|

သွေးလွန်တုပ်ကွေး ထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံး

သွေးလွန်တုပ်ကွေး က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား?

သွေးလွန်တုပ်ကွေး ရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။❗

သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။🦟

သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။

1️⃣ Search ရှာဖွေပါ။

ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။

2️⃣ Self Protection ကိုယ်တိုင်ကာကွယ်ပါ။

ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။

3️⃣ Say No ငြင်းဆန်ပါ။

ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။

4️⃣ Seek ရှာဖွေတောင်းခံပါ။

သွေးလွန်တုပ်ကွေးတစ်ကြိမ်ဖြစ်ပြီး ထပ်ဖြစ်တာဆိုရင် သွေးလွန်ခြင်းအခြေအနေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ထပ်ဖြစ်ပြီဆိုတာနဲ့ ဆေးရုံဆေးခန်းကိုအမြန်ဆုံးရှာဖွေသွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

#denguefever#z_waka_healthcare#z_waka

Similar Posts