သွေးလွန်တုပ်ကွေး ဖြစ်နေတဲ့ ကလေးငယ်ကို ပြုစုတဲ့အခါ…

သွေးလွန်တုပ်ကွေး ရောဂါဟာ ဖြစ်ပွားပြီး (၃) ရက်ကနေ (၇) ရက်အတွင်းမှာ ရုတ်တရက်ပြင်းထန်လာတာမျိုးဖြစ်နိုင်တာကြောင့် တုပ်ကွေးဖြစ်နေတဲ့ ကလေးငယ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေသင့်ပါတယ်။ ❗

အဖျားတက်နေချိန်မှာ 
✅ ကိုယ့်စိတ်ကြိုက် ပိုးသတ်ဆေးတွေ မတိုက်သင့်ဘဲ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ အချိန်မှန်တိုက်ပေးပါ။
✅ လူနာကို ရေဝတ်အေးအေးလေးကပ်ပေးနိုင်ပါတယ်။
✅ အညိုရောင်အစားအစာများကို မကျွေးပါနဲ့။
✅သွေးလွန်တုပ်ကွေးကြောင့် ရေဓာတ်အလွန်အမင်းဆုံးရှုံးနိုင်တဲ့အတွက် ရေနဲ့ဓာတ်ဆားကို များများတိုက်ပေးပါ။ စွပ်ပြုတ်ပူပူနဲ့ ဆန်းကစ်ဖျော်ရည်လို သဘာဝအသီးဖျော်ရည်တွေလည်း တိုက်နိုင်ပါတယ်။ 

သွေးလွန်တုပ်ကွေး ခြင်ကနေ ရောဂါထပ်မကူးစက်နိုင်အောင် 
✅ လူနာကို ခြင်ထောင်အောက်မှာပဲ အမြဲနေပါစေ။
✅ ခြင်လုံသံဇကာကပ်ထားခြင်း၊ ခြင်မလာအောင် တံခါးပိတ်ထားခြင်းများ လုပ်ပါ။ 
✅ ပတ်ဝန်းကျင်က ခြင်အောင်းနိုင်တဲ့နေရာများကို 

အောက်ပါလက္ခဏာများပေါ်လာရင် ဆေးရုံဆေးခန်းကိုအမြန်ဆုံးခေါ်သွားပေးပါ။ 
❎ ဆီးအသွားအလွန်နည်းခြင်း
❎ လသားကလေးတွေမှာ ငိုနေပေမဲ့မျက်ရည်မထွက်တော့ခြင်း
❎ ပါးစပ်၊ နှုတ်ခမ်း၊ လျှာတွေခြောက်သွေ့နေခြင်း
❎ မျက်တွင်းများချောင်ပြီးကျနေခြင်း
❎ ပျော့ခွေနေခြင်း
❎ နှလုံးခုန်သံများအဆက်မပြတ်မြန်လာခြင်း
❎ ခြေဖျားလက်ဖျားတွေ အရမ်းအေးနေခြင်း
❎ လသားကလေးများမှာ အသားချို့င့်ဝင်နေတာတွေ တွေ့ရခြင်း

သက်သာသွားပြီးနောက်မှာ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းပြီး အေးစက်သွားတာမျိုးဖြစ်တတ်လို့ ဒီအချက်ကိုအလွန်သတိထားရပါမယ်။ ❗

နာလန်ထပြီးနောက်ပိုင်းမှ 
❎ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း
❎ အဆက်မပြတ်အန်ခြင်း
❎ နှာခေါင်းသွေးယိုခြင်း ၊ သွားဖုံးများမှသွေးစိမ့်ခြင်း
❎ ဝမ်းသွားရင်သွေးပါခြင်း 
❎ အသက်ရှူကျပ်ခြင်း
❎ ဂနာမငြိမ်ဖြစ်ခြင်း
❎ အေးစက်ပြီး ပျော့ခွေသွားခြင်း စတဲ့လက္ခဏာများကိုတွေ့ရှိရပါက ဆေးရုံကိုချက်ချင်းသွားသင့်ပါတယ်။

Similar Posts