|

အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ 

ခေတ်လူငယ်၊လူလတ် အမျိုးသားများရဲ့ မြို့ပြလူနေမှုစရိုက် များအနက် အချို့ နေထိုင်မှုပုံစံ များက မိမိကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာတင်ပြသွားမှာ ဖြစ်ပါတယ်။

များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများနဲ့ယှဉ်ရင် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုအားနည်းတတ်ကြပါတယ်။ ဒါကြောင့်သတိမမူမိတဲ့ ရှောင်ကြဉ်သင့်သော အပြုအမူလေးတွေကို စုစည်းတင်ပြထားလိုက်ပါတယ်။

1. Alcohol အလွန်အကျွံသောက်ခြင်း

အလုပ်ကအပြန် stress စိတ်ဖိစီးမှုများလို့ သောက်မိခြင်း၊ လုပ်ငန်းစကားပြောဆိုမှုကြောင့်သောက်မိခြင်း၊ အလုပ်အောင်မြင်၍ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် သောက်ခြင်း၊ ပိတ်ရက် သူငယ်ချင်းများဆုံ၍သောက်မိခြင်းစသဖြင့် မြို့ပြလူငယ်လူလတ်အများစုက မသိမသာနဲ့ အရက်ဘီယာသောက်သုံးမှုပမာဏများပြားလာပါတယ်။

ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အပြင်ကို ရေတို အနေနဲ့လဲ ခန္ဓာကိုယ်ဝလာခြင်း၊ အသားရေခြောက်သွေ့လာခြင်း၊ ဖောလာခြင်း၊ အိပ်ရေးမဝခြင်း၊ ကိုယ်သင်းနံ့မကောင်းခြင်းများ တဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့်ပမာဏထိန်း သောက်ပြီး မိမိကိုယ်ကို အလွန်အကျွံမဖြစ်စေရန်သတိမူသင့်ပါတယ်။

2. ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးလေ့မရှိခြင်း

အမျိုးသားအများစုက မိမိခံစားနေရသော ရောဂါလက္ခဏာတစုံတခုရှိပါကသက်ဆိုင်ရာဆေးရုံဆေးခန်းသွားပြီး တိုင်ပင်ဆွေးနွေးမှုအပိုင်းမှာ အမျိုးသမီးများထက်အားနည်းတာတွေ့ရပါတယ်။ ဒါကိုလည်း တချို့ရောဂါတွေတွေ့ရှိမှုပိုင်းမှာနှောင့်နှေးစေတတ်လို့ အချိန်မလွန်ခင် အချို့ရောဂါလက္ခဏာရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုလည်း အချိန်ပေးသင့်ပါတယ်။

3. ခံစားချက် Feelings များကို မြိုသိပ်ထားတတ်ခြင်း

ဒီနေရာမှာလဲ အမျိုးသားများနဲ့ အမျိုးသမီးများကွာခြားချက်ကိုတွေ့ရပါတယ်။ များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများလောက်ခံစားချက်များ အလုပ်ကိစ္စများကို မိမိမိတ်ဆွေများကို တိုင်ပင်ဆွေးနွေးမှုပိုင်းမှာအားနည်းတတ်ကြပါတယ်။ ပျော်နေလားစိတ်ဓာတ်ကျနေလား ဘေးလူ တွေ မသိရအောင်နေတတ်ကြပါတယ်။ဒေါသနဲ့ စိတ်ဓာတ်ကျစရာများရှိပါက မိမိချစ်ခင်ယုံကြည်ရသူများနဲ့တိုင်ပင်ခြင်းက လည်း မလိုလားအပ်ပဲနှလုံးရောဂါ ရရှိမှုကို ကာကွယ်နိုင်ပါတယ်။

4.ကိုယ်ခန္ဓာအတွက်Gym Training များခြင်း

Gym သွားပြီး အပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးကိုယ်ခန္ဓာလှအောင်လုပ်ခြင်းထက် ကျွမ်းကျင်သော personal trainer တယောက်ယောက်ရဲ့အကူအညီနဲ့ အစားအသောက် plan မှ အစ ကစားပုံများအဆုံး စနစ်တကျကစားသင့်ပါတယ်။ အားကစားနဲ့ကျန်းမာရေးသိပ္ပံပညာရှင်များရဲ့ဖော်ပြချက်အရ အပြင်းအထန်လေ့ကျင့်ခန်း လုပ်ခြင်း ကိုမိနစ်၉၀ထက်ကျော်လွန်၍ လုပ်ခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်းစေပြီး ဖျားနာခြင်းကိုဖြစ်ပေါ်စေပါတယ်။

5. ဆေးလိပ်သောက်ခြင်း

စဉ်းစားတွေးခေါ်ရင်း လုပ်ငန်းအကြောင်းပြောဆိုခြင်းမှ အစ အကြောင်းအမျိုးမျိုး ကြောင့် ဆေးလိပ်သောက်မိရာမှ ဖြတ်ရခက်သော အဆင့်ထိရောက်ရှိတတ်ပါတယ်။

ဆေးလိပ်သောက်ခြင်းက မောလွယ်ခြင်း၊ အဆုတ်ရောဂါ၊နှလုံးရောဂါ၊ အမျိုးသားစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါ မှ သည် အဆုတ်ကင်ဆာ၊လေဖြတ်ခြင်း၊ကလေးမရခြင်းအထိဆိုးကျိုးများစွာရရှိနိုင်ပါတယ်။

6.Fast Food အလွန်အကျွံစားသုံးခြင်း

American Research Center တခုက လေ့လာတွေ့ရှိချက်အရ ၄၇%သောအမျိုးသားများ နှင့် ၃၅% သောအမျိုးသမီးများ က အပတ်စဉ်အပြင်အစားအစာစားလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ အသင့်ချက် အမြန်ချက်ထားသောFast Food များဟာ မိမိတနေ့လိုအပ်ချက်ထက်ပိုလွန်သော calorie ကယ်လိုရီများပါဝင်ပြီး ဆား၊အရသာမှုန့်ပါဝင်မှုများသောကြောင့် အဝလွန်ခြင်း၊နှလုံးရောဂါဖြစ်ပွားခြင်း၊ဆီးချိုနဲ့ကင်ဆာရောဂါဖြစ်ပွားမှုများကို အားပေးနိုင်ပါတယ်

အထက်ပါ အပြုအမူများက ယနေ့မြို့ပြလူငယ်အများစုမှာ တွေ့ရလေ့ရှိပြီး တန်ဆေးလွန်ဘေးမဖြစ်ပဲ ဆင်ခြင်နိုင်အောင်တင်ပြလိုက်ပါတယ်။

အားလုံးပဲဘေးကင်းကျန်းမာပါစေ။

Ref: 

https://www.realbuzz.com/articles-interests/health/article/11-worst-health-mistakes-men-make

#GetfitStayfit

#Stayfitwithus

Similar Posts