖြစ် တန်းခွာခိုင်းပါ။ – အချိုများတဲ့ အရည်တွေကို…

ကလေးတို့အတွက် Finger Food ပြင်ဆင်နည်း

ကလေးတို့အတွက် Finger Food ပြင်ဆင်နည်း

Finger Food ဆိုတာ ကလေးရဲ့လက်ကလေးတွေနဲ့ ကိုယ်တိုင်ကိုင်ယူပြီး ပါးစပ်ထဲတန်းထည့်စားလို့ရအောင် အနေတော်အရွယ်လှီးဖြတ်စီစဉ်ပေးထားတဲ့ စားစရာလေးတွေဖြစ်ပါတယ်။ (၈) လသားအရွယ်လောက်ကစပြီး Finger Food ကို ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။ အစားအစာသစ်တွေကို ပထမဆုံးကျွေးကြည့်မှာဖြစ်တာကြောင့် ကလေးနဲ့ဓာတ်မတည့်တာရှိမရှိသိရအောင် တစ်မျိုးချင်းစီ စမ်းကျွေးရပါမယ်။ အစားအစာအားလုံးကို နူးညံ့အောင် ချက်ပြုတ်ထားပြီး အများဆုံး ၁/၂ လက်မ လောက်အထိ အတုံးလေးတွေ စီစဉ်ပေးနိုင်ပါတယ်။ စစကျွေးချင်း ဘာတွေကျွေးရမလဲ? ခပ်ပျော့ပျော့အသီးအနှံတွေဖြစ်ကြတဲ့ သစ်တော်သီး ငှက်ပျောသီး၊ ဖရဲသီး၊ ကီဝီ၊ ထောပတ်သီးတို့နဲ့ စတင်နိုင်ပါတယ်။ အာလူး၊ ရွှေဖရုံသီး၊ ပဲ၊ မုန်လာဥနီ၊ ဘေဘီပြောင်းဖူး စတဲ့ဟင်းသီးဟင်းရွက်တွေကို နူးအိနေအောင် ပေါင်းပြီးပြုတ်ပြီး ကျွေးနိုင်ပါတယ်။ တဖြည်းဖြည်း အရှိန်ရလာတာနဲ့ အသားပြုတ်(အရေခွံမပါ)၊ အရိုးမပါတဲ့ငါး၊ တို့ဖူးအတုံးလေးတွေကို အရွက်နဲ့ရောပြီး စမ်းရွေးကြည့်နိုင်ပါတယ်။ ကြက်ဥ Hard-…

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ Probiotics သောက်သင့်သလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ Probiotics သောက်သင့်သလား?

ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ ဓာတ်ဆားရည်သောက်ဖို့ ဆရာဝန်တွေမှာလေ့ရှိသလို တခါတလေမှာ Probiotics အမှုန့်ထုတ်လေးတွေလည်း သောက်ဖို့ညွှန်ကြားတတ်ပါတယ်။ ဘယ်ဟာကို သောက်ဖို့ပိုအရေးကြီးသလဲ ဝမ်းပျက်ဝမ်းလျှော(အထူးသဖြင့် ပြင်းထန်ဝမ်းလျှောရောဂါ )ဖြစ်တဲ့အခါ ကိုယ်မှာရှိတဲ့ ရေဓာတ်တွေဆုံးရှုံးသွားသလို ဆိုဒီယမ်၊ ပိုတက်စီယမ်ဓာတ်တွေလည်း ဆုံးရှုံးသွားတယ်။ ဒီဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ အခြားဓာတ်တွေကို ပြန်ဖြည့်ဖို့အတွက်ဆို ဓာတ်ဆားကိုမဖြစ်မနေပြန်သောက်ဖို့လိုပါတယ်။ အန်တာတွေရှိတယ်၊ ဓာတ်ဆားသောက်တာထက်ကို ဝမ်းပိုလျှောနေတယ်ဆိုရင်တော့ အချိန်မီ ဆေးရုံကိုသွားပြဖို့ အရမ်းအရေးကြီးပါတယ်။ အူလမ်းကြောင်းမှာ လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုနေတဲ့ ဘက်တီးရီယားလေးတွေရှိပါတယ်။ သူတို့ကို Probiotics လို့ခေါ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဒီ ဘက်တီးရီးယားပိုးတွေရဲ့ မျှချေပျက်သွားတဲ့အတွက် ပြန်လည်ဖြည့်တင်းပေးရတာဖြစ်ပါတယ်။ Probiotics သောက်တဲ့အခါ အလွန်အကျွံသောက်ဖို့ မလိုအပ်ပါဘူး။ Probiotics အမှုန့်ထုတ်အနေနဲ့ မဟုတ်ပဲ ဒိန်ချဥ်လို Probiotics ကြွယ်ဝတဲ့အစားအစာတွေကိုလည်းစားပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အရေးကြီးဆုံးက ဓာတ်ဆားသောက်ဖို့ဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတာကို…

အမျိုးသမီးလေးတွေ သတိပြုရမယ့် “ မိန်းမကိုယ်ပိုးဝင်ခြင်း ”

အမျိုးသမီးလေးတွေ သတိပြုရမယ့် “ မိန်းမကိုယ်ပိုးဝင်ခြင်း ”

မိန်းမကိုယ်ပိုးဝင်ခြင်း ဆိုတာ သားအိမ်လမ်းကြောင်းနဲ့ မိန်းမအင်္ဂါအဝက တစ်ရှူးတွေမှာ မှိုပိုးဝင်ပြီး မခံမရပ်နိုင်အောင် ယားယံခြင်း၊ အရိအရွဲအရည်ထွက်ခြင်း၊ ကျိန်းစပ်ခြင်းတို့ပဲဖြစ်ပါတယ်။ အမျိုးသမီးလေးယောက်မှာ သုံးယောက်က မိန်းမကိုယ်ပိုးဝင်ခြင်းကို ခံစားရနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ မိန်းမကိုယ်ပိုးဝင်တယ်ဆိုတာ လိင်ဆက်ဆံခြင်းကြောင့်ဖြစ်တဲ့ရောဂါ လုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့ ပထမဆုံးအကြိမ် လိင်ဆက်ဆံဖူးချိန်နဲ့ ပါးစပ်နဲ့ဆက်ဆံတဲ့အချိန်တွေမှာတော့ ပိုးဝင်နိုင်ခြေပိုများပြားတာဖြစ်ပါတယ်။ မိန်းမကိုယ်မှာ ဘက်တီးရီးယားနဲ့ Candida လို့ခေါ်တဲ့မှိုတစ်မျိုး ရောနှောရှိနေရာကနေ Candida ပိုမိုများလာတာကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ အကြောင်းရင်းတွေက ပဋိဇီဝဆေးများသောက်ရခြင်း ကိုယ်ဝန်ရှိခြင်း ဆီးချို ကိုယ်ခံအား နည်းခြင်း အီစရိုဂျင်ဟော်မုန်းမြင့်တက်စေတဲ့ ဆေးများ၊ သန္ဓေတားဆေးများသောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ မိန်းမကိုယ်ပိုးဝင်ရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ? ယားယံကျိန်းစပ်ခြင်း ဆီးသွားချိန်၊ လိင်ဆက်ဆံချိန်မှာ လောင်သလိုခံစားရခြင်း မိန်းမအင်္ဂါအဝမှာ ရောင်ရမ်းနီမြန်းခြင်း သားအိမ်လမ်းကြောင်းမှာ နာကျင်ခြင်း အဖုအပိမ့်ထခြင်း အနံ့မပါတဲ့ အဖြူရောင် အရည်အချွဲပျစ်ပျစ်များထွက်ခြင်း…

ဝမ်းအရောင် ပြောင်းနေတာ ဘာကြောင့်ဖြစ်နိုင်သလဲ

ဝမ်းအရောင် ပြောင်းနေတာ ဘာကြောင့်ဖြစ်နိုင်သလဲ

ဝမ်းအရောင် က ကိုယ်စားလိုက်တဲ့အစားအစာနဲ့ သည်းခြေရည်ပမာဏပေါ်မူတည်ပြီး အညိုရောင်ကနေ အစိမ်းရောင်အထိရှိတတ်ပါတယ်။ အဆီတွေကို ချေဖျက်ထားရတဲ့ဝမ်းအရောင်ကတော့ အစိမ်းဖန့်ဖန့်အဝါရောင်အရည်ဖြစ်နေတတ်ပါတယ်။ သည်းခြေရည်ထဲက အရောင်ဖြစ်ပေါ်စေတဲ့ပစ္စည်းတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်က အင်ဇိုင်းတွေရဲ့ပြုပြင်မှုကိုခံရတာကြောင့် အစိမ်းရောင်ကနေ အညိုရောင်ပြောင်းပြီးဝမ်းသွားလေ့ရှိပါတယ်။ ကိုယ့်ရဲ့ဝမ်းအရောင်ပြောင်းလဲမှုက ဘာတွေကိုညွှန်ပြနေနိုင်လဲ အစိမ်းရောင် အစိမ်းရင့်ရောင်ဟင်းရွက်တွေ၊ အစိမ်းရောင်ဆိုးထားတဲ့အစားအစာတွေ၊ သံဓာတ်အားဖြည့်ဆေးတွေသောက်ထားရင် အစိမ်းရောင်ဝမ်းသွားတတ်ပါတယ်။ ဝမ်းပျက်တာကြောင့်လည်း ဝမ်းအစိမ်းရောင်သွားတတ်ပါတယ်။ ဝမ်းအရောင်ဖျော့/ရွံ့စေးရောင် သည်းခြေရည်ပြွန် ထိခိုက်မိတာကြောင့် သည်းခြေရည်မထုတ်နိုင်တဲ့အတွက် ဒီလိုဝမ်းအရောင်ဖျော့နေနိုင်ပါတယ်။ ဝမ်းပိတ်ဆေးအပါအဝင် အခြားဆေးဝါးတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဝါရောင်ရှိပြီး အနံ့လည်းဆိုးနေခြင်း Celiac Disease လို့ခေါ်တဲ့ Gluten နဲ့ဓာတ်‌မတည့်တဲ့ရောဂါမျိုးကြောင့် Malabsorption (ကောင်းစွာမစုပ်ယူနိုင်ခြင်း) ဖြစ်ပြီး ဝမ်းထဲအဆီများများပါနေတဲ့အတွက် ဒီလိုအရောင်၊ အနံ့ဖြစ်နေတတ်ပါတယ်။ ပေါင်မုန့် ၊ Cereal လို အစားအစာတွေစားပြီးရင်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းအမည်းရောင် အစာအိမ်နဲ့အူလမ်းကြောင်းအပေါ်ပိုင်း (အထူးသဖြင့် အစာအိမ်)…

သင့်ကလေးက ဖုန်းမကြည့်ရရင် အော်ဟစ်ငိုယိုဂျီကျတတ်နေပြီလား

သင့်ကလေးက ဖုန်းမကြည့်ရရင် အော်ဟစ်ငိုယိုဂျီကျတတ်နေပြီလား

ဖုန်းမကြည့်ရရင် အော်ဟစ်ငိုယိုဂျီကျ နေရင်တောင်မှ ကလေးလက်ထဲကို ဖုန်းမပေးလိုက်သင့်ပါဘူးနော်။ တစ်နေ့ကို (၄) နာရီနဲ့အထက် Screen -Time များနေတဲ့ အသက်တစ်နှစ်အောက်ကလေးတွေဟာ စကားစပြောဖို့နှေးတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုတွေထိခိုက်နိုင်ပါတယ်။ ခြေလက်လေးတွေကအစ သန်စွမ်းမလာပဲ ချိနဲ့ပြီး မူကြိုစတက်တဲ့အရွယ်ရောက်တဲ့အခါ ရွယ်တူကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပြဿနာတက်တာ၊ စာကောင်းကောင်းမသင်နိုင်တာ၊ ပျော်ရွှင်စွာမဆော့နိုင်တာ၊ အပြုံးအရယ်နည်းတာတွေဖြစ်လာနိုင်ပါတယ်။ အသက်တစ်နှစ်အောက်အရွယ်သာမကပါဘူး။ ဆယ်ကျော်သက်အရွယ်လောက်အထိ Screen Time များတဲ့ကလေးငယ်တွေဟာ အမြင်အာရုံအားနည်းတာ၊ လေးလံထိုင်းမှိုင်းတာ၊ အအိပ်ပျက်တာ၊ အစားပျက်တာ၊ မှတ်ဉာဏ်အားနည်းတာအပြင် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့လို စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကလေးအရွယ်အလိုက် ကျပ်မတ်ထားသင့်တဲ့ Screen -Time ကိုဖော်ပြပေးလိုက်ရပါတယ်။ အသက် (၁၈) လအောက်- လုံးဝ ဖုန်းကြည့်ခွင့်မပေးသင့်ပါ။ (၁၈- ၂၄) လအရွယ် – ဖုန်းထဲက၊ TV ထဲက…

အမှောင်ကိုကြောက်တဲ့စိတ် ( Nyctophobia ) အကြောင်း

အမှောင်ကိုကြောက်တဲ့စိတ် ( Nyctophobia ) အကြောင်း

အမှောင်ကိုကြောက်လန့်တဲ့ စိတ်အခြေအနေကို Nyctophobia လို့ခေါ်ပါတယ်။ အမှောင်ထဲမှာ နေရတာကိုသာမက အမှောင်ထဲက ကိုယ်မမြင်နိုင်တဲ့အရာတွေ၊ အသံတွေကိုပါ ကြောက်လန့်နေတတ်တဲ့ စိတ်အခြေအနေပဲဖြစ်ပါတယ်။ အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပြီး အသက် (၆) နှစ်ကနေ (၁၂) နှစ်အရွယ်ကြားကလေးတွေမှာ ပိုအဖြစ်များပါတယ်။ Nyctophobia ဖြစ်နေသူတွေဟာ မှောင်မှိက်တဲ့နေရာတွေ၊ မှောင်နေတဲ့ အိပ်ခန်း၊ နေဝင်ချိန်တွေနဲ့ ရုပ်ရှင်ထဲ ညပိုင်း ရိုက်ကွက်တွေမြင်ရတဲ့အချိန်မှာ ပြင်းထန်တဲ့ပူပင်သောကကိုခံစားကြရပါတယ်။ – အလွန်အမင်းချွေးထွက်လာတာ – ပူပင်ထိတ်လန့်လာတာ – ရုန်းရင်းဆန်ခတ်ဖြစ်လာတာ – စိတ်ခံစားချက်ပြင်းထန်လာတာ – အသက်ရှူမြန်လာတာ – နှလုံးခုန်မြန်လာတာ – ရင်ဘတ်အောင့်တာ – သွေးခုန်နှုန်းပြဿနာတွေကို အဓိကခံစားရပါတယ်။ ဒါ့အပြင် မျိုချရခက်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ ပျို့အင့်တာ၊ အော့အန်တာတွေလည်း အချို့မှာကြုံတွေ့ရတတ်ပါတယ်။ ကလေးတွေမှာအဖြစ်များပေမဲ့ အသက်အရွယ်မရွေးမှာဖြစ်နိုင်ပြီး…

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး
|

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေး က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? သွေးလွန်တုပ်ကွေး ရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။ Seek…

မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ အသားအရည်နဲ့ဆံပင်မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ?

မိုးရာသီမှာ ပူနွေးစွတ်စိုတဲ့ရာသီဥတုကြောင့် အသားအရည် တွေမပျက်စီးအောင် ဂရုစိုက်ရမဲ့နည်းလမ်းတွေကိုပြောပြပေးချင်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့် အသားအရည် မှာ အဆီ၊ ချွေး၊ အညစ်အကြေး၊ ဖုန်မှုန့်၊ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ထဲပိုပိတ်မိနေတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆေးကြောသန့်စင်ရမဲ့အပြင် တစ်ပတ်နှစ်ကြိမ်လောက် ချေးချွတ်ပေးသင့်ပါတယ်။ ပူနွေးစွတ်စိုမှုကြောင့်ပဲ မိတ်ကပ်ခပ်ထူထူလိမ်းတဲ့အခါ အဆီပြန်လွယ်တာ၊ အဆီတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Foundation ထူထူအစား BB cream ၊ CC cream လောက်လိမ်းပြီး ပေါ့ပါးတဲ့မိတ်ကပ်နဲ့နေပါ။ အရေပြားရဲ့ ခုခံအားကိုမြင့်တက်စေပြီး အသားအရည်ပြဿနာတွေလွယ်လွယ်မဖြစ်အောင် ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံတွေစားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ Skincare တွေလည်းသုံးပေးနိုင်ပါတယ်။ မိုးအုံ့နေပေမဲ့ UV rays တွေကအသားအရည်ကို ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အမြဲပုံမှန်လူးပေးသင့်ပါတယ်။ မိုးရာသီမှာ အသားအရည်က အစိုဓာတ်ရှိနေတတ်ပေမဲ့ အစိုဓာတ်ထိန်းခရင်မ်ထပ်လိမ်းစရာ လိုနေပါသေးတယ်။…

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးတွင်းမှာ အမြဲလုပ်သင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းများ

မိုးအေးအေးနဲ့ အိပ်ရာထဲကွေးလို့ကောင်းတုန်းလား? ကွေးပါများပြီး ခန္ဓာကိုယ်တစ်ခုလုံးညောင်းချိနေနိုင်တာကြောင့် အကြောလျှော့ လေ့ကျင့်ခန်း လောက်တော့ လုပ်ပေးသင့်ပါတယ်။ မိုးတွင်းမှာ လုပ်ပေးသင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးရင်း ကောင်းကျိုးအချို့ကိုလည်း ပြောပြပေးချင်ပါတယ်။ အချိန်တိုင်း မိုးရွာနေတာနဲ့ပဲ အပြင်ထွက်ပြီးလေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့အခါ အများစုခံစားရတာက ခေါင်းမကြည်တာပါပဲ။ အကြောလျှော့ နေချိန်မှာ အသက်ရှူသွင်းရှူထုတ်မှန်မှန်လုပ်ရင်း ဦးနှောက်ဆီအောက်စီဂျင်ရောက်ရှိတာကြောင့် ခေါင်းကြည်လင်စေပါတယ်။ လှုပ်ရှားမှုနည်းတာနဲ့အတူ အဆစ်အမြစ်တွေက အကွေးအဆန့်လုပ်တဲ့အခါ မသွက်လက်တော့ပဲ လေးလံနာကျင်နေတတ်ပါတယ်။ အကြောလျှော့ ပေးလိုက်မယ်ဆို အရိုးအဆစ်တွေက လှုပ်ရှားရပိုသွက်သွားပြီး ပေါ့ပေါ့ပါးပါးရှိသွားမှာပါ။ အိပ်ရာထဲ‌ကွေးပြီး ပြန်ထလိုက်တဲ့အခါ ကြွက်သားတွေ ညောင်းသလို၊ နာသလိုဖြစ်တတ်ပါသေးတယ်။ ဒါပေမဲ့စိတ်မပူပါနဲ့။ မနက်တိုင်း ဒါမှမဟုတ် ညနေတိုင်းအကြောလျှော့မယ်ဆို ကြွက်သားတွေပြေလျော့ပြီး စိတ်လည်း လေးလံမနေတော့ပဲ relax ဖြစ်သွားပါလိမ့်မယ်။ အကြောလျှော့ ရင်းနဲ့ တစ်ခါတည်း ကိုယ်ခံအားမြင့်တင်ပြီးသားဖြစ်အောင် လုပ်သင့်တာကတော့…