| |

ဆောင်းရာသီ နှင့် ကျန်းမာရေး ပြဿနာများ

ဆောင်းရာသီ ကာလရဲ့အအေးဒဏ်ကိုခံစားရသူတွေကတော့ အသက် ၆၅ နှစ်နှင့်အထက်လူများနဲ့ အသက် ၅ နှစ်အောက်ကလေးများပဲဖြစ်ပါတယ်။

ဒါ့အပြင် အာဟာရချို့တဲ့သူများ၊ ပန်းနာရင်ကျပ်၊ အဆုတ်‌စတဲ့ ရောဂါတွေ ဖြစ်ပြီးနာတာရှည်ဖြစ်နေသူများ၊ အရိုးအဆစ်ပိုင်းဆိုင်ရာမသန်စွမ်းသူများ၊ အာသီး‌‌ယောင်ပြီးလည်ချောင်းနာသူများ၊ ဖျားနာလွယ်သူများ၊ လေးဘက်နာဝေဒနာရှိသူများအ‌နေနဲ့သတိထားသင့်သလို သွေးပေါင်ချိန်တက်လာပြီးနှလုံးကိုပိုမိုဖိအားပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စိတ်ကျန်းမာရေးမကောင်းသူ‌များကိုလည်းပိုပြီးဂရုစိုက်သင့်ပါတယ်။


ဆောင်းရာသီမှာ စိတ်ပိုင်းဆိုင်ရာ ထိုင်းမှိုင်းလေးလံခြင်း‌တွေဖြစ်တတ်သလို ထိပ်ခတ်နာရှိသူများ၊ ဓာတ်မတည့်ဝေဒနာရှိသူများအတွက်လည်းပိုပြီးတော့ သတိထားသင့်တဲ့အချိန်ပါ။


ပညာရှင်တွေရဲ့အကြံပြုချက်တွေအရတော့ မိမိတို့အိမ်တွေရဲ့ လေ အရည်အသွေးကိုဂရုစိုက်ဖို့လိုပါတယ်။

ဆောင်းတွင်းကာလမှာ တောင်ပေါ်ဒေသနေသူတွေဆိုရင် အိမ်ထဲမှာအချိန်ပိုပေးတာများနိုင်ပါတယ်။ ဒါကြောင့်အိမ်တွင်းကလေထုကိုသန့်စင်ပြီးဓာတ်မတည့်ခြင်းများကိုကာကွယ်ဖို့လိုပါတယ်။

အိမ်တွင်းကဖုံတွေကိုသန့်စင်ပေးတာ၊ လေထုစစ်ထုတ်ပေးတဲ့ စက်လိုမျိုးတွေကို အသုံးပြုပေးနိုင်ပါတယ်။


ဆောင်းတွင်းကာလဟာ ပိုးမွှားတွေပေါက်ပွားတတ်တာမို့ လက်ကို မကြာခဏဆေးကြောပေးဖို့လိုပါတယ်။
သွေးပူလေ့ကျင့်ခန်းလိုမျိုး ပုံမှန်လုပ်ပေးသင့်သလို ချွေးထုတ်တဲ့နည်းလမ်းတွေနဲ့ ချွေးထုတ်ပေးဖို့လိုပါတယ်။

ဗီတာမင်ဖြည့်စွက်ဆေးများကိုကိုယ်ခံအားတိုးမြှင့်စေဖို့သောက်သုံးပေးသင့်ပါတယ်
သဘာဝ Herbal Tea လေးတွေသောက်ပေးတာ၊ နေထွက်လာချိန်ကိုနေရောင်ခံပေးတာမျိုးလေးတွေကလည်းစိတ်ကိုကြည်လင်စေပါတယ်။

အာဟာရပြည့်ဝအောင်သီးနှံသားငါးမျှတ‌အောင်စားသုံးပေးတာ၊ ပူပူနွေးနွေးအစားအစာတွေစားသုံးပေးတာက ဆောင်းရာသီအတွက်အာဟာရဓာတ်ကို ပြည့်‌ဝစေပါတယ်။ ကလေးငယ်တွေရှိမယ်ဆိုရင်တော့ကိုယ်ခံစွမ်းအားကိုတိုးမြှင့်နိုင်ဖို့ ကာကွယ်ဆေးတွေကိုသေချာထိုးထားပေးသင့်ပါတယ်။

ဒါ့အပြင် ရာသီအလိုက် ဖြစ်တတ်တဲ့ရောဂါတွေကိုလည်းမမေ့ဖို့လိုပါတယ်။ ခြေဖနောင့်ကွဲတာ၊ နှုတ်ခမ်းကွဲတာ၊ အရေပြားခြောက်သွေ့ယားယံတာ၊အသားပတ်တာလိုမျိုးအရေပြားပျက်စီးတာတွေကဆောင်းရာသီမှာသတိပြုသင့်ပါတယ်။

ဆောင်းရာသီမှာ အရေပြားစောင့်ရှောက်မှုအ‌ နေနဲ့ရေဓာတ်နဲ့ ‌ဗီတာမင်အီး ပါဝင်တဲ့ ခရင်တွေ ကိုလိမ်းပေးသင့်ပါတယ်။

ရာသီဥတုအေးနေတဲ့အချိန်မှာမေ့တတ်တာတစ်ခုကရေပုံမှန်သောက်ဖို့ပဲဖြစ်ပါတယ်။ ရေဓာတ်မခမ်းခြောက်စေဖို့အမြဲတမ်းရေဗူးဆောင်ထားပြီးသောက်ပေးသင့်ပါတယ်။ ရေဓာတ်ဟာခန္ဓာကိုယ်တွင်းအဆိပ်များကိုဖယ်ရှားနိုင်ပြီးကျောက်ကပ်ဝေဒနာဖြစ်ခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။ အိပ်ရေးဝဝ အိပ်ခြင်းကလည်းစိတ်ဖိဆီးမှုကိုသက်သာစေပြီးကျန်းမာရေးကိုထိန်းညှိပေးနိုင်ပါတယ်။ အရက်နဲ့ဆေးလိပ်သောက်ခြင်း တွေကိုရှောင်ကြဉ်ပြီးမိမိနဲ့မိသားစုကျန်းမာရေးကိုဂရုစိုက်ပေးသင့်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Similar Posts