ရာသီလာတာများတဲ့ အခါ ဘာတွေသတိထားသင့်လဲ….🚫
🙇♀️ မိန်းကလေးတွေဟာ ပုံမှန်အတိုင်းရာသီလာရင်တောင် နာကျင်ကိုက်ခဲတာတွေ၊ စိတ်ခံစားချက်ပြောင်းလဲတာတွေနဲ့ အတော်ဒုက္ခတွေ့ပါတယ်။
ရာသီလာတာများတဲ့ သူတွေကတော့ သာမန်လူတွေထက်ပိုပြီးဒုက္ခရောက်ရပါတယ်။
ရာသီလာတဲ့အခါ သွေးခဲတွေပါမယ်၊ Pad ကို တစ်နေ့ ၅ ခုကျော်လောက်လဲရမယ်၊ ရာသီလာတဲ့ရက်ကလည်း ၁ ပတ်ကျော်တဲ့ထိကြာမယ်၊ ရာသီလာတာများတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အားမရသလိုဖြစ်လာမယ်၊ မလုပ်နိုင်ဖြစ်လာမယ်။
ဒါဆို ဒီရာသီလာတာများတာဟာ ဘာတွေကြောင့်ဖြစ်နိုင်မလဲ…
- သားဥမကြွေလို့
- သားအိမ်အလုံးဖြစ်လို့
- ဟော်မုန်းမညီမျှလို့
- သားအိမ်အတွင်းနံရံက ဂလင်းတွေက သားအိမ်ကြွက်သားတွေထဲကိုရောက်ရှိနေလို့
- သားအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်လို့
- သားအိမ်ထဲထည့်တဲ့ကိုယ်ဝန်တားတဲ့ ဟော်မုန်းပစ္စည်းကြောင့်
- မျိုးရိုးလိုက်တဲ့ သွေးရောဂါတစ်ခုခုရှိနေလို့
- အကိုက်အခဲပျောက်ဆေး၊ ဟော်မုန်းဆေး၊ သွေးကျဲဆေးတွေသောက်သုံးနေလို့ စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဒီလိုရာသီလာတာများလွန်းတာဟာ…
- သံဓာတ်အားနည်းတာ
- ရာသီလာစဉ်အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေပါ ဖြစ်လာတတ်ပါတယ်။
အဲ့တာကြောင့်မိမိမှာ…
⛔ ရာသီလာတာက တစ်နေ့ကို Pad ၅ ခုကျော်လောက်ကုန်လာရင် (သို့) ၂ နာရီခြားတစ်ခါလောက် Pad ကိုလဲနေရရင်
⛔ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေရှိလာရင်
⛔ နည်းနည်းလှုပ်ရှားရုံနဲ့ မောတာ၊ ရင်တလှပ်လှပ်တုန်တာ၊ အစားအသောက်ပျက်တာ၊ ဖြူဖပ်ဖြူလျော့ဖြစ်တာမျိုးတွေရှိလာရင်
⛔ ရာသီလာတဲ့ စက်ဝန်းတစ်လနဲ့တစ်လကြားမှာ ကြားဖြတ်သွေးဆင်းတာရှိလာရင်၊ သွေးဆင်းတာပုံမှန်မဟုတ်ဖြစ်လာရင် သတိထားပြီး ဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။
ဒေါက်တာနှင်းလွှာဖြူ
#menorrhagia #women_health
#We_R_z_waka