ရာသီလာတာများတဲ့ အခါ ဘာတွေသတိထားသင့်လဲ….🚫
|

ရာသီလာတာများတဲ့ အခါ ဘာတွေသတိထားသင့်လဲ….🚫

🙇‍♀️ မိန်းကလေးတွေဟာ ပုံမှန်အတိုင်းရာသီလာရင်တောင် နာကျင်ကိုက်ခဲတာတွေ၊ စိတ်ခံစားချက်ပြောင်းလဲတာတွေနဲ့ အတော်ဒုက္ခတွေ့ပါတယ်။ ရာသီလာတာများတဲ့ သူတွေကတော့ သာမန်လူတွေထက်ပိုပြီးဒုက္ခရောက်ရပါတယ်။ ရာသီလာတဲ့အခါ သွေးခဲတွေပါမယ်၊ Pad ကို တစ်နေ့ ၅ ခုကျော်လောက်လဲရမယ်၊ ရာသီလာတဲ့ရက်ကလည်း ၁ ပတ်ကျော်တဲ့ထိကြာမယ်၊ ရာသီလာတာများတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အားမရသလိုဖြစ်လာမယ်၊ မလုပ်နိုင်ဖြစ်လာမယ်။ ဒါဆို ဒီရာသီလာတာများတာဟာ ဘာတွေကြောင့်ဖြစ်နိုင်မလဲ… ဒီလိုရာသီလာတာများလွန်းတာဟာ… အဲ့တာကြောင့်မိမိမှာ… ⛔ ရာသီလာတာက တစ်နေ့ကို Pad ၅ ခုကျော်လောက်ကုန်လာရင် (သို့) ၂ နာရီခြားတစ်ခါလောက် Pad ကိုလဲနေရရင် ⛔ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေရှိလာရင် ⛔ နည်းနည်းလှုပ်ရှားရုံနဲ့ မောတာ၊ ရင်တလှပ်လှပ်တုန်တာ၊ အစားအသောက်ပျက်တာ၊ ဖြူဖပ်ဖြူလျော့ဖြစ်တာမျိုးတွေရှိလာရင် ⛔ ရာသီလာတဲ့ စက်ဝန်းတစ်လနဲ့တစ်လကြားမှာ ကြားဖြတ်သွေးဆင်းတာရှိလာရင်၊ သွေးဆင်းတာပုံမှန်မဟုတ်ဖြစ်လာရင် သတိထားပြီး ဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။ ဒေါက်တာနှင်းလွှာဖြူ…

မမျိုးဥ ကဘာတွေအရေးပါလဲ
| |

မမျိုးဥ ကဘာတွေအရေးပါလဲ

အမျိုးသမီးတွေအတွက် မမျိုးဥ ကြွေတဲ့ကာလဆိုတာအရေးကြီးတဲ့ရာသီစက်ဝန်းလည်ပတ်ဖို့ ကာလတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်လိုကြတဲ့အမျိုးသမီးတွေအတွက်မမျိုးဥကြွေချိန်ဟာသန္ဓေသားရဖို့အတွက်အရေးပါတဲ့အချိန်တစ်ခုပါ။ အမျိုးသမီးတွေရဲ့သားအိမ်ထဲမှာမျိုးဥပေါင်းများစွာဟာမွေးဖွားစဉ်ကာကတည်းက ပါဝင်လာပါတယ် မျိုးဥကြွေချိန်မှာ သွေးအနည်းငယ်ဆင်းတတ်သလိုဗိုက်အောင့်တာ မအီမသာဖြစ်တာ ကိုယ်ပူလေးနည်းနည်းရှိတာ မျိုးခံစားရတတ်ပါတယ်။ တလတခါအချိန်ကျရောက်လာတဲ့အခါ သားဥအိမ်ကနေ မမျိုးဥတစ်လုံးရင့်မှည့်လာပြီးသားဥပြွန်ထဲကိုကြွေကျလာပါတယ်။ ကိုယ်ဝန်ဆောင်လိုသူတွေအတွက်ကတော့ ဒီအချိန်ဟာ လေးရယူဖို့လိင်ဆက်ဆံဖို့သင့်တော်တဲ့အချိန်ဘဲဖြစ်ပါတယ်။ မမျိုးဥတစ်လုံးဟာကြွေပြီး ၁၂နာရီကနေ တရက်တာကာလ ၂၄နာရီထိပဲသက်တမ်းရှိတတ်ပါတယ်။ဒီကာလမှာအမျိုးသားဖြစ်သူရဲ့ သုတ်ပိုးနဲ့သွားရောက်ထိတွေ့ပြီး မျိုးဥအောင်တဲ့အခါ ၁၂ရက်အတွင်း သားအိမ်နေရာမှာ သွားရောက် တွယ်ကပ်ပါတယ်။ သဘာဝတရားရဲ့လုပ်ဆောင်ချက်အရဒီကာလမှာသားအိမ်နံရံကလည်းကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ပြင်ထားတာကြောင့် သားအိမ်နံရံကလည်းထူနေပေးပါတယ်။မမျိုးဥကြွေတဲ့အချိန်ကို တွက်ချက်နိုင်ဖို့ကတော့ရာသီသွေးပေါ်လာချိန်ဖြစ်တဲ့ပထမဆုံးဓမ္မတာလာရက်ကနေနောက်ထပ်တစ်ခေါက်ပြန်လာတဲ့ရက်အထိကိုမှတ်သားထားရပါတယ်။ ပုံမှန်ဓမ္မတာမှန်တဲ့အမျိုးသမီးတွေအနေနဲ့၂၈ရက်ကနေ၃၂ရက်တွင်းရှိတတ်ပါတယ်။ပထမဆုံးဓမ္မတာလာရက်ကနေ၁၂ရက်မြောက်နေ့ကနေ၂၁ရက်မြောက်နေ့အတွင်းကာလဟာမမျိုးဥကြွေကျတဲ့ကာလဖြစ်ပါတယ်။ ကိုယ်အပူချိန်တိုင်းကြည့်တာ မမျိုးဥကြွေမကြွေစစ်တဲ့OvulationTestKit နဲ့ Luteinizing Hormone ပမာဏကိုစစ်ပေးသင့်ပါတယ်။ သားဥကြွေမကြွေကို ကိုယ်ဝန်ရှိမရှိအရေးပေါ်ဆီးစစ်တံနဲ့စစ်သလိုပဲ စစ်ပေးနိုင်ပါတယ်။ ဟော်မုန်းပမာဏများလာရင် ဆီးစစ်တံအရောင်ပြောင်းလာတာမျိုးနဲ့ မမျိုးဥကြွေမကြွေကိုသိနိုင်ပါတယ်။အလုပ်များတဲ့ဇနီးမောင်နှံတွေကလေးလိုချင်တယ်ဆိုရင်တော့ ဒီစစ်နည်းကိုသုံးပြီးအတူနေဖို့ရက်ကိုရွေးနိုင်ပါတယ်။မမျိုးဥကြွေချိန်မှာတခြား ဖြစ်ပေါ်တတ်တာတွေကတော့ သွေးပေါင်ချိန်တိုးလာတာ၊ဆီးစပ်အောင့်တာ၊ တင်ပဆုံခွက်နာကျင်တာ၊ ရင်သားနေရာကတင်းရင်းတာ၊ အီစထရိုဂျင်ပမာဏတိုးလာတာကြောင့် လိင်စိတ်တက်ကြွနေတာမျိုးနဲ့ အဖြူဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ အမျိုးသမီး၂၀ရာခိုင်နှုန်းခန့်ကတော့မျိုးဥကြွေချိန်မှာနာကြင်ကိုက်ခဲနေတတ်ပါတယ်။ရာသီမလာခင်(၅)ရက်နဲ့ရာသီလာပြီး(၅) ရက်အတွင်းလိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်ချေနည်းပါးပါတယ်။စိတ်ဓာတ်ကျတာ ၊စိတ်ထိခိုက်တာမျိုးတခုခုရှိခဲ့မယ်ဆိုရင်တော့…

မိန်းကလေးတွေ ဆီးပူ၊ဆီးကျင် ဖြစ်လာရင် ဘာကိုသတိထားသင့်လဲ…🤦‍♀️
|

မိန်းကလေးတွေ ဆီးပူ၊ဆီးကျင် ဖြစ်လာရင် ဘာကိုသတိထားသင့်လဲ…🤦‍♀️

🤦‍♀️ မိန်းကလေးတွေတချို့ ဆီးပူ၊ဆီးကျင် ဖြစ်တယ် ဆီးအောင့်တယ်ဆိုပြီး အိမ်သာခဏခဏသွားရတာ၊ အိမ်သာထဲမှာ အချိန်တော်တော်ကြာတာ ကြုံဖူးကြမှာပါ။ တကယ်ခံစားဖူးရင် အတော့်ကို ခံရခက်တဲ့ဒုက္ခပါပဲ။ တချို့က မခံစားကြည့်ဖူးပဲ စိတ်ကဖြစ်နေတာ ဘာရောဂါမှမရှိဘူးလို့ပြောတတ်ကြပေမယ့် တကယ်တမ်းတော့ ဒါဟာ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ရောဂါတစ်ခုပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ဆီးလမ်းကြောင်းတိုတော့ ဆီးပိုးဝင်တာပိုဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့…ဆီးပူတာ၊ဆီးကျင်တာ၊ဆီးသွားရင်အောင့်တာ၊ ဆီးသွားရင်ပူသလိုခံစားရတာဆီးခဏခဏသွားတာ၊ ဆီးအရောင်နောက်တာ၊ ဆီးအနံ့နံတာ၊ဆီးခုံအောင့်တာချမ်းတာ၊ဖျားတာ၊ ပျို့တာ၊အန်တာ၊ နောက်ကျောနာတာ၊ ဆီးထဲသွေးပါတာ စတာတွေနဲ့လာတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ဆီးပိုးဝင်တတ်တဲ့နေရာတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးလမ်းကြောင်း၊ ဆီးအိမ် စတဲ့နေရာအလိုက် လက္ခဏာတွေကွာခြားမှုရှိနိုင်ပါတယ်။ 🤷‍♀️ ဆီးပိုးရှိမရှိသေချာအောင် အများအားဖြင့်ဆီးစစ်တာပြုလုပ်ရပြီး လိုအပ်ရင် တခြားစစ်ဆေးမှုတွေပါပြုလုပ်ရပါတယ်။ ကုသတာကတော့ ဒီဆီးပိုးကိုသတ်နိုင်တဲ့ ပိုးသတ်ဆေးကို သောက်သုံးရတာပါ။ တကယ်လို့သေချာသာမကုသဖူးဆိုရင်… ဆီးပိုးဝင်တာခဏခဏပြန်ဖြစ်တာ ဆီးလမ်းကြောင်းကျဥ်းတာ ကိုယ်ဝန်ဆောင်သည်တွေဆို နေ့မစိလမစိမွေးတာ ကျောက်ကပ်ပျက်စီးတာ သွေးဆိပ်တက်တာ တွေထိဖြစ်နိုင်ပါတယ်။ ဒေါက်တာကြယ်စင်သစ်

မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?
|

မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?

မိန်းမကိုယ်မှ အရည်ဆင်းခြင်းဖြစ်စဉ်ဟာ အမျိုးသမီးများကြုံတွေ့ရတဲ့ သဘဝဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီဆင်းလာတဲ့အရည်တွေက သန့်ရှင်းစိုစွတ်ပြီး၊ မိန်းမကိုယ်ကို ရောဂါပိုးမဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။ သင့်မိန်းမကိုယ်မှ ဆင်းနေတဲ့အရည်ဟာ ပုံမှန်ပဲလား စစ်ဆေးကြည့်ပါ။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆင်းလာတဲ့အရည်တွေဟာ  အရည်ဆင်းတဲ့အနည်းအများပမာဏဟာ တယောက်နဲ့တယောက်မတူညီကြပါဘူး။ ကိုယ်ဝန်ဆောင်မိခင် တွေဟာ အရည်တွေများများဆင်းနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေလျှင်၊ လိင်အပျော်အပါးလိုက်စား လျှင် လည်း အရည်တွေများများဆင်းနိုင်ပါတယ်။ ရာသီပေါ်ပြီးနောက်၊နောက်ရာသီစက်ဝန်းမပေါ်ခင် စပ်ကြားကာလတွေမှာ မိန်းမကိုယ်ဟာ ချွဲပြီးစိုနေလေ့ရှိပါတယ်။ ဘယ်အချိန်မှာ ရောဂါလက္ခဏာပြနေပြီလို့ဆိုနိုင်မလဲ? သင့်မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေဟာ အရောင်၊အနံ့၊ပုံသဏ္ဍာန် တို့ပြောင်းနေပြီဆိုလျှင် ဒါဟာ ရောဂါလက္ခဏာရှိနေပြီလို့ဆိုနေတာပါ။ ဆင်းတဲ့အရည်ဟာ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ? စသည့်အနေအခြေတွေမှာ ဆရာဝန်နှင့် ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းကို သင်မတားဆီးနိုင်ပါဘူး။ တကယ်လို့မိန်းမကိုယ်က အရည်အများကြီးဆင်းနေလျှင်၊အနံ့နံနေလျှင် panty liners…

မိန်းမကိုယ် ယားယံ တာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ…
|

မိန်းမကိုယ် ယားယံ တာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ…

‍♀️ မိန်းမကိုယ် ယားယံတာဟာ မိန်းကလေးတွေအတွက်တော့ အတော့်ကိုနေရခက်ပြီး သက်တောင့်သက်သာမဖြစ်စေတဲ့အရာတစ်ခုပါ။ ဒီလိုယားယံမှုတွေဟာ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်…. 1) ဓာတ်မတည့်တာကြောင့်တခါတလေကျ မိန်းမကိုယ် ယားယံတာဟာဆပ်ပြာတွေ၊ မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့ဟာတွေ၊ အနံ့ပါတဲ့ toilet paper တွေ၊ cream တွေနဲ့ဓာတ်မတည့်လို့ allergic ဖြစ်ပြီးယားယံတာမျိုးဖြစ်တတ်ပါတယ်။ 2)ဆီးချိုဖြစ်နေတာကြောင့်မိန်းမကိုယ်ယားယံတယ်ဆိုရင် ဆီးချိုရောဂါကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။ သွေးတွင်းအချိုဓာတ်တွေတက်ပြီး ဆီးချိုရောဂါရှိလာတဲ့အခါ မိန်းမကိုယ်ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ တခြားလက္ခဏာတွေကိုတော့ ကြည့်ဖို့လိုပါလိမ့်မယ်။ 3)မှိုပိုးဝင်တာကြောင့်၊ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဒီမိန်းမကိုယ်ကို တစေးပိုး(မှိုပိုး)ဝင်တာဟာ မိန်းကလေးတော်တော်များများကြားမှာ အဖြစ်များတတ်ကြပါတယ်။ အများအားဖြင့် ပိုးသတ်ဆေးတွေသောက်သုံးပြီးတဲ့အခါ ကောင်းတဲ့ ဘက်တီးရီးယားတွေသေပြီး ဒီမှိုပိုးတွေဟာ ဝင်ရောက်လာတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ယားယံတာကလည်း ထိုနည်း၎င်းပါပဲ။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာမှာတော့ ​ငါးညှီနံ့လို အနံ့ဆိုးဆိုးအဖြူရည်တွေဆင်းတတ်ပါသေးတယ်။ 4)လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ဆီးပူညောင်းကျရောဂါ၊ လိင်မှာဖြစ်တဲ့ ကြွက်နို့၊ရေယုန် စတဲ့ရောဂါတွေမှာလည်း မိန်းမကိုယ်ယားယံတာဖြစ်နိုင်ပါတယ်။ 5)စိတ်ဖိစီးမှုနဲ့ သွေးဆုံးတာကြောင့် စိတ်ဖိစီးတဲ့အခါ ကိုယ်ခံအားကျပြီး…

မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ? 
|

မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ? 

ကိုယ်ဝန်ဆောင်ချိန်ကာလ (gestation period) ကို အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပိုင်းခြားလို့ရပါတယ်။ ကိုယ်ဝန်အပ်ဖို့ (ဗိုက်အပ်) ဖို့ကို တော့ နိုင်ငံတကာမှာ ကိုယ်ဝန် (၈) ပတ်ကနေစပြီး ဆရာဝန်ဆီသွားသင့်တယ် လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် အနည်းဆုံးတော့ first trimester လို့ခေါ်တဲ့ ကိုယ်ဝန်ပထမပိုင်း အတွင်း (၁၃ ပတ်အတွင်း) မှာ သွားသင့်ပါတယ်။ သင်ဆရာဝန်ကို ပထမဆုံးသွားပြမယ်ဆိုရင်တော့ သင့်မှာလုပ် ဆောင်စရာလေးတွေ များပါလိမ့်မယ်။  ဆရာဝန်က သင့်ကိုဦးစွာ မေးခွန်းတွေမေးပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆုံးရာသီလာခဲ့တဲ့ အခေါက်ရဲ့ ပထမရက် (first day of last menstrual period) ကိုမေးပြီး သင့်ကို due date တွက်ပေးပါလိမ့်မယ်။…