ကလေးတို့အတွက် Finger Food ပြင်ဆင်နည်း
Finger Food ဆိုတာ ကလေးရဲ့လက်ကလေးတွေနဲ့ ကိုယ်တိုင်ကိုင်ယူပြီး ပါးစပ်ထဲတန်းထည့်စားလို့ရအောင် အနေတော်အရွယ်လှီးဖြတ်စီစဉ်ပေးထားတဲ့ စားစရာလေးတွေဖြစ်ပါတယ်။
(၈) လသားအရွယ်လောက်ကစပြီး Finger Food ကို ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။
အစားအစာသစ်တွေကို ပထမဆုံးကျွေးကြည့်မှာဖြစ်တာကြောင့် ကလေးနဲ့ဓာတ်မတည့်တာရှိမရှိသိရအောင် တစ်မျိုးချင်းစီ စမ်းကျွေးရပါမယ်။
အစားအစာအားလုံးကို နူးညံ့အောင် ချက်ပြုတ်ထားပြီး အများဆုံး ၁/၂ လက်မ လောက်အထိ အတုံးလေးတွေ စီစဉ်ပေးနိုင်ပါတယ်။
စစကျွေးချင်း ဘာတွေကျွေးရမလဲ?
ခပ်ပျော့ပျော့အသီးအနှံတွေဖြစ်ကြတဲ့ သစ်တော်သီး ငှက်ပျောသီး၊ ဖရဲသီး၊ ကီဝီ၊ ထောပတ်သီးတို့နဲ့ စတင်နိုင်ပါတယ်။
အာလူး၊ ရွှေဖရုံသီး၊ ပဲ၊ မုန်လာဥနီ၊ ဘေဘီပြောင်းဖူး စတဲ့ဟင်းသီးဟင်းရွက်တွေကို နူးအိနေအောင် ပေါင်းပြီးပြုတ်ပြီး ကျွေးနိုင်ပါတယ်။
တဖြည်းဖြည်း အရှိန်ရလာတာနဲ့ အသားပြုတ်(အရေခွံမပါ)၊ အရိုးမပါတဲ့ငါး၊ တို့ဖူးအတုံးလေးတွေကို အရွက်နဲ့ရောပြီး စမ်းရွေးကြည့်နိုင်ပါတယ်။
ကြက်ဥ Hard- Boiled ကို အရွက်နဲ့ရောပြီးဖြစ်ဖြစ်၊ ကြက်ဥမွှေကြော်ပုံစံဖြစ်ဖြစ် ကျွေးကြည့်လို့ရပါတယ်။
အသားတွေ၊ အရွက်တွေချည်းပဲ စားရတာရိုးမသွားအောင် ချိစ်နဲ့ အခြားတို့စားလို့ရတဲ့ အနှစ်လေးတွေ စီစဉ်ကြည့်ပေးပါ။
နောက်ပိုင်းမှာ ပေါင်မုန့်မီးကင်ကို ထောပတ်၊ ချိစ်သုတ်ပြီးကျွေးလို့ရပါပြီ။ ပေါင်မုန့်ဖြူထက် Wholemeal Bread လို့ရေးထားတာကိုရွေးချယ်ပါ။ ပေါင်မုန့်ကြားထဲ အသီး၊ အရွက်တွေညှပ်ပြီး ကျွေးကြည့်ပါ။ ပန်ကိတ်လုပ်ကျွေးပါ။
လုံးဝမမေ့သင့်တဲ့အချက်တွေကို ကလေးအတွက် ချက်ပြုတ်ပြင်ဆင်ရာမှာ…
နူးအိနေအောင် ချက်ပြုတ်ပါ။ အစိမ်းကျွေးမယ်ဆို သန့်စင်အောင်ဆေးပါ။
သန့်ရှင်းလတ်ဆတ်တဲ့ အသား၊ ငါး၊ အရွက်များကို ရွေးချယ်ပါ။
အရောင်တင်မှုန့်၊ အရသာမှုန့်တွေ လုံးဝမသုံးပါနဲ့။
ကျန်းမာဖွံ့ဖြိုးတဲ့ကလေးငယ်များဖြစ်လာစေဖို့ နည်းစနစ်ကျစွာ ကျွေးမွေးတတ်ပါစေနော်။