အိပ်ပြီး ဝိတ်ချကြမယ်
|

အိပ်ပြီး ဝိတ်ချကြမယ်

ဟုတ်ပါတယ်။ အိပ်စက်ခြင်းက ကိုယ်အလေးချိန်ချတာကိုအထောက်အပံ့ဖြစ်စေပါတယ်။ တကယ်လို့များ အိပ်စက်ပြီး ဝိတ်ချကြမယ် လို့ ဆိုလာခဲ့ရင် ပရိတ်သတ်ကြီး သဘောတွေ့စရာ ကိစ္စတစ်ခုများ ဖြစ်သွားလေမလား။

သုတေသနစာတမ်းတစ်ခုအရ ညဘက်တစ်နာရီပိုအိပ်တာ က အိပ်မပျော်တတ်တဲ့ကိုယ်အလေးချိန်များသူတွေမှာ ၂၇၀ ကယ်လိုရီ လျော့စားဖြစ်စေတယ်လို့ ဆိုထားပါတယ်။

(၂၇၀ ကယ်လိုရီ ဆိုတာ ချိစ်ဘာဂါတစ်လုံး (သို့) ကြက်ဥအလုံးကြီး လေးလုံးစာနီးပါးရှိတဲ့ ပမာဏနဲ့ ညီမျှပါတယ်)

ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့သူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံအတိုင်းစားသောက်ဖြစ်ဖို့ အကူအညီပိုဖြစ်စေတာ ဖြစ်ပါတယ်။

ဘယ်နည်းဘယ်ပုံ အိပ်ရင်း ဝိတ်ချကြမယ်

အိပ်စက်ပြီး ဝိတ်ချကြမယ် ။ အိပ်စက်ချိန်တိုးလိုက်တဲ့အခါ သရေစာပိုစားမိတဲ့အချိန်ကို လျော့စေတဲ့အချက်ကြောင့်တင်မကဘဲ အစာစားချင်စိတ်၊ ဗိုက်ပြည့်တာ၊ ဗိုက်ဆာတာစတဲ့ခံစားချက်တွေအပေါ်မှာ သက်ရောက်မှုရှိစေနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။

ညအိပ်မပျော်တဲ့အခါ ဆာလောင်စေတဲ့ ဟော်မုန်းတစ်မျိုး(ဂရီလင်ဟော်မုန်း) ရဲ့ပမာဏကို ပိုတက်စေပြီး ဆာလောင်မှုကို ထိန်းချုပ်တဲ့ဟော်မုန်း (လက်ပ်တင်) ကိုတော့ လျော့ကျစေနိုင်တယ်လို့ တွေ့ရှိချက်တစ်ခုကဆိုထားပါတယ်။

ညအိပ်မပျော်တဲ့သူတွေက ငန်တဲ့အစာ၊ ချိုတဲ့အစာနဲ့ အဆီများတဲ့ အစားအစာတွေ သရေစာတွေစားချင်စိတ်ကိုပိုဖြစ်စေနိုင်ပါသေးတယ်။

ဒီတော့ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့ ညဘက်အိပ်ရေးဝဝအိပ်စက်ကြဖို့ အကြံပြုလိုက်ရပါတယ်။ ကဲ အိပ်စက်ပြီး ဝိတ်ချကြမယ် နော်။

Similar Posts