ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ
ဆောင်းတွင်းမှာ ပျိုမေတို့ စိတ်အညစ်ကြီးညစ်ရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်တဲ့ ခြေဖနောင့်ကွဲအက်ခြင်း ပြသနာကို ဘယ်လိုအလွယ်တကူ ကုသရမလဲဆိုတာမျှဝေပေးထားပါတယ်နော် …..
- ခြေထောက်ကိုဆပ်ပြာရည်ထဲမှာ မိနစ်၂၀ခန့်စိမ်ပါ။
- ခြေဖဝါးအသားမာရှိတဲ့နေရာကို သပွတ်အူ(သို့) ကျောက်နဲ့ ညင်သာစွာပွတ်တိုက်ပေးပါ။
- ခြေထောက်ကို ရေပြန်သုတ်ပြီး အခြောက်ခံပါ။
- ရေဓာတ်ထိန်းသိမ်းတဲ့ Moisturizer အဆီ(သို့)ခရင်မ် အမျိုးအစားတစ်ခုခု လိမ်းပေးပါ။ (အနည်းဆုံးတစ်နေ့ နှစ်ကြိမ်)
- Moisturizer မပျက်စေဖို့ ခြေအိတ်ဝတ်ဆင်ပါ။
အထက်ပါနီးလမ်းလေးတွေ အသုံးပြုပြီး ခြေဖနောင့် ကွဲလို့ စိတ်ညစ်ရခြင်းမှ ကင်းဝေးနိုင်ကြပါစေရှင်…..