အယ်လ်ဇိုင်းမားရောဂါ
ကမ္ဘာတစ်ဝန်းက သက်ကြီးရွယ်အိုတွေမှာ အဖြစ်အများဆုံး မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါက အယ်လ်ဇိုင်းမားရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၅ နှစ်နဲ့အထက် လူကြီးတွေမှာ အဖြစ်များပြီး ကမ္ဘာတစ်ဝန်းက မှတ်ဉာဏ်ချို့ယွင်းသူဦးရေရဲ့ ၆၀-၇၀% ဟာ အယ်လ်ဇိုင်းမားကြောင့် ဖြစ်ပါတယ်။ (source- mayo clinic) အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ဆိုတာဘာလဲ။ အယ်လ်ဇိုင်းမားရောဂါဆိုတာ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးစေတဲ့ ဦးနှောက်ရောဂါတစ်မျိုးပါ။ အသက်ကြီးလာတဲ့သူတွေမှာ အတွေ့ရများတဲ့ ဒီရောဂါကြောင့် လူနေမှုဘဝကို များစွာထိခိုက်စေနိုင်ကာ ရောဂါအစပျိုးချိန်မှာ သတိမထားမိတတ်ကြပဲအချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကို ပကတိပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်နဲ့ ရောဂါတိုးတက်နှုန်းကို နှေးကွေးအောင် ကုသလို့ရပါတယ်။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကအကြောင်းရင်းကို အတိအကျ…
ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား
ဝမ်းပိတ်ဆေးဆိုတာ ဝမ်းလျှောတာကို သက်သာစေဖို့ သောက်သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းပိတ်ဆေးဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးတွေနဲ့ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းကို နှောင့်နှေးစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးအသုံးပြုဖို့ မသင့်တော်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ အကြောင်းရင်းများ ဝမ်းပိတ်ဆေးကို သုံးသင့်တဲ့ အခြေအနေများ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အိမ်မှာ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကြမလဲ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်လဲ ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ အများစုကတော့ ရေဓာတ်များများဖြည့်ပြီး အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ခံစားလာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေ။
အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း
အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုက သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပြီး မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။ နောက်ဆုံးရာသီလာပြီးနောက် ၁၂ လအထိ ရာသီမလာတော့မှ သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ခံစားရလေ့ရှိပြီး ဒီလက္ခဏာတွေကိုစုပေါင်းကာ သွေးဆုံးကိုင်ခြင်း လို့ခေါ်ကြပါတယ်။ သွေးဆုံးကိုင်ချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေက ဘာတွေလဲ။ သွေးဆုံးကိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။ သွေးဆုံးကိုင်ချိန်ကို ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး နေထိုင်နိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အခက်အခဲတွေ…
မိန်းမကိုယ်ပိုးဝင်ခြင်း
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ အရည်ဆင်းတာ စတာတွေကြုံရပြီဆို ဒါတွေဟာ မိန်းမကိုယ်ပိုးဝင်ခြင်း ကြောင့် ဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းဆိုတာ မိန်းမကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ဒါမှမဟုတ် ကပ်ပါးပိုးတွေ ဝင်ရောက်ပြီး ရောဂါပိုးကူးစက်ခံရတာကို ဆိုလိုပါတယ်။ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ မိန်းမကိုယ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပုံမှန်အချိုးအစား မညီမျှတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာလည်း ကူးစက်နိုင်ပါတယ်။ မိန်းမကိုယ်မှာရှိတဲ့ Candida လို့ခေါ်တဲ့ မှိုပိုးတွေ ပုံမှန်ထက် ပိုပြီးပွားလာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆီးချိုရောဂါရှိသူတွေ၊ ပဋိဇီဝဆေးတွေ သောက်နေသူတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ၊ ချွေးထွက်များတာတွေကလည်း မှိုပိုးပွားမှုကို အားပေးပါတယ်။ ဂနိုရောဂါ၊ ဆီးပူညောင်းကျရောဂါ၊…
အလှအပခွဲစိတ်မှု နောက်ကွယ်က သိထားရမယ့်အန္တရာယ်များ
အလှအပ ခွဲစိတ်မှုတွေဟာ လူအများရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲပေးနိုင်ပေမဲ့ အလုံးစုံ အန္တရာယ်ကင်းတဲ့ လုပ်ဆောင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် အလှအပ ခွဲစိတ်မှု မလုပ်ခင်မှာ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေကို သေချာသိထားဖို့ အရေးကြီးပါတယ်။ ခွဲစိတ်မှုနဲ့ ဆက်နွယ်တဲ့ အန္တရာယ်များ: ခွဲစိတ်မှုလုပ်စဉ်မှာ သွေးထွက်တာ ဒါမှမဟုတ် ခွဲစိတ်ပြီးတဲ့နောက် သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာ သွေးထွက်တာ များရင် သွေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုလုပ်တဲ့နေရာမှာ ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ပိုးဝင်ရင် အနာရောင်ရမ်းတာ၊ နာကျင်တာ၊ အဖျားတက်တာတွေ ဖြစ်နိုင်ပြီး ပိုးသတ်ဆေးတွေ သုံးစွဲဖို့ လိုအပ်နိုင်ပါတယ်။ မေ့ဆေးနဲ့ မတည့်တဲ့သူတွေမှာ အသက်ရှူရခက်တာ၊ နှလုံးခုန်မမှန်တာ၊ ဓာတ်မတည့်မှုတွေ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ သွေးခဲတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးခဲတွေဟာ အဆုတ် ဒါမှမဟုတ်…
အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV
အမျိုးသားချင်း လိင်ဆက်ဆံခြင်းက HIV အပါအဝင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများဖြစ်နိုင်ခြေကို ပိုများစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကာကွယ်မှုနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ HIV ဆိုတာဘာလဲ “Human Immunodeficiency Virus ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး” လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ HIV ပိုးဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်ကို ဖြည်းဖြည်းချင်း အားနည်းသွားစေပြီး ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ဘယ်လိုကူးနိုင်လဲ အဓိကအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရနိုင်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။ လိင်ဆက်ဆံပြီးနောက် ဘယ်လို လက္ခဏာတွေပေါ်လာရင် HIV စစ်ဆေးမှု ခံယူသင့်လဲ အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ကူးစက်မခံရအောင် ဘယ်လိုလုပ်ရမလဲ …
အမျိုးသားတို့ရဲ့စွမ်းဆောင်ရည်ကို ဘာတွေက ကျဆင်းစေလဲ
အမျိုးသားတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေအပြင် နေ့စဉ်လူနေမှုပုံစံနဲ့လည်း ဆက်စပ်နေလေ့ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပြီး လူမှုရေးဆိုင်ရာအားနည်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတဲ့ အကြောင်းအရင်းများ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများ: လူနေမှုပုံစံ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဘာတွေ လုပ်ရမလဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းအရင်းကို ရှာဖွေကုသသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံကို မွေးမြူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
အရေးပေါ်တားဆေး နဲ့ နေ့စဉ်သောက်တားဆေး
အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေးနှစ်မျိုးလုံးက သားဆက်ခြားပေးနိုင်တဲ့သောက်ဆေးတွေ ဖြစ်ကြပေမဲ့ အသုံးပြုရတဲ့ပုံစံ၊ အသုံးဝင်ပုံချင်း မတူညီကြပါဘူး။ ဒီနှစ်မျိုးက ဘယ်လိုကွာခြားလဲ၊ ဘယ်အခြေအနေမှာ ဘယ်ဆေးကို ရွေးသုံးသင့်လဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေး (Emergency Contraceptive Pills – ECPs) အရေးပေါ်တားဆေးဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြီးနောက် ဒါမှမဟုတ် ရေရှည်သားဆက်ခြားနည်းလမ်းတစ်ခုခု ပျက်ကွက်သွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဥပမာ – ကွန်ဒုံးပေါက်သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာ စတဲ့အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အရေးပေါ်တားဆေး ဘယ်လိုအလုပ်လုပ်လဲ အရေးပေါ်တားဆေးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ နောက်ဆုတ်စေခြင်း ဒါမှမဟုတ် သုတ်ပိုးနဲ့ မျိုးဥတွေ့ဆုံမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ ဒါပေမဲ့ အရေးပေါ်တားဆေးဟာ ကိုယ်ဝန်ဆောင်ပြီးသားကို ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။…
ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့
ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတယ်ဆိုတာ လူတိုင်းအတွက် အင်မတန်အရေးကြီးတဲ့ ခံစားချက်တစ်မျိုးဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဘဝတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ၊ ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖတ်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ ဘာကြောင့်အရေးကြီးလဲ။ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့တန်ဖိုးကို သိလာပြီး ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေကို ယုံကြည်လာပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့အတွက် ဘယ်အရာကိုမဆို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို ချစ်မြတ်နိုးတဲ့သူဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အဆိုးမြင်စိတ်တွေကို လျှော့ချနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားပေးတတ်တဲ့အတွက် စိတ်ဓာတ်ကျတဲ့အခါ အလွယ်တကူ ပြန်ထနိုင်ပြီး စိတ်ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်စပ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ချစ်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်လာတတ်ပါမယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို…
ဓမ္မတာ မမှန်ခြင်းရဲ့နောက်ကွယ်
အမျိုးသမီးတွေမှာ ဓမ္မတာ မှန်မှန်လာဖို့ဆိုတာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက်တင်မကဘဲ အလုံးစုံကျန်းမာရေးနဲ့ ဘဝအရည်အသွေးအတွက်ပါ အရေးကြီးပါတယ်။ ဓမ္မတာမမှန်ခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ကာ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။ အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဟော်မုန်းမညီမျှခြင်း (Hormonal Imbalance) နေ့စဉ် နေထိုင်မှုပုံစံနဲ့ ဆက်နွယ်တဲ့ အကြောင်းရင်းများ သားအိမ်နဲ့ သားဥအိမ်ဆိုင်ရာ ပြဿနာများ ဆေးဝါးများနဲ့ ဆက်နွယ်သော အကြောင်းရင်းများ အခြားသော အကြောင်းရင်းများ ဓမ္မတာမမှန်ခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်လဲ ဓမ္မတာမမှန်ခြင်းကြောင့် အောက်ပါလက္ခဏာတွေကို အနည်းနဲ့အများခံစားရနိုင်ပါတယ်။ ဓမ္မတာမှန်အောင် ဘယ်လို ဂရုစိုက်ရမလဲ ? ဓမ္မတာမှန်အောင် ဂရုစိုက်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။…
ယောဂ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
အသက်အရွယ်မရွေး၊ ကျားမ မရွေး ပြုလုပ်ဖို့သင့်တော်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေတဲ့ လေ့ကျင့်မှုတစ်ခုက ယောဂ ပဲဖြစ်ပါတယ်။ ယောဂကို လေ့ကျင့်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးပြီး အာရုံစူးစိုက်မှုကို တိုးတက်စေတဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာလာစေနိုင်ပါတယ်။ ယောဂရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၁၀ခု) ယောဂရဲ့ အဓိက အကျိုးကျေးဇူးတစ်ခုကတော့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အသက်ရှူသွင်းရှူထုတ်နဲ့ တွဲပြီး လေ့ကျင့်ရတာကြောင့် အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ ယောဂကျင့်စဉ်တွေဟာ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပေးပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ပုံမှန် ယောဂလေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပျော့ပျောင်းစေပါတယ်။ ခန္ဓာကိုယ်ရဲ့ အနေအထားကို မှန်ကန်စေပြီး ခါးနာခြင်းနဲ့ အခြားသော ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေကို…
ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့ လိုလား
ခွေးရူးပြန်ရောဂါဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ပေမဲ့ ရောဂါဖြစ်ပြီးတဲ့အခါ ကုသလို့မရနိုင်ဘဲ အသက်ကိုဆုံးရှုံးရတဲ့အထိ ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိလာတဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်မလဲဆိုတာကို သိရှိထားခြင်းက အရမ်းကို အရေးကြီးပါတယ်။ ခွေးရူးပြန်ရောဂါ ( Rabies ) ဆိုတာ ဘာလဲ။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးမှမဟုတ်ဘဲ ကြောင်၊ မြေခွေး၊ လင်းနို့ စတဲ့ နို့တိုက်သတ္တဝါတွေကနေလည်း လူကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က ကိုက်ခြင်း၊ ကုတ်ခြင်း ဒါမှမဟုတ် ၎င်းတို့ရဲ့ တံတွေးကတစ်ဆင့် လူရဲ့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါပိုးဟာ အာရုံကြောတွေကို ထိခိုက်စေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးရမလဲ။ ခွေးရူးပြန်ရောဂါဖြစ်နိုင်တဲ့…
LDRS တွေအတွက် လိုအပ်တဲ့နားလည်မှု
တစ်ဦးနဲ့တစ်ဦး နေရာဒေသတွေ ဝေးကွာနေကြရတဲ့ ချစ်သူတွေဟာ အနေဝေးတာကြောင့် အခက်အခဲတွေ အများကြီးရှိနိုင်ပေမယ့် လုံလောက်တဲ့ နားလည်မှုသာရှိနေရင် ရေရှည်တည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီအချက်ရဲ့ ဆိုလိုရင်းက LDRS တွေအတွက် အထူးအရေးပါတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲတဲ့ အချက်တစ်ခုပဲ မဟုတ်လား။ LDRS တွေအတွက် နားလည်မှုက ဘာကြောင့်အရေးကြီးတာလဲ တစ်ဦးနဲ့တစ်ဦး အဝေးမှာနေတဲ့အခါမှာ မျက်နှာချင်းဆိုင်တွေ့ဆုံဖို့ ခက်ခဲလွန်းပါတယ်။ အဲဒီလို ဝေးကွာနေတဲ့အချိန်မှာ စိတ်ဓာတ်ကျတာတွေ၊ အထီးကျန်တာတွေ ဖြစ်လာနိုင်ပါတယ်။နားလည်မှုရှိတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပြီး၊ စိတ်ဓာတ်ကျတဲ့အခါ အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။ အဝေးမှာနေတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ချစ်သူ ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာကို အမြဲတမ်း မသိနိုင်လို့ပါ။ နားလည်မှုထားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရိုးသားမှုအပေါ် ယုံကြည်မှုရှိလာတဲ့အတွက် သံသယတွေ၊ စိတ်ပူပန်မှုတွေ လျော့နည်းသွား ဆက်ဆံရေးက…
Safe Sex အကြောင်း တစေ့တစောင်း
နှစ်ဦးသဘောတူ သာယာမှုအတွက် အတူနေကြတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ၊ ဆိုးကျိုးတွေကင်းစွာနဲ့ အပြည့်အဝ လုံခြုံပျော်ရွှင်မှုရရှိစေနိုင်ဖို့ သိထားသင့်တဲ့ Safe Sex အကြောင်း ကို မျှဝေပေးပါရစေ။ Safe Sex အကြောင်း သိထားသင့်သမျှ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs/STDs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာကို ဆိုလိုပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကိုပါ ရောဂါကူးစက်မှုတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုမျိုးလို့ ပြောလို့ရပါတယ်။ ဘာကြောင့် Safe Sex ဖြစ်ဖို့ အရေးကြီးတာလဲ ဆီးပူညောင်းကျရောဂါ၊ HIV/AIDS၊ ရေယုန်၊ ဂနိုရောဂါ၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေဟာ လိင်ဆက်ဆံမှုကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ Safe Sex…
ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း
ကိုယ်အလေးချိန်တက်ခြင်းက လိုတာထက်ပိုစားမိလို့၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ အစရှိသဖြင့် အကြောင်းရင်းများစွာရှိပေမဲ့ လူအများသိပ်သတိမထားမိတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းမညီမျှမှုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအမျိုးအစားများစွာရှိပြီး အချို့ဟော်မုန်းတွေ မမျှတတဲ့အခါ ကိုယ်အလေးချိန်တက်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းမညီမျှမှုများ Insulin resistance လို့ခေါ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ကောင်းစွာမတုံ့ပြန်နိုင်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး အဆီအဖြစ်ပြောင်းလဲသွားတဲ့အတွက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်နဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် ကိုယ်အလေးချိန်တက်တာကို တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးမှုကို တုံ့ပြန်ဖို့အတွက် ခန္ဓာကိုယ်က ထုတ်ပေးလေ့ရှိတဲ့ ကော်တီစောဟော်မုန်းက အချိန်ကြာမြင့်စွာ မြင့်နေတဲ့အခါ အစာစားချင်စိတ်ကို များစေပြီး အဆီနဲ့သကြားများတဲ့ အစားအစာတွေကို ပိုစားချင်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကော်တီစောဟာ ဗိုက်အဆီတွေကိုလည်း စုပုံစေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ…
အမျိုးသားများနဲ့ ဆီးကျိတ်ကင်ဆာ
အမျိုးသားတွေမှာပဲ ဖြစ်ပွားပြီး သိပ်ကိုအဖြစ်များလေ့ရှိတဲ့ကင်ဆာရောဂါတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆီးကျိတ်ကင်ဆာပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာရှိတဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး အစောပိုင်းအဆင့်မှာ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းများ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပေမယ့် အောက်ဖော်ပြပါ အချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ် ။ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာများ ဆီးကျိတ်ကင်ဆာဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့အခါမှသာ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကင်ဆာတစ်ခုတည်းမှာ ဖြစ်တာမဟုတ်ဘဲ တခြားရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခုလိုလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ဘယ်လိုကုသနိုင်လဲ ဆီးကျိတ်ကင်ဆာကို…
ငါးပိနဲ့ သွေးတိုးခြင်း
မြန်မာလူမျိုးတွေ အသည်းစွဲကြိုက်ကြတဲ့ ငါးပိက သွေးတိုးစေနိုင်တယ်ဆိုတာ အမှန်တကယ်ပဲလား။ ငါးပိ အလွန်အကျွံစားခြင်းကြောင့် သွေးတိုးခြင်းအပြင် အခြားဘာဆိုးကျိုးတွေပါ ဖြစ်နိုင်သေးလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။ ငါးပိစားရင် တကယ်ပဲ သွေးတိုးစေလား။ ငါးပိဟာ ငါးကို ဆားနဲ့နယ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာဖြစ်တာကြောင့် ဆားပါဝင်မှု အလွန်မြင့်မားပါတယ်။ ဆိုဒီယမ်ဆိုတာ ဆားရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမဲ့ ဆိုဒီယမ်ကို များများစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေရှိလာပြီး သွေးတိုးစေနိုင်ပါတယ်။ ဆိုဒီယမ်နဲ့ သွေးတိုးခြင်း ဆက်စပ်မှုအကြောင်း အသေးစိတ်ပြောပြသွားပါမယ်။ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးပါတယ်။ ဒီလို ရေဓာတ်ကို ထိန်းထားတဲ့အတွက် သွေးထဲမှာ အရည်ပမာဏ များလာပါတယ်။သွေးပမာဏ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ ဖိအားများလာပြီး သွေးတိုးလာစေပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောတွေကို…
လည်ပင်းကြီးရောဂါ
လည်ပင်းရှိ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကြီးလာခြင်းကို လည်ပင်းကြီးရောဂါ(Goiter) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အတွေ့များရတဲ့ လည်ပင်ကြီးရောဂါ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုပါ။ ဒီဂလင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်ဂလင်း ကြီးလာတဲ့အခါ လည်ပင်းမှာ အဖုအကျိတ်လိုမျိုး ပေါ်လာပြီး အဲဒါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။ လည်ပင်းကြီးရောဂါ အမျိုးအစား( ၂ )မျိုး သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး ကင်ဆာအဆင့်ထိတော့ မရောက်နိုင်ပါဘူး။ အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပမာဏ ပုံမှန်ဖြစ်နိုင်သလို များတာ (hyperthyroidism)၊ နည်းတာ (hypothyroidism) လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းထဲမှာ…
အမှောင်ထဲမှာ ဖုန်းသုံးခြင်းနဲ့ မျက်စိကျန်းမာရေး
ဒီနေ့ခေတ်မှာ ဖုန်းဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဖျော်ဖြေရေးကိစ္စတွေ အားလုံးအတွက် ဖုန်းကို အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ဖုန်းကို မှန်ကန်စွာ အသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် အိပ်ခါနီး မီးပိတ်ပြီးချိန် ဒါမှမဟုတ် မီးပျက်လို့ မှောင်နေချိန်တွေမှာ အမှောင်ထဲ ဖုန်းသုံးတာက မျက်စိကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ အမှောင်ထဲမှာ ဖုန်းသုံးတာ မကောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။ အမှောင်ထဲမှာ ဖုန်းသုံးလို့ဖြစ်နိုင်တဲ့ အမြင်အာရုံပြဿနာများ မျက်စိညောင်းညာခြင်းနှင့် မျက်ရိုးကိုက်ခြင်း အမှောင်ထဲမှာ ဖုန်းသုံးတဲ့အခါ မျက်လုံးက ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။ ဖုန်းရဲ့ အလင်းရောင်ကို အာရုံစိုက်ပြီး ကြည့်နေရတာကြောင့် မျက်လုံးကြွက်သားတွေ တင်းမာပြီး ညောင်းညာလာနိုင်ပါတယ်။ ဒါ့အပြင် မျက်ရိုးကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။…
အသည်းရောင်အသားဝါ ဘီပိုးအကြောင်း
အသည်းရောင်အသားဝါ ဘီပိုးဆိုတာ Hepatitis B Virus (HBV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ အသည်းကို ပျက်စီးစေပြီး ရောင်ရမ်းစေပါတယ်။ နာတာရှည်ရောဂါအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး ဘယ်လိုကူးစက်ခံရနိုင်လဲ။ ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးမွေးဖွားစဉ်မှာ ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးရှိတဲ့သူ သုံးပြီးသား ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို မျှဝေသုံးစွဲတာကနေလည်း ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရဲ့ လက္ခဏာများ…
ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ
ဝက်ခြံဆိုတာ အရေပြားပေါ်မှာ အဆီဂလင်းတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ရောင်ရမ်းလာတဲ့ အခြေအနေတစ်ခုပါ။ ဝက်ခြံတွေဟာ မျက်နှာမှာ အများဆုံးပေါက်တတ်ပေမယ့် ရင်ဘတ်၊ နောက်ကျောနဲ့ ပခုံးတွေလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းများ အရေပြားပေါ်က အဆီဂလင်းတွေက အဆီတွေ လိုတာထက်ပိုထွက်လာတဲ့အခါ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ အဆီတွေအပြင် အရေပြားဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုပိတ်ဆို့တဲ့အခါ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ Propionibacterium acnes (ပရိုပီရိုနီ ဘက်တီးရီးယား အက်နီ) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးက ချွေးပေါက်တွေပိတ်ဆို့တဲ့အခါ ပွားများလာပြီး ဝက်ခြံရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပိုဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေမှာလည်း ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဝက်ခြံပိုဖြစ်တတ်ပါတယ်။ မိသားစုထဲမှာ ဝက်ခြံဖြစ်လွယ်တဲ့သူတွေရှိရင် သင်ကိုယ်တိုင်လည်း…
အသင့်စားခေါက်ဆွဲခြောက်နဲ့ သင့်ကျန်းမာရေး
စားချင့်စဖွယ် ထုတ်ပိုးမှုမျိုးစုံနဲ့ ဈေးကွက်ထဲမှာနေရာယူထားသလို ပြင်ဆင်ရလွယ်ပြီး အရသာလည်းရှိတဲ့အတွက် လူတိုင်း မကြာခဏစားဖြစ်နေကြတဲ့ အသင့်စား ခေါက်ဆွဲခြောက် က ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အချိန်ခဏလေးပေးပြီး ဖတ်ကြည့်ရအောင်။ အသင့်စားခေါက်ဆွဲခြောက်မှာ ဘယ်လိုအာဟာရတွေ ပါဝင်လဲ။ အသင့်စားခေါက်ဆွဲခြောက်ရဲ့ ဆိုးကျိုးများ အသင့်စားခေါက်ဆွဲခြောက်ကို လုံးဝမစားဘဲနေရင် အကောင်းဆုံးဖြစ်ပေမယ့် မရှောင်နိုင်တဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာပြီး စားသုံးသင့်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်ဟာ အချိန်တိုအတွင်းမှာ အလွယ်တကူစားလို့ရပေမယ့် ကျန်းမာရေးအတွက်တော့ရေရှည် မသင့်တော်ပါဘူး။ အာဟာရဓာတ်နည်းပါးပြီး ရေရှည်စားသုံးပါက ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် အသင့်စားခေါက်ဆွဲခြောက်ကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုစားသုံးဖို့ အကြံပြုချင်ပါတယ်။
ကော်လဂျင်သောက်ဖို့ တကယ်လိုရဲ့လား
ဆိုရှယ်မီဒီယာတွေမှာ ကြေငြာအားကောင်းကောင်းနဲ့ ခေတ်စားလာတဲ့ ကော်လဂျင်ဖြည့်စွက်စာတွေက တကယ်ပဲ အကျိုးကျေးဇူးများပြီး သောက်သုံးသင့်တာလား။ ကော်လဂျင်ဆိုတာဘာလဲ၊ ကော်လဂျင်ဘာလို့လိုလဲ၊ ဖြည့်စွက်သောက်သုံးဖို့ရော သင့်မသင့်ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လဂျင်ဆိုတာ အရေပြား၊ အရိုး၊ ကြွက်သား၊ အရွတ်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဓိကပါဝင်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။။ ကော်လဂျင်ဟာ အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေတဲ့အပြင် အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ ကော်လဂျင်က ဘယ်လိုအရေးပါလဲ။ ကော်လဂျင်မလုံလောက်ရင် ဘာတွေဖြစ်လာနိုင်လဲ။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းက ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းလာတတ်တဲ့အတွက် အသားအရေ ခြောက်သွေ့လာခြင်း၊ အရေးအကြောင်းများလာခြင်း၊ အသားအရေလျော့တွဲလာခြင်း၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း စတာတွေ ခံစားရနိုင်ပါတယ်။ ကော်လဂျင်ကို ဘယ်လိုရရှိနိုင်လဲ။ ကော်လဂျင်ကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးနိုင်သလို အစားအသောက်တွေကနေလည်း ရရှိနိုင်ပါတယ်။ ဥပမာ –…
သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်မလဲ
ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါ်လာမိချိန်တိုင်းဟာ ပြောမပြတတ်အောင် ခက်ခဲမှာသေချာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခက်ခဲပင်ပန်းလွန်းတဲ့ စိတ်ဒုက္ခတွေကနေ ဘယ်လိုနာလန်ထူမလဲ၊ သတ်သေချင်စိတ် ပေါ်လာတိုင်း ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သတ်သေချင်စိတ်ဖြစ်ပေါ်စေသော အကြောင်းရင်းအများစုက အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ၂။ ဘဝအခက်အခဲများ ၃။ အခြားအကြောင်းရင်းများ သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ရမလဲ။ ရေရှည်မှာ စိတ်သက်သာရာရပြီး စိတ်ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အောက်ပါအတိုင်း ကြိုးစားကြည့်သင့်ပါတယ်။ သတ်သေချင်စိတ်ဟာ တစ်ခါတလေမှာ ပျောက်ကွယ်သွားတတ်ပေမဲ့ ပြန်ဖြစ်လာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ အကူအညီရယူဖို့ အရမ်း အရေးကြီးပါတယ်။ သင့်ကိုချစ်တဲ့သူတွေ၊ သင့်ကို ဂရုစိုက်တဲ့သူတွေ အများကြီးရှိတဲ့အတွက် သတ်သေချင်စိတ်ကို အနိုင်ယူပြီး အတူတူရှေ့ဆက်ရှင်သန်ကြပါမယ်။
ပျော်ရွှင်မှုဟော်မုန်းများ
ပျော်ရွှင်မှုဟော်မုန်းဆိုတာက ဦးနှောက်နဲ့ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ ဓာတုပစ္စည်းတွေဖြစ်ပြီး စိတ်ခံစားချက်ကောင်းတွေ၊ ပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ စိတ်သက်သာမှုကို ဖြစ်ပေါ်စေပါတယ်။ ပျော်ရွှင်မှုဟော်မုန်းတွေမှာ အဓိကအားဖြင့် Oxytocin (အောက်စီတိုစင်)၊ Endorphin (အန်ဒေါ်ဖင်း)၊ Serotonin (ဆီရိုတိုနင်)နဲ့ Dopamine (ဒိုပါမင်း)ဆိုပြီး ဟော်မုန်း (၄)မျိုး ပါဝင်ပါတယ်။ Oxytocin (အောက်စီတိုစင်) “အချစ်ဟော်မုန်း” (Love Hormone) သို့မဟုတ် “ပွေ့ဖက်ခြင်းဟော်မုန်း” (Cuddle Hormone) လို့လည်း ခေါ်ကြပါတယ်။ မိဘနဲ့ သားသမီးကြား၊ ချစ်သူနှစ်ဦးကြား ချစ်ခင်တွယ်တာမှုမျိုးကို ဖြစ်တည်စေတဲ့အပြင် နားလည်မှု၊ ယုံကြည်မှုကို တိုးပွားလာအောင် ကူညီပေးပါတယ်။ ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ Oxytocin ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ Endorphin (အန်ဒေါ်ဖင်း) “သဘာဝအကိုက်အခဲပျောက်ဆေးဟော်မုန်း” (Natural…
ဖေဖေ မေမေ တို့ရဲ့ လောဘနဲ့ ကရုဏာဒေါသ
ကလေးက စာကျက်ရင်းပျင်းလာတဲ့အခါ ကရုဏာဒေါသ နဲ့ဆူမိနေပြီလား ဖေဖေမေမေတို့ရေ! တကယ်တော့ ကလေးတွေမှာ အသက်အရွယ်အလိုက် အာရုံစူးစိုက်နိုင်တဲ့အချိန်အတိုင်းအတာလေးတွေ ရှိကြပါတယ်။ သူတို့လေးတွေ အာရုံစိုက်နိုင်တဲ့အချိန်ကို ကျော်သွားတဲ့အခါ စာသင်တာကို စိတ်မဝင်စားတာ၊ ပျင်းလာတာ၊ ငြီးငွေ့တာလေးတွေရှိတတ်ပါတယ်။ ဒါက သူတို့လေးတွေရဲ့ အပြစ်လုံးဝမဟုတ်တာကြောင့် ဇွတ်မှိတ်ပြီး စာဆက်မလုပ်ခိုင်းသင့်ပါဘူးနော်။ နားချိန်ပေးတာ၊ ကစားခိုင်းတာ၊ ဝါသနာပါတာလေးတွေ လုပ်ခိုင်းတာမျိုး ဖြစ်သင့်ပါတယ်။ အသက်အရွယ်အလိုက် ကလေးတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကတော့…. အသက် (၄) နှစ် : ၈- ၁၂ မိနစ် အသက် (၆) နှစ် : ၁၂- ၁၈ မိနစ် အသက် (၈) နှစ် : ၁၆-၂၄ မိနစ် အသက် (၁၀) နှစ် : ၂၀-၃၀…
ကလေးတို့အတွက် ဆေးရောင်ခြယ်ခြင်း ကနေပေးမယ့် အကျိုးကျေးဇူးများ
ကလေးတွေအတွက် ဆေးရောင်ခြယ်ခြင်း ဟာ ပျော်ရွင်စရာကစားနည်းတစ်ခုထက်ပိုပြီး အရမ်းကို အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုပါ။ ဆေးရောင်ခြယ်ခြင်းက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပေးပါတယ်။ ဆေးရောင်ခြယ်ခြင်း က ကလေးတွေကို ဘာတွေပေးစွမ်းနိုင်သလဲ? ဆေးရောင်ခြယ်ခြင်းက ကလေးတွေအတွက် အရမ်းကို အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ဆေးရောင်ခြယ်ခွင့်ပေးပြီး သူတို့ရဲ့ ဖန်တီးမှုစွမ်းရည်တွေကို မြှင့်တင်ပေးသင့်ပါတယ်။
A4 ခါးဆိုဒ်လေး ဖြစ်ဖို့ ဘာတွေစားမလဲ?
သင့်ရဲ့ ခါးဆိုဒ်လေး ကို A4 စာရွက်လေးလို သေးသေးသွယ်သွယ်လေးနဲ့ လှနေအောင် ခါးဘေးအဆီတွေလောင်ကျွမ်းပစ်ဖို့အတွက် ဒီအစားအစာတွေကကူညီပေးနိုင်ပါတယ်။ အခြားအရေးကြီးတဲ့အချက်တွေအနေနဲ့ကတော့ အရေးကြီးတာက ဒီအစားအစာတွေကို တစ်မျိုးတည်းစားပြီး ခါးသေးသွယ်လှပနိုင်မှာ မဟုတ်ပါဘူး။ ပြည့်စုံတဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို ပေါင်းစပ်လုပ်ဆောင်မှသာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခါးသေးသေးလေးကို ပိုင်ဆိုင်နိုင်မှာပါနော်….။
မကြာခဏ ကြွက်တက် နေတာ ဘာကြောင့်လဲ?
ကြွက်တက်ခြင်း ဆိုတာ ကြွက်သားစိုင်တစ်ခုတည်း ဒါမှမဟုတ် ကြွက်သားအစုအဝေးက ရုတ်တရက်တင်းကျပ်နာကျင်သွားတာမျိုးဖြစ်ပါတယ်။ ခြေထောက်ကြွက်သား အထူးသဖြင့် ခြေသလုံးကြွက်သားတွေမှာ ပိုအဖြစ်များတတ်ပြီး တစ်ခါဖြစ်ရင် စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအထိကြာတတ်ပါတယ်။ ကြွက်တက် ပြီးတဲ့နေရာမှာ နာရီပိုင်းကနေ ရက်ပိုင်းအထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ကြွက်သားကို အကြာကြီးအလုပ်ပေးမိလို့ဖြစ်စေ၊ အကြာကြီးဖိမိထားလို့ဖြစ်စေ(ဥပမာ- အချိန်ကြာကြာဖိထိုင်မိခြင်း)၊ ရေဓာတ်ဆုံးရှုံးလို့ဖြစ်စေ ကြွက်တက်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ သွေးကြောပိတ်ခြင်း၊ အာရုံကြောပြဿနာများနဲ့ သတ္တုဓာတ်မလုံလောက်ခြင်းတို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ ကြွက်တက်ခြင်းကို အဓိက ဖြစ်စေတဲ့အကြောင်းရင်းများက ပုံမှန်ဆိုရင် ကြွက်တက်တာက အန္တရာယ်မရှိတတ်ပေမယ့် ဆီးချို၊ အသည်း၊ အာရုံကြောနဲ့ သိုင်းရွိုက်ဟော်မုန်းပြဿနာများနဲ့ ဆက်စပ်ဖြစ်ပွားတယ်ဆိုရင်တော့ မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကြွက်တက်ခြင်းမဖြစ်စေဖို့ ရေများများသောက်ပေးခြင်းနဲ့အတူ ကြွက်သားအကြောလျှော့ခြင်းတို့လုပ်ပေးနိုင်ပါတယ်။
ပန်းပွင့်လေးများနှင့် ဓာတ်မတည့်ခြင်း
🌸အချို့သူတွေမှာ ပန်းပွင့်လေးအချို့နဲ့ ဓာတ်မတည့်ခြင်း မျိုး ရှိတတ်ပါတယ်။ တကယ်က ပန်းပွင့်ထဲက ဝတ်မှုန်နဲ့ဓာတ်မတည့်တာ ဖြစ်ပြီး ထိတွေ့ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ယားယံခြင်း၊ အနီကွက်များထခြင်း၊ တစ်ဆစ်ဆစ် ခံစားရခြင်း၊ နှာရည်ယိုကျလာခြင်း၊ ချွဲထလာခြင်းတွေ အပြင် မျက်လုံးယားယံခြင်း၊ မျက်စိနီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်တွေ ညောင်းညာခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ပန်းပွင့်ဝတ်မှုန်ဓာတ်မတည့်မှုကို ဘယ်လို ကာကွယ်နိုင်မလဲ? ပန်းပွင့်ဝတ်မှုန်ဓာတ်မတည့်မှုအတွက် ဘယ်အခါ ဆရာဝန်နဲ့ ပြသင့်သလဲ? ရေရှည်မှာ ပန်းနာရင်ကျပ်၊ နှာခေါင်းအမြှေးပါးရောင်ရမ်းခြင်း၊ အသားအရည်အလာဂျီများထခြင်းတို့ ဖြစ်လာနိုင်တာကြောင့် ဓာတ်မတည့်မှု သံသယရှိပါက ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ထပ်မံထိတွေ့မှုမဖြစ်အောင် ဂရုပြုသင့်ပါတယ်။🌼
ဖုန်းပိတ်ပြီး အိပ်လိုက်ကာမှ မျက်စိကြောင် သွားတာဘာကြောင့်လဲ?
ညအိပ်ရာဝင်ချိန် ဖုန်းကြည့်နေတုန်းကျ မျက်လုံးလေးတွေမှေးစင်းလာပြီး အိပ်မယ်လည်း ကြံလိုက်ရော အိပ်မပျော်တော့ဘဲ မျက်စိကြောင် သွားတာမျိုး ကြုံကြဖူးမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဖုန်းမျက်နှာပြင်က အပြာရောင်အလင်း (Bluelight)တွေက မျက်လုံးကို ညောင်းညာထိခိုက်စေတာကြောင့် အိပ်ချင်သွားတာဖြစ်ပါတယ်။ အိပ်မယ်ဆိုပြီး ဖုန်းပိတ်လိုက်တော့ အပြာရောင်အလင်းနဲ့ဝေးသွားတာဖြစ်လို့ မျက်လုံးက ပြန်လန်းဆန်းကြည်လင်ပြီး အိပ်မရတော့တာဖြစ်ပါတယ်။👀👀
နားကြပ် နဲ့ အလွန်အကျွံနားထောင်တဲ့အခါ ဘာတွေထိခိုက်လာနိုင်မလဲ?
နားကြပ် အမြဲတပ်ထားပြီး သီချင်းကို အသံအမြင့်ဆုံးထားနားထောင်ပါများလာတဲ့အခါ အောက်ပါထိခိုက်မှုတွေဖြစ်ပွားနိုင်ပါတယ်။👂 ဘယ်လို ကာကွယ်ရမလဲ?
စိတ်ညစ်ရင်တဲ့အခါ ဗြူးတီးစလွန်း သွားချင်ရတဲ့ အကြောင်းအရင်း
မိန်းကလေးအများစု စိတ်ညစ်တဲ့အခါ အလှပြင်ဆိုင်သွားပြီး ဆံပင်ညှပ်တာ၊ အရောင်ပြောင်းတာ၊ လက်သည်းခြေသည်းဆိုးတာလေးတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ ဘာလို့များလဲ🤔 ကိုယ့်ကိုကိုယ် စတိုင်ကျအောင်၊ ပိုလှအောင် ပြုပြင်လိုက်တဲ့အခါ မိန်းကလေးတွေရဲ့စိတ်မှာ “ငါ့ကိုယ်ငါချစ်တယ်၊ ငါ့ကိုယ်ငါပိုင်တယ်၊ ငါ့ကိုယ်ငါပြောင်းလဲနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေးတွေဖြစ်လာတတ်ပါတယ်။ စိတ်ညစ်တာလေးတွေ ပြေပျောက်သွားတတ်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း မိန်းကလေးတွေရဲ့စိတ်က အရမ်းပျင်းရိနေတဲ့အခါ ဆံပင်အရောင်ပြောင်းတာမျိုး လုပ်တတ်ကြပါသေးတယ်တဲ့နော်။ 🌹
ကိုယ်ဝန်ဆောင်ချိန် ဝိတ်ချလို့ရလား
ကိုယ်ဝန်ဆောင်ချိန် ဟာ အမျိုးသမီးတွေအတွက် အထူးဂရုစိုက်ရမယ့်အချိန်ဖြစ်ပြီး ကိုယ်အလေးချိန်ကလည်း မိခင်ရော ကလေးအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဝိတ်တက်ခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်၊ မိခင်ဝမ်းဗိုက်အတွင်းမှာ ကလေးငယ်ကို ကာကွယ်ပေးတဲ့ အချင်းနဲ့ ရေမြွှာရည်ရဲ့ အလေးချိန်၊ သွေးနဲ့ အရည်များ၊ ကလေးငယ်ကြီးထွားဖို့နဲ့ နို့တိုက်ကျွေးဖို့ ခန္ဓာကိုယ်က အဆီသိုလှောင်ခြင်း စသဖြင့် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ကိုယ်အလေးချိန်တက်လာတဲ့အခါ ဒီမေးခွန်းလေးကို စဉ်းစားမိကြတဲ့ မိခင်တွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချသင့်လား၊ မချသင့်ဘူးလားဆိုတာနဲ့ ဘာတွေ ဂရုပြုသင့်လဲဆိုတာကို အောက်မှာ အသေးစိတ် ရှင်းပြပေးသွားပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝိတ်ချလို့ ရလား ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် လျှော့ချဖို့ မသင့်တော်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချဖို့ ကယ်လိုရီတွေကို လျှော့စားရမှာဖြစ်တဲ့အတွက် ဒါက…
ခြေဖနောင့်ကွဲအက်ခြင်း ပြသနာ
ဆောင်းတွင်းမှာ ပျိုမေတို့ စိတ်အညစ်ကြီးညစ်ရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်တဲ့ ခြေဖနောင့်ကွဲအက်ခြင်း ပြသနာကို ဘယ်လိုအလွယ်တကူ ကုသရမလဲဆိုတာမျှဝေပေးထားပါတယ်နော် ….. အထက်ပါနီးလမ်းလေးတွေ အသုံးပြုပြီး ခြေဖနောင့် ကွဲလို့ စိတ်ညစ်ရခြင်းမှ ကင်းဝေးနိုင်ကြပါစေရှင်…..
အိမ်လွမ်းနာကျခြင်း
အိမ်လွမ်းနာကျခြင်း ဆိုတာက လူတစ်ဦးအနေနဲ့ မိမိရဲ့ အိမ်၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝေးကွာရာ နေရာဒေသတစ်ခုကို ရောက်နေတဲ့အခါ ခံစားရတတ်တဲ့ စိတ်ခံစားချက်တစ်ခုပါ။ အိမ်လွမ်းနာကျခြင်း ဘာကြောင့်ဖြစ်ရသလဲ၊ လက္ခဏာတွေနဲ့ ဘယ်လိုကုစားနိုင်မလဲဆိုတာကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။ အိမ်လွမ်းနာကျခြင်း ဖြစ်ရတဲ့ အကြောင်းရင်းများ အရင်နေခဲ့တဲ့ ပတ်ဝန်းကျင်ကနေ မတူညီတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့တဲ့အခါမှာ အိမ်လွမ်းနာကျနိုင်ပါတယ်။ ရုတ်တရက် မိသားစုနဲ့ဝေးရတဲ့အခါမှာ အထီးကျန်ဆန်ပြီး အိမ်ကိုလွမ်းဆွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ဝေးတဲ့အခါမှာလည်း ဒီလိုခံစားချက်မျိုး ဖြစ်တတ်ပါတယ်။ မိမိတို့ရဲ့ ယဉ်ကျေးမှုနဲ့ မတူတဲ့ နေရာတစ်ခုမှာ အစားအသောက်ကအစ ဘာသာစကား၊ နေထိုင်မှုပုံစံတွေကအစ မတူတဲ့အတွက် ကိုယ့်အိမ်ကို ပြန်ချင်တဲ့စိတ်တွေ ပိုဖြစ်လာနိုင်ပါတယ်။ နေထိုင်ရတဲ့ပတ်ဝန်းကျင်အသစ်မှာ ကိုယ့်ကိုယ်ကို လုံခြုံတယ်လို့ မခံစားရတဲ့အခါမှာလည်း အိမ်လွမ်းနာကျခြင်း ခံစားရနိုင်ပါတယ်။ အလုပ်အသစ်၊ ကျောင်းအသစ်မှာ…
ကိုယ်ဝန်ပျက်ကျငြခ်း အမျိုးအစားများ
ဒီဆောင်းပါးလေးမှာဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားလေးတွေကို အဓိက မျှဝေပေးသွားမှာဖြစ်ပါတယ်။ ကိုယ်ဝန် (၂၀) ပတ်မတိုင်ခင်ကလေးဆုံးရှုံးလိုက်ရခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ခေါ်ပါတယ်။ (၂၀) ပတ်နောက်ပိုင်းမှ ကလေးဆုံးရှုံးသွားတာကိုတော့ “Stillbirth” အရပ်အခေါ် အသေမွေးတယ်လို့ သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် (၅) ယောက်မှာ (၁) ယောက်က ကိုယ်ဝန်ပျက်ကျလေ့ရှိပြီး ကိုယ်ဝန်ရှိမှန်းမသိလိုက်ရခင် ပျက်ကျသွားသူတွေလည်းရှိပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေက များသောအားဖြင့် (၂) မျိုးတွေ့ရပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်း မိန်းမကိုယ်မှ သွေးဆင်းခြင်း ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများတွေကတော့… Threatened Miscarriage ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေပြနေတာကို Threatened Miscarriage လို့ခေါ်ပါတယ်။ သွေးအနည်းငယ်ဆင်းတာ၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်တာတွေကို ရက်အနည်းငယ်ကြုံတွေ့ရနိုင်ပေမဲ့ သားအိမ်ခေါင်းကတော့ပိတ်နေဆဲဖြစ်ပါတယ်။ အချိန်မီကုသနိုင်ပါက ကလေးအသက်ကို မဆုံးရှုံးရအောင်ကာကွယ်နိုင်ခြေများပြားပါသေးတယ်။ Inevitable Miscarriage Threatened Miscarriage ဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ဖြစ်တတ်သလို ကြိုတင်လက္ခဏာမပြဘဲလည်း ဖြစ်တတ်ပါတယ်။ သွေးပမာဏများများပိုဆင်းပြီး ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုကိုလည်း…
G6PD ချို့တဲ့ရောဂါ အကြောင်းသိကောင်းစရာများ
G6PD ဆိုတာသွေးထဲမှာ glucose 6 phosphate dehydrogenase(G6PD) လိုတဲ့ ခေါ်တဲ့ ဓာတ်တစ်မျိုးမွေးရာပါ ချို့တဲ့ တဲ့ ရောဂါဖြစ်ပါတယ်။ G6PD အင်းဇိုင်းဟာ သွေးနီဥရဲ့ လုပ်ငန်းဆောင်တာတွေကောင်းမွန်စွာ လုပ်နိုင်အောင် ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးနီဥ ကို ပြင်ပ အန္တရာယ် တွေမှ ထိခိုက်မှုမရှိအောင်လည်း ကာကွယ်ပေးပါပြီး သွေးနီဥ ရဲ့သက်တမ်းကုန်ဆုံးသည်အထိနေနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ် G6PD ရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရပါတယ်။ G6PD အင်ဇိုင်းမရှိရ ချို့တဲ့ ရောဂါလက္ခဏာများ အထက်မှာ ပြောခဲ့တဲ့ G6PD ရဲ့ လုပ်ငန်းဆောင်တာအရ G6PD အင်ဇိုင်း မရှိတဲ့ အခါ သွေးနီဥ တွေဟာ သက်တမ်းမကုန်ခင် ပေါက်ကွဲသွားပြီး ခန္ဓာကိုယ်တွင်း…
ဆောင်းရာသီ နှင့် ကျန်းမာရေး ပြဿနာများ
ဆောင်းရာသီ ကာလရဲ့အအေးဒဏ်ကိုခံစားရသူတွေကတော့ အသက် ၆၅ နှစ်နှင့်အထက်လူများနဲ့ အသက် ၅ နှစ်အောက်ကလေးများပဲဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရချို့တဲ့သူများ၊ ပန်းနာရင်ကျပ်၊ အဆုတ်စတဲ့ ရောဂါတွေ ဖြစ်ပြီးနာတာရှည်ဖြစ်နေသူများ၊ အရိုးအဆစ်ပိုင်းဆိုင်ရာမသန်စွမ်းသူများ၊ အာသီးယောင်ပြီးလည်ချောင်းနာသူများ၊ ဖျားနာလွယ်သူများ၊ လေးဘက်နာဝေဒနာရှိသူများအနေနဲ့သတိထားသင့်သလို သွေးပေါင်ချိန်တက်လာပြီးနှလုံးကိုပိုမိုဖိအားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စိတ်ကျန်းမာရေးမကောင်းသူများကိုလည်းပိုပြီးဂရုစိုက်သင့်ပါတယ်။ ဆောင်းရာသီမှာ စိတ်ပိုင်းဆိုင်ရာ ထိုင်းမှိုင်းလေးလံခြင်းတွေဖြစ်တတ်သလို ထိပ်ခတ်နာရှိသူများ၊ ဓာတ်မတည့်ဝေဒနာရှိသူများအတွက်လည်းပိုပြီးတော့ သတိထားသင့်တဲ့အချိန်ပါ။ ပညာရှင်တွေရဲ့အကြံပြုချက်တွေအရတော့ မိမိတို့အိမ်တွေရဲ့ လေ အရည်အသွေးကိုဂရုစိုက်ဖို့လိုပါတယ်။ ဆောင်းတွင်းကာလမှာ တောင်ပေါ်ဒေသနေသူတွေဆိုရင် အိမ်ထဲမှာအချိန်ပိုပေးတာများနိုင်ပါတယ်။ ဒါကြောင့်အိမ်တွင်းကလေထုကိုသန့်စင်ပြီးဓာတ်မတည့်ခြင်းများကိုကာကွယ်ဖို့လိုပါတယ်။ အိမ်တွင်းကဖုံတွေကိုသန့်စင်ပေးတာ၊ လေထုစစ်ထုတ်ပေးတဲ့ စက်လိုမျိုးတွေကို အသုံးပြုပေးနိုင်ပါတယ်။ ဆောင်းတွင်းကာလဟာ ပိုးမွှားတွေပေါက်ပွားတတ်တာမို့ လက်ကို မကြာခဏဆေးကြောပေးဖို့လိုပါတယ်။သွေးပူလေ့ကျင့်ခန်းလိုမျိုး ပုံမှန်လုပ်ပေးသင့်သလို ချွေးထုတ်တဲ့နည်းလမ်းတွေနဲ့ ချွေးထုတ်ပေးဖို့လိုပါတယ်။ ဗီတာမင်ဖြည့်စွက်ဆေးများကိုကိုယ်ခံအားတိုးမြှင့်စေဖို့သောက်သုံးပေးသင့်ပါတယ်သဘာဝ Herbal Tea လေးတွေသောက်ပေးတာ၊ နေထွက်လာချိန်ကိုနေရောင်ခံပေးတာမျိုးလေးတွေကလည်းစိတ်ကိုကြည်လင်စေပါတယ်။ အာဟာရပြည့်ဝအောင်သီးနှံသားငါးမျှတအောင်စားသုံးပေးတာ၊ ပူပူနွေးနွေးအစားအစာတွေစားသုံးပေးတာက ဆောင်းရာသီအတွက်အာဟာရဓာတ်ကို ပြည့်ဝစေပါတယ်။…
တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ အတွက် ကျန်းမာရေးအသိပညာပေး
👨🏫 Internal day of persons with Disabilities လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းများနေ့ ဆိုတာ သင် ကြားဖူးလား… အရင်တုန်းကတော့ မသန်စွမ်းတွေကို မသန်မစွမ်းတွေလို့ခေါ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ မသန်စွမ်းဖြစ်နေပေမယ့်လည်း လုပ်ဆောင်နိုင်စွမ်းတွေဟာ တခြားသာမန်လူတွေလိုမျိုးလုပ်ဆောင်နိုင်လို့ မသန်ပေမယ့်လည်း စွမ်းတယ်ဆိုပြီး မသန်စွမ်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။ ဒီ December 3 ရက်နေ့ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မသန်စွမ်းတွေအတွက် သတ်မှတ်ထားတဲ့ ထူးခြားတဲ့နေ့လေးတစ်နေ့ပါပဲ။ဒီလိုနေ့မျိုးမှာ မသန်စွမ်းတွေအားလုံးအတွက် ရည်ရွယ်ပြီး မသန်စွမ်းသူတစ်ယောက်ကို ဘယ်လိုဆက်ဆံတာမျိုးပြုလုပ်သင့်လဲဆိုတာလေး ပညာပေးအနေနဲ့ပြောပြပေးချင်ပါတယ်။ တခြားသူတွေနဲ့တန်းတူ လေးစားသမှုလေးထားပေးပါ။ လူ့ဘောင်အသိုင်းအဝိုင်းမှာဖြစ်ပျက်နေတာက မသန်စွမ်းတွေကို တခြားသူတွေနဲ့တန်းတူသဘောမထားပဲ နှိမ်ချဆက်ဆံနေတာတွေတွေ့နေရပါသေးတယ်။ ဒါဟာ အင်မတန်ကိုစိတ်ဓာတ်ယုတ်ညံ့တဲ့အပြုအမူမျိုးတွေပါပဲ။ မသန်စွမ်းတဲ့သူတစ်ယောက်နဲ့ပြောဆိုဆက်ဆံတဲ့အခါ ကလေးလေးတစ်ယောက်ကိုပြောဆိုသလိုမျိုး၊ အသံအကျယ်ကြီးကြားအောင်အော်ပြောပေးတာမျိုးတွေမပြုလုပ်သင့်ပါဘူး။ သာမန်လူတွေလိုပဲ ဆက်ဆံပေးသင့်ပါတယ်။ မသန်စွမ်းသူတစ်ယောက်ကို တိုက်ရိုက်စကားပြောသင့်ပါတယ်။ ဘယ်လိုပဲ ဆွံ့အ နားမကြားတာမျိုးဖြစ်နေပါစေ၊ဘာသာပြန်ပေးတဲ့သူရှိနေပါစေ…
ရာသီတုပ်ကွေး နှင့် စပ်ဆေးအယူဝါဒ
မိုးရာသီနှင့်ဆောင်းရာသီကာလဟာ ရာသီတုပ်ကွေး ရောဂါအများအားဖြင့်ခံစားရနိုင်သောကာလများပဲဖြစ်ပါ တယ်။ အခုလိုချိန်မှာတုပ်ကွေးကြောင့်ဖျားနာကိုက်ခဲနှာစေးခြင်းအနည်းနဲ့အများခံစားရကြပါတယ်။ ရောဂါခံစားရပီဆိုတာနဲ့အမြန်ဆုံးသက်သာဖို့ ဈေးပေါပေါနဲ့လွယ်လွယ်ရတဲ့စပ်ဆေးများကိူ အလွယ်တကူသောက်သုံးကြတာထုံးစံလိုဖြစ်နေပါတယ်။ ဆေးရုံဆေးခန်းသွားပြဖို့အဆင်မပြေတဲ့အချိန် ပိုက်ဆံကုန်ကျမှာစိူးလို့စတဲ့အကြောင်းပြချက်တွေနဲ့စပ်ဆေးကိုမှီခိုလာကြပါတယ်။ ဆရာဝန်ခွင့်ပြုချက်နဲ့သာဝယ်ရတဲ့ဆေး(ဥပမာပိုးသတ်ဆေး)လိုမျိုးနဲ့ဆရာဝန်ညွန်ကြားချက်မပါပဲဈေးကွက်ထဲ ကြော်ငြာထားတဲ့ဈေးကွက်ဝင်(ဥပမာBiogesic)လိုဆေးမျိူးတွေရှိကြပါတယ်။ ဆင်တုပ်ကွေးရောဂါခံစားရသူများ က မိမိသဘောနဲ့အကိုက်အခဲပျောက်ဆေးများကိုအလွန်အကျွံသောက်သုံးခြင်းကြောင့် အချိူ့မှာ ဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးအစာအိမ်သွေးကြောပေါက်ကာအသက်ဆုံးရကြပါတယ်။ ပိုးသတ်ဆေးသောက်မယ်ဆိုရင်အာနိသင်ရအောင်၅ရက်မှ တပတ်ကျော်အထိ ရက်ပြည့်အောင်သောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရက်တည်းနှင့်အမြန်ပျောက်ချင်ဇောဖြင့် ဆေးခန်းမပြတော့ပဲ တီဘီရောဂါမှာသုံးတဲ့ပိုးသတ်ဆေးများကို တခွက်နှစ်ခွက်စာ ဆေးစပ်ရောင်းချသည်ကိုသောက်သုံးကြပါတယ်။ အဲ့ဒီလို ပြုလုပ်ခြင်းကြောင့်ရေရှည်မှာရောဂါပိုးဝင်ရင် ပုံမှန်သောက်ဆေးတွေနဲ့ မတိုးတော့ပဲဆေးယဉ်ပါးကာ ဆေးရုံတက်ကုသရတဲ့ အဆင့်ကိုရောက်ကြပါတယ်။ ရောဂါတစ်ခုဖြစ်လာတဲ့အခါ နာတာရှည်ဖြစ်စေ၊ ခဏတာနေမကောင်းတာမျိုး ဖြစ်စေ ဆေးဝါးတွေကိုမဆင်မခြင်မသုံးစွဲသင့်ပါဘူး။ ဆေးဝါးအကြောင်းတွေဗဟုသုတအနေနဲ့ခဏတာလေ့လာပြီး ခံစားရတဲ့ဝေဒနာတွေကိုမှန်းဆကာဒီရောဂါနဲ့ လက္ခဏာပုံစံတူရင်ဒီဆေးသောက်ရမယ်ဆိုပြီးဆေးညွန်းပေးဆေးစပ်ပေးတာကလည်း လူနာအပေါ်ကူညီရာ မရောက်ပဲဒုက္ခပေးသလိုဖြစ်ပါလိမ့်မယ်။ အဓိကကအနောက်တိုင်းဆေးဖြစ်ဖြစ်တိုင်းရင်းဆေးဖြစ်ဖြစ်ကူသမယ်ဆိုလျင်လည်းအဓိကအခြေခံအချက်မှာ ဆေးကိူအားကိုးတာထက်လူနေမှုပုံစံအစားအသောက်ကိုအဓိကပြောင်းလဲကုသခြင်း ကာကွယ်ခြင်းသာ အဓိကကျပါတယ်။မဆင်မခြင်ဖစ်သလိုနေထိုင်ပီးရောဂါခံစားရမှဆေးလေးစပ်သောက်လိုက်တာကခဏတာသက်သာရုံပဲဖြစ်ပီးရောဂါအကြောင်းရင်းကို လေ့လာဖို့စိတ်မရှိတာကြောင့် ရေရှည်ဆိုးကျိူးတွေ သာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ရောဂါတခုဖြစ်ရင်ဘာဆေးသောက်ရမလည်းကြုံရာလူမေးတဲ့အခါသူ့တုန်းကလည်းဒါလေးသောက်ခဲ့တာဒီဆေးသောက်ကြည့်ဆိုတဲ့ ဆေးပေါင်းစုံနည်းလမ်းပေါင်းစုံတွေကို ရမ်းဆမှန်းဆလုပ်နေသရွေ့မိမိရောဂါအကြောင်းရင်းကိုကုသဖို့အလှမ်းဝေးနေဆဲသာဖြစ်နေမှာပါ။သူတပါးညွန် သောစပ်ဆေးများကိူအတိုင်းအဆပမာဏမသိသလိုရောဂါစစ်ဆေးစမ်းသပ်မူ အဖြေပေါ်မူတြည်ပီး သောက်ရမှာကိုလည်းမသိဘဲကြုံသလိုသောက်မိရင်တော့ရေရှည်မှာ…
ဓမ္မတာ နဲ့ စိတ်ကျန်းမာရေး
မိန်းကလေးတွေအနေနဲ့ တချို့နေ့တွေမှာ အကောင်းမြင်စိတ်တွေနဲ့ပျော်ရွှင်နေသလောက် တချို့နေ့တွေမှာတော့ ဘာကိုမှစိတ်တိုင်းမကျဖြစ်နေတတ်တာဘာကြောင့်ပါလဲ? အဓိကအကြောင်းရင်းကတော့ ဟော်မုန်းကြောင့် ပဲဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းဟာ ဓမ္မတာ မလာခင်ရက်သတ္တပတ်ကစလို့ စတင်ကျဆင်းလာပါတယ်။ ဒီကနေရာသီအကြိုဝေဒနာကို ခံစားရပြီး အဓိကအားဖြင့်ဓမ္မတာမပေါ်မီကာလမှာ စိတ်လှုပ်ရှားမှု၊ဝမ်းနည်းမှု၊ ဒေါသထွက်မှုတွေကို ပိုပြီးခံစားရစေပါတယ်။ အမျိုးသမီး (၁၀) ယောက်မှာ (၉) ယောက်က premenstrual syndrome (PMS) လက္ခဏာများတွေ့ရပါတယ်။ PMS ရဲ့ လက္ခဏာများအနေနဲ့ ဓမ္မတာရက်မတိုင်မီ ၅ရက်ခန့်မှ ၇ရက်ခန့်အလိုမှာဖြစ်တတ်ပါတယ်။ အများဆုံးရောဂါလက္ခဏာများကတော့ – စိတ်အပြောင်းအလဲများ၊ ရင်သားနာကျင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း(သို့) အလွန်စားသောက်ခြင်း၊ လိင်စိတ်လျော့ခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဓမ္မတာလာပြီးအချိန်အနည်းငယ်အကြာမှာတော့ စိတ်နေသဘောထား၊ မျှော်မှန်းချက်၊ ယုံကြည်စိတ်ချမှုနဲ့အကောင်းမြင်မှုတို့ ကို ပြန်လည်ခံစားရနိုင်ပါတယ်။ သုတေသန တစ်ခုအရတစ်လလုံးပုံမှန်လေ့ကျင့်ခန်းလုပ်သူများကပြင်းထန်တဲ့ PMS လက္ခဏာများ မပြသဘူး…
ကျား လိင်အင်္ဂါ (Penis) ကို မလုပ်သင့်သော အချက် (၁၁)ချက်
လိင်အင်္ဂါ ဆိုတာ အရမ်းကို sensitive ဖြစ်တဲ့အင်္ဂါတခုပါ။ ဒါပေမယ့်လူတွေက သူတို့ရဲ့လိင်တံကို ဆွဲဆန့်တာတို့၊ အပ်နဲ့ထိုးတာတို့၊မကြာခဏသန့်ရှင်းရေးလုပ်ပေးတာတို့စတဲ့ ထူးထူးဆန်းဆန်းတွေကိုလုပ်နေကြပါတယ်။ သင့် လိင်အင်္ဂါ ကို မလုပ်သင့်တဲ့အချက် (၁၁) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ နောက်ဆုံးတချက်ကတော့ တော်တော်လေး ကမောက်ကမနိုင်တယ်! ၁။လိင်တံကိုတိုင်းတာခြင်း သင့်ရဲ့လိင်တံဟာ ထောင်မတ်နေတဲ့အချိန် ၃လက်မအောက်ရောက်မနေဘူးဆိုရင် ကိုယ့်မှာရှိတဲ့ အရှည်နဲ့ကျေနပ်ကြပါ။ လိင်တံရှည်ခြင်းဟာ သင့်ရဲ့ partner စိတ်ကျေနပ်စေခြင်းနဲ့မဆိုင်တဲ့အတွက် လိင်တံအရွယ်အစားနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ၂။လိင်တံကိုဆွဲပြီး ရှည်လာအောင်လုပ်တာ သင့်လိင်တံကို ဆွဲလိုက်ရင် ရှည်လာမယ်ပြီးတွေးနေတယ်ဆိုရင် သင့်အတွေးဟာ မှားနေပါတယ်။ ဒါတွေကိုဘယ်သူမှ သက်သေမပြထားပါဘူး။ သင်ဟာ လိင်တံကို ဆွဲဆန့်တာတို့၊လုပ်နေဦးမယ်ဆိုရင် သင့်ရဲ့အင်္ဂါနားတဝိုက်မှာရှိတဲ့ ကြွက်သားနဲ့တစ်သျှူးတွေကို ထိခိုက်ဒဏ်ရာရစေမှာပဲဖြစ်ပါတယ်။ ၃။လိင်တံကြီးထွားစေသောဆေးများ လိင်တံကိုဆွဲဆန့်လို့ဘာမှမထူးခြားလာကြ ဘူးဆိုရင် နောက်တဆင့်အနေနဲ့ လူတွေကလိင်တံကြီးထွားစေသောဆေးတွေကိုလက်တည့်စမ်းချင်လာကြတယ်။ ဒါပေမယ့်လူတွေက အဲ့ဒီလိင်တံကြီးဆေးတွေမှာ ဟော်မုန်းတွေ၊ဗိုက်တာမင်တွေ၊သတ္တုဓာတ်တွေပါတာကိုမသိကြဘူး။ဆေးကုမ္ပဏီတွေကလည်းသင့်ကို ဘယ်ဟော်မုန်းကြောင့်ဘယ်ဟာကဘယ်လိုကြီးလာတာဆိုပြီး…
လိင် မ ဆက်ဆံ ခင်ဘာတွေကြိုပြင်ထားသင့်လဲ ?
ကျား မ ဆက်ဆံ ကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ LGBT စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်ပါတယ်။ ဒါအပြင် မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့ရတာမျိုးလဲကြိုတင်စဉ်းစားသင့်ပါတဲယ် ။ ဒါ့အပြင် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထပ်ကောင်းတယ်ဆိုတဲ့စကားနဲ့ အညီ လိင်မဆက်ဆံခင်မှာ အောက်ပါနည်းလမ်းတွေကြိုတင်ပြင်ဆင်သင့်ပါတယ်။ ကွန်ဒုံးဟာ HIV တင်မကဘဲ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို ကာကွယ် ပေးနိုင်တာကြောင့် စိတ်ချရတဲ့ လိင်ဆက်ဆံမှုတစ်ခုဖြစ်ဖို့ ကွန်ဒုံးဆောင်သင့်ပါတယ် ကိုယ်ဝန်ရဖို့အတွက် မမျိုးဉနဲ့ ဖိုသုက်ပိုးတို့လိုပါတယ်။ ဒီတော့ မိန်းမနဲ့ယောကျာ်းလိင်ဆက်ဆံမှု မှန်သမျှကိုယ်ဝန်ရနိုင်တာမို့ မလိုချင်သေးရင်တားဆေးသုံးထားဖို့လိုအပ်ပါတယ်။ သန္ဓေတားဆေး အမျိုးအစားတွေရှိတာကြောင့် မိမိနဲ့ကိုက်ညီတဲ့အမျိုးအစားကိုဆရာဝန်နဲ့တိုင်ပင်ပြီးသုံးနိုင်ပါတယ်။ တားဆေးမသုံးမိဘဲလိင်ဆက်ဆံမိခဲ့ရင်တော့ (၇၂)နာရီအတွင်းအရေးပေါ်တားဆေးသုံးနိုင်ပါတယ်။ ခဏခဏသုံးလို့တော့မကောင်းပါဘူး။ သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့်ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးပါတယ်။ ဘီကာကွယ်ဆေးဟာ အာနိသင်ကိုပြန်လည်တိုးမြှင့်ပေးရန်လိုတာမို့ Booster…
ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက “ချန်ကာ(Chancre)” လို့ခေါ်တဲ့အနာဖုလေးပါ။…
အမျိုးသားတွေ အသက်ရလာတဲ့အခါ ရင်ဆိုင်ရမယ့်ပြဿနာ
“ယောကျာ်းမှာဆီး မိန်းမမှာမီး” ဆိုရိူးရှိတဲ့အတိုင်းပုရိသယောကျာ်းအားလုံး အသက်၅၀၀န်းကျင် ရောက်တာနဲ့ ကြုံလာနိုင်မယ့် ပြသနာ ကတော့၏ဆီးကျိတ်ရောင်ရောဂါဖြစ်ပါတယ်။ Prostate gland ဆီးကျိတ်လေးဟာ ဆီးအိမ်ကအထွက်၊ နားဆီးသွားမယ့်ပြွန်လမ်းကြောင်းမှာတည်ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရွယ်အစားအလေးချိနိကပိုပိုကြီးလာပါတယ်။ အများအားဖြင့်အသက် ၅၀/ ၆၀ ဝန်းကျင်မှာ သိသိသာသာဆီးကျိတ်ရောင်ရောဂါကိုခံစားရပါသည်။ အကြောင်းရင်းတွေကိုလေ့လာနေဆဲဖစ်ပီး ယောကျာ်းဟော်မုန်း testosteroneလျော့နည်းလာတာကလည်းအကြောင်းရင်းတခုဖစ်ပါတယ်။ ဆီးကျိတ်ယောင်လာလျင် ဆီးသွားလျင်မဝသလိုခံစားရခြင်း၊ တစက်ဆီကျခြင်း ၊ဆီးသွားလျင်နာမယ် ဆီးလုံးသေးပီး အချိန်အတော်ကြာအောင်ဆီးသွားဖို့အချိန်ယူရပါမယ်။ ဆီးလမ်းကြောင်းပိတ်ဆို့နိုင်ခြင်းကြောင့် တခါတည်းဆီးကောင်းကောင်းမသွားနိုင်ပဲဆီးကျန်နေသောကြောင့်ခဏခဏဆီးသွားနေရပါမည်။ နောက်ဆက်တွဲအနေဖြင့်ဆီးလမ်းကြောင်းကိူထိခိုက်ပီးသွေးပါတာတို့ ကျောက်ကပ် ပျက်ဆီးတာတို့ဖစ်လာပါမယ်။ အဓိကအနေနဲ့ကတော့အမျိုးသားတွေအနေနဲ့ အသက်၅၀ကျော် လာတာနဲ့ အမျှနှစ်စဉ် အမြဲဂရုတစိုက်ဆီးလမ်းကြောင်းရောဂါရှိမရှိစစ်ဆေးသင့်ပါတယ်။ ဆီးကျိတ်ရောင်တဲ့အဆင့်ပေါ်မူတည်ပီး သောက်ဆေးနဲ့ထိန်းသောက်ရသလို ခွဲစိတ်ကုသရတာတွေရှိပါတယ်။ ကာကွယ်ဖို့ကတော့ယေဘူယျအားဖြင့်အာဟာရှိသန့်ရှင်းတဲ့အစားအစာတွေကိုစားမယ်အသင့်စားအစားအစာတွေဆီကြော်တွေကိုတတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။ အိပ်ခါနီးရေအများကြီးသောက်ခြင်း ဆီးကိူအကြာကြီးအောင့်ထားတဲ့အကျင့်ရှိခြင်းကလည်းဆီးအိမ်အတွင်းအပူအအေးမမျှတမှူဖစ်ပေါ်ကိူစေပါတယ်။ အမျိုးသားတိုင်းတချိန်ချိန်မှကြုံလာရမယ့်ပြသနာဖစ်လို့ တတ်နိုင်သမျှဂရူစိုက်နေထိုင်ဖို့သာ အကြံပေးလိုပါတယ်။ ဒေါက်တာနိုင်း (ဆေး-၁) #BPH #men_health #We_R_z_waka
ကလမိုင်းဒီယား လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်စေတဲ့ရောဂါ
ကလမိုင်းဒီးယား (Chlamydia trachomatis) ဟာ အတွေ့များတဲ့ လိင်မှတဆင့် ကူးစက်စေတတ်သော ရောဂါတမျိုးပဲဖြစ်ပါတယ်။ တချို့တွေက ရောဂါကူးစက်နေမှန်း တောင်မသိကြပါဘူး။ ဘာလို့လဲဆိုတော့ ကလမိုင်းဒီယားရောဂါကူးစက်ခံထားရပေမယ့် သူတို့မှာ လိင်အင်္ဂါနာကျဉ်ခြင်း၊ လိင်အင်္ဂါထိပ်မှ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းစတဲ့ ရောဂါလက္ခဏာတွေမခံးစားကြရလို့ပဲဖြစ်ပါတယ်။ ကလမိုင်းဒီယား ရောဂါဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးတွေမျာ အဖြစ်များကြပါတယ်။ ကျား၊မမရွေး၊အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလမိုင်းဒီယား ဖြစ်လာပြီဆို ဆေးကုသရတာမခက်ပါဘူး။ ဒါပေမယ့် ဆေးကုသမှုမခံယူခဲ့ရင် ကလမိုင်းဒီယားရောဂါဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေပါတယ်။ ဘယ်လိုလူတွေမှာ ရောဂါကူးစက်နိုင်ချေပိုများသလဲ? ရောဂါလက္ခဏာများ ကလမိုင်းဒီယား ရောဂါဖြစ်ကာစမှာ ရောဂါလက္ခဏာအနည်းငယ်ပဲပြတတ်ပါတယ်။ တချို့ဆို ရောဂါလက္ခဏာတောင်မပြကြပါဘူး။ သူရဲ့ရောဂါလက္ခဏာတွေကတော့… ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲထွက်လာတဲ့ အရည်များကို ထိတွေ့ထားသည့်လက်ဖြင့် မတော်တဆမျက်လုံးကိုပွတ်မိတာတို့၊ ထိမိတာတို့ ပြုမိပါက ကလမိုင်းဒီယားရောဂါပိုးဟာ မျက်လုံးထဲဝင်ပြီး မျက်လုံးတွင် ရောဂါဖြစ်စေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်မိခင်၏မွေးလမ်းကြောင်းမှ…
ဆေးလိပ် ၏ ဆိုးကျိုးများ
ဆေးလိပ် ဆိုတာနဲ့ ကျနော်တို့ ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းကို တွေးမိကြမှာပါ။ အရင်ဆုံး ထိခိုက်မှာကတော့ သွားနဲ့ ခံတွင်းပါပဲ။ ခံတွင်းအနံ့ဆိုးထွက်စေမှာပါ၊ အဲ့ဒီအပြင်.. – သွားနှင့်လျှာတွေ ဝါစေတယ် – အနံ့ နဲ့ အရသာ ခံစားနိုင်တာတွေလျော့ကျကုန်တယ် – သွားဖုံးရောဂါ နဲ့ သွားဆုံးရှုံး နိုင်ချေပိုများတယ် – သွားနှုတ်ပြီးတဲ့အချိန်လဲ အနာကျက်ချိန် ပိုကြာစေတယ် – ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ် ဒါတာကြောင့် ဆေးလိပ်ကိုမသောက်တာ မသောက်တာအကောင်းဆုံးပါပဲ။ မိမိရဲ့ သွားနှင့် ခံတွင်း သန့်ရှင်းမှုကိုလဲ ပုံမှန် ပြုလုပ်သင့်ပါတယ်ခင်ဗျာ။ ဒေါက်တာဉာဏ်
အမျိုးသားတို့ ပြုမူလေ့ရှိသော နေထိုင်မှုပုံစံ အမှားများ
ခေတ်လူငယ်၊လူလတ် အမျိုးသားများရဲ့ မြို့ပြလူနေမှုစရိုက် များအနက် အချို့ နေထိုင်မှုပုံစံ များက မိမိကျန်းမာရေးအပေါ်ဘယ်လိုထိခိုက်စေနိုင် တယ်ဆိုတာတင်ပြသွားမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသားများက အမျိုးသမီးများနဲ့ယှဉ်ရင် မိမိကိုယ်ကို ဂရုစိုက်မှု ပိုမိုအားနည်းတတ်ကြပါတယ်။ ဒါကြောင့်သတိမမူမိတဲ့ ရှောင်ကြဉ်သင့်သော အပြုအမူလေးတွေကို စုစည်းတင်ပြထားလိုက်ပါတယ်။ 1. Alcohol အလွန်အကျွံသောက်ခြင်း အလုပ်ကအပြန် stress စိတ်ဖိစီးမှုများလို့ သောက်မိခြင်း၊ လုပ်ငန်းစကားပြောဆိုမှုကြောင့်သောက်မိခြင်း၊ အလုပ်အောင်မြင်၍ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် သောက်ခြင်း၊ ပိတ်ရက် သူငယ်ချင်းများဆုံ၍သောက်မိခြင်းစသဖြင့် မြို့ပြလူငယ်လူလတ်အများစုက မသိမသာနဲ့ အရက်ဘီယာသောက်သုံးမှုပမာဏများပြားလာပါတယ်။ ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အပြင်ကို ရေတို အနေနဲ့လဲ ခန္ဓာကိုယ်ဝလာခြင်း၊ အသားရေခြောက်သွေ့လာခြင်း၊ ဖောလာခြင်း၊ အိပ်ရေးမဝခြင်း၊ ကိုယ်သင်းနံ့မကောင်းခြင်းများ တဖြည်းဖြည်းပေါ်ပေါက်လာတတ်ပါတယ်။ ဒါကြောင့်ပမာဏထိန်း သောက်ပြီး မိမိကိုယ်ကို အလွန်အကျွံမဖြစ်စေရန်သတိမူသင့်ပါတယ်။ 2. ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးလေ့မရှိခြင်း အမျိုးသားအများစုက မိမိခံစားနေရသော ရောဂါလက္ခဏာတစုံတခုရှိပါကသက်ဆိုင်ရာဆေးရုံဆေးခန်းသွားပြီး တိုင်ပင်ဆွေးနွေးမှုအပိုင်းမှာ…
ကျန်းမာသော သုတ်ပိုး ဖြစ်စေဖို့
သုတ်ပိုး ကတော့လိင်ပိုင်းဆိုင်ရာ မျိုးပွားမှုအတွက် သဘာဝကသတ်မှတ်ထားတဲ့ မျိုးပွားဆဲလ်ပဲဖြစ်ပါတယ် ။ အမျိုးသားတစ်ယောက်ရဲ့ သုတ်ရည်တိုင်းမှာ သုတ်ပိုးသန်း ၅၀၀ အထိပါဝင်နိုင်ပါတယ်။ လိင်တံက လှုံ့ဆော်လာတဲ့အခါ မျိုးပွားအင်္ဂါများပတ်ဝန်းကျင်မှ ကြွက်သားများဟာ သုတ်ရည်ကိုပြွန်စနစ်နှင့် urethra မှတဆင့်ဖိအားပေးပြီး ထုတ်ယူလေ့ရှိပါတယ်။ အမျိုးသားအများစုဟာလိင်ဆက်ဆံစဉ် မိနစ်အနည်းငယ်အတွင်းသုတ်လွှတ်ကြပါတယ်။ သုတ်ရည်ကိုအားဖြည့်ပေးနိုင်တဲ့ အစားအသောက်တွေအနေနဲ့တော့ နေထိုင်မှုပုံစံတွေအနေနဲ့ ကျန်းမာသောသုတ်ရည်ရဲ့အရောင်ဟာ အများအားဖြင့်အဖြူရောင်(သို့မဟုတ်) ခဲနဲ့အဖြူရောစပ်တဲ့အရောင်ဖြစ်ပါတယ်။ အရောင်ကကြည်လင်နေခြင်းမဟုတ်ဘဲ အနှစ်ဖြစ်နေတာမျိုးဖြစ်ပါတယ်။ သုတ်ရည် အရောင်ပြောင်းသွားခဲ့ရင်တော့ ကျန်းမာရေးအတွက်သတိထားဖို့ လိုပြီး အဝါရောင်နဲ့ အဖြူရောင်ကြည်နေတဲ့သုတ်ရည်ဟာဆိုရင်လည်း ကျန်းမာရေးလက္ခဏာတစ်ခုခု ရှိနေတတ်ပါတယ်။ သုတ်ရေကောင်းမွန်ဖို့အတွက် ရေဓာတ်များများ ဖြည့်ဖို့လည်း လိုအပ်ပါတယ်။ ရေဓာတ်မလုံလောက်ရင်တော့သုတ်ပိုးထုတ်လုပ်မှုကိုထိခိုက်စေတာကြောင့် ရေသောက်သုံးမှုကိုလုပ်ဆောင်ပေးသင့်ပြီး အရက်သောက်ခြင်း ကိုလျှော့ချပေးသင့်ပါတယ်။ ကိုယ်ဝန်ရှိခြင်းဟာ သုတ်ကောင်ရည် နည်း/ခြင်းများခြင်းနဲ့ မဆိုင်ဘဲ အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့်ရရှိနိုင်တာမို့ လိင်မဆက်ဆံခင်မှာ ကြိုတင်သိထားသင့်ပါတယ်။ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးဟာ…
ယောကျာ်းလေးအများစု သိချင်ကြတဲ့ သုတ်လွှတ်မြန် တဲ့ပြဿနာ…
ယောကျာ်းလေးအုပ်စု သုံးပုံပုံ တစ်ပုံလောက်က လိင်ဆက်ဆံတဲ့အခါ စောစောပြီးပြီးသွားတယ် သုတ်လွှတ်မြန် တယ်ဆိုတဲ့ပြဿနာမျိုးဖြစ်တတ်ကြပါတယ်။ မြန်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်နိုင်လဲဆိုရင် ယောကျာ်းလေးအင်္ဂါက မိန်းကလေးအင်္ဂါထဲထိုးသွင်းပြီးတဲ့အခါ တစ်မိနစ်အတွင်းမှာတင် သုတ်ထွက်သွားတယ်၊ သုတ်လွှတ်တာနှေးအောင်ထိန်းထားလို့မရဘူးဆိုရင်တော့ သင့်မှာ သုတ်လွှတ်မြန်နေတဲ့ပြဿနာရှိနေတယ်လို့ပြောလို့ရပါပြီ။ ဒီ သုတ်လွှတ်မြန် တာဟာ တစ်ဘဝလုံး(lifelong) ဖြစ်တတ်တာရှိသလို အရင်က သုတ်လွှတ်မြန်တာနဲ့ပတ်သက်ပြီး လိင်ဆက်ဆံတာအဆင်မပြေတဲ့အတွေ့အကြုံတွေကြောင့် အခုထိပြဿနာဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ သုတ်လွှတ်မြန် တာတွေကတခြားဘာ့ကြောင့်ဖြစ်နိုင်လဲဆိုရင်…. စိတ်ဓာတ်ကျတာ၊ စိတ်ပူတာ၊ အပြစ်မကင်းသလိုခံစားရတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာ စတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ဖြစ်နိုင်သလို
အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ
မိမိစီးနင်းနေတဲ့ကားကို တာရှည်အသုံးခံဖို့ ဆီ၊ရေ၊လေ မကြာခဏစစ်ဆေးရသလိုပဲ နေ့စဉ်မိမိတို့ အသုံးပြုနေတဲ့ခန္ဓာကိုယ် အစဉ်ကျန်းမာနေစေဖို့လည်း စစ်ဆေးဖို့လိုအပ်ပါတယ်။ ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိတဲ့အနက် ဥပမာအားဖြင့် မျိုးရိုးကြောင့်မဟုတ်သောဆီးချိုရောဂါ နှင့် အူမကြီး ကင်ဆာတို့ကို ကျန်းမာရေးပုံမှန်စစ်ဆေးနေခြင်းကြောင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများမိမိကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်တဲ့ ရောဂါနဲ့ Test များကို အောက်ဖော်ပြပါအတိုင်း စုစည်းတင်ပြလိုက်ပါတယ်။ ၁) ဆီးကျိတ်ကင်ဆာ (Prostate Cancer) အမျိုးသားများတွင်အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကို ကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့် မဖြစ်ပွားခင်မှာ ကြိုတင် သိနိုင်ပါတယ်။ အမေရိကန်မှာ အမျိုးသား ၉ယောက်လျှင်တယောက်ဖြစ်ပွားလေ့ရှိတာတွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် အမျိုးသားများတွင်ပိုဖြစ်လေ့ရှိပြီး အသက် ၄၀ အောက်အမျိုးသားများတွင်မူ ဖြစ်ပွားနှုန်းနည်းတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာ ကြိုတင်စစ်ဆေးခြင်းနည်းလမ်းများမှာ စစ်ဆေးသင့်သူများ-ပုံမှန်အသက် ၅၀နှင့်အထက် (သို့) ဆီးကျိတ်ကင်ဆာမျိုးရိုးရှိလျှင်…
ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?
Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊ စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။ ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာများ Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။ အဆင့်(၁) ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက…
အမျိုးသား တွေကောသွေးဆုံးနိုင်လား?
သဘာဝအရ အသက်၅၀ကျော် လာရင် အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာကို မလွဲမသွေကြုံတွေ့ရတဲ့အရာတစ်ခုပါ ။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက အမျိုးသား တွေမှာကော သွေးဆုံးမှုဖြစ်တတ်လားဆိုတာပါ။ တစ်ကယ်တော့ အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာဖြစ်တတ်ပါတယ်! အမျိုးသား တွေအတွက်သွေးဆုံးတယ်ဆိုတာ testosterone hormone လျော့နည်းလာတာကို ပြောတာပါ။ တစ်နည်းအားဖြင့် ဆိုရင်တော့ လိင်စိတ်ဆန္ဒလျော့နည်းသွားတာပါ။Testosterone hormone က အမျိုးသားတွေအတွက် လိင်စိတ်တင်မက လူပျိုဖော်ဝင်ချိန် စိတ်အပြောင်းအလဲတွေ ၊စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်ပေးတာပါ ။ Testosteroneဟော်မုန်းလျော့နည်းလာတာဖြစ်တဲ့ အတွက်ဒီလိုလက္ခဏာတွေခံစားရပါတယ်! ဒီလက္ခဏာတွေကလူကိုထိခိုက်လောက်တဲ့အထိခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသပါလို့အကြံပေးပါရစေ။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်ခြင်း ၊ တရားထိုင်ခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ အိပ်ရေးဝဝအိပ်ခြင်းပြုလုပ်ပေးခြင်းက အချို့သော လက္ခဏာတွေကို သက်သာစေတယ်လို့ လေ့လာတွေ့ရှိချက်တွေအရဆိုပါတယ်။ ဒါ့ကြောင့်ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပြီး လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူနိုင်ပါတယ်။…
သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ
ဒီနေ့ကတော့ ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆီးကျိတ်ရောဂါ အကြောင်း အနည်းငယ် ပြောပြပါ့မယ်။ ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။ ၄င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့် ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။ ဆီးကျိတ်ကြီးခြင်း ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ Benign Prostate Hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ…
🤱 မေမေတို့နို့ထွက်များအောင် ဘယ်လိုလုပ်ကြမလဲ?
နို့သိပ်မထွက်ဘူးဖြစ်နေတယ်၊ ကလေးက နို့ဝမှဝပါ့မလား လို့စိုးရိမ်နေတဲ့ မေမေတွေအတွက် မှာချင်တာက မေမေတို့အများကြီးမစိုးရိမ်ကြပါနဲ့လို့။ မေမေတို့နို့ထွက်များအောင်လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိပါသေးတယ်။ အခုဖော်ပြပေးသွားမယ့်နည်းလမ်းတွေက အတွေ့အကြုံရှိတဲ့မိခင်များ၊ တိချသေချာသည့်လေ့လာမှုများဖြင့် တွေ့ရှိလာရသည့် နည်းလမ်းများကို ဖော်ပြပေးသွားမှာပါ။ ဆက်ဖတ်ကြည့်ရအောင်…🔍 ၁) နို့ထွက်တာနည်းနေပေမယ့်လည်း ကလေးကိုနို့ဆက်တိုက်နေပါ။ နို့တိုက်ရင် ကလေးစို့နေတာ ရပ်သွားတဲ့အထိတိုက်ပါ။ နို့မထွက်ဘူးဆိုပြီး မရပ်လိုက်ပါနဲ့။ ကလေးက နို့သီးခေါင်းကို စို့လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ နို့ထွက်များအောင် လုပ်ပေးမယ့် ဟော်မုန်းတွေထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းတွေက နို့များများထုတ်ဖို့အတွက်လှုံ့ဆော်ပေးကာ၊ နို့ချောင်းတွေကို ကျယ်စေပြီး၊ နို့ထွက်ကျလာဖို့ နို့အုံရှိကြွက်သားများကိုလည်း ညှစ်ထုတ်ပေးပါတယ်။ အဲ့ဒါကို နို့ထွက်လာသည့်အလိုအလျောက်တုံ့ပြန်မှုလို့ခေါ်ပါတယ်။ တခါတလေ ကလေးငိုသံကြားမိရင်၊ ကလေးအကြောင်းစဉ်းစားမိရင်တောင် အဲ့လိုတုံပြန်မှုကို တွေ့ကြုံရတတ်ပါတယ်။ မိခင်နို့ကို တနေ့ ၈ ကြိမ်မှ ၁၂ ကြိမ်ထိ တိုက်ပေးပါက နို့မှန်မှန်ထွက်စေဖို့ ကူညီပေးပါတယ်။ ကလေးကို…
သားအိမ်ခေါင်းကင်ဆာ အကြောင်းသိကောင်းစရာများ
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေ သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါသည်။ (၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတဝှမ်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ပါသည်။ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ(အသက်အရွယ်အားလုံး)တွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏(၂၃.၅)ရာခိုင်နှုန်းဖြစ်ပါသည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည်ပင် အသက် (၁၅) နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများတွင် DNA GeneXpert HPV Assay စစ်ဆေးရာ (၈၆)ရာခိုင်နှုန်းသောလူများတွင် အန္တရာယ်များသောအမျိုးအစားဖြစ်သည့် (၁၆)နှင့် (၁၈) ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပါသည်။ အိတ်ချ်ပီဗီပိုး(Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာ အိတ်ချိပီဗီပိုးသည်…
ဓမ္မတာမလာခြင်း နဲ့ ဓမ္မတာမူမမှန်ခြင်းများ
အမျိုးသမီးတွေရဲ့ဘဝမှာ ဓမ္မတာမမှန်တာ ဓမ္မတာမလာတာ တွေက စိတ်ရှုပ်ထွေးမှုကိုပါ သက်ရောက်စေတဲ့ ပြသနာတစ်ခုဘဲဖြစ်ပါတယ်။တစ်ယောက်နဲ့တယောက် မတူညီတဲ့နောက်ခံအကြောင်းရင်းတွေကြောင့် ဓမ္မတာမလာခြင်း လာခြင်းပုံစံအမျိုးမျိုးဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်စမိန်းကလေးတွေအနေနဲ့ပိန်လွန်းတာ၊ ဝလွန်းတာတွေကြောင့် တခြားမိန်းကလေးငယ်တွေဓမ္မတာလာချိန်မှာ မလာသေးတာတွေရှိတတ်သလို ငယ်ရွယ်စဉ်မှာ တွေအနေနဲ့လည်း ဓမ္မတာလာတာနောက်ကျလေ့ရှိကြပါတယ်။ အပျိုဖော်ဝင်ချိန်ဓမ္မတာမလာတာ အချိန်တော်တော်လေးကြာလာတဲ့မိန်းကလေးငယ်တွေအနေနဲ့ မွေးရာပါမျိုးပွားအင်္ဂါချွတ်ယွင်းတာမျိုး၊ သိုက်ရွိုက်ဟော်မုန်းမူမမှန်ရောဂါနဲ့ဦးနှောက်ထဲအကျိပ်ရောဂါရှိနေတာမျိုး၊ လိင်နဲ့ပတ်သက်တဲ့ ခရိုမိုဇုန်းရောဂါဖြစ်နေတာမျိုးရှိမရှိဆန်းစစ်သင့်ပါတယ်။ ဒါကတော့ဓမ္မတာစလာချိန်နောက်ကျနေတတ်တဲ့မိန်းကလေးငယ်တွေအတွက်ဆိုလိုတာပါ။ နောက်ထပ်တွေ့ရတဲ့ပုံစံကတော့ဓမ္မတာလာပုံမူမမှန်တာပဲဖြစ်ပါတယ်။ ရာသီလာချိန်သွေးဆင်းမှုနည်းတာ၊ များတာ၊ စောဝာာ၊ နောက်ကျတာအားလုံးဟာမူမမှန်တာပဲဖြစ်ပပါတယ်။ ပုံမှန်အားဖြင့်အမျိုးသမီးတစ်ဦးဟာ(၂၁)ရက်ကနေ(၂၈)ရက်အတွင်းဓမ္မတာလာတတ်သလိုတကြိမ်လာရင်ပျှမ်းမျှ(၅)ရက်ခန့်ရှိပါတယ်။ နောက်ပြီး ရာသီထိန်ခြင်း၊ သွေးများစွာဆင်းခြင်း၊ နည်းပါးခြင်း၊ တစ်စက်နှစ်စက်ဆင်းခြင်း တွေကလည်း မူမမှန်တဲ့ရာသီစက်ဝန်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ်ဓမ္မတာမလာတော့တဲ့ပြသနာတစ်ခုကတော့ကိုယ်ဝန်ပါ။ အပျိုဖြစ်ပြီးတဲ့အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်နဲ့ပတ်သက်လို့ သတိထားသင့်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့မိမိကိုယ်ကို ထင်မြင်ရင်တော့ ဆီးစစ်ကြည့် သင့်ပါတယ်။ သားဆက်ခြားဆေးတွေ၊ ထိုးဆေးတွေကလည်း(၃)လ၊ (၆)လထိဓမ္မတာမမှန်တာတွေဖြစ်တတ်ပါတယ်။ကာဘိုဟိုက်ဒရိတ်များတဲ့Fastfoodလိုမျိုးတွေစားသုံးမှုများတာ၊ အရက်အလွန်ကျွံသောက်မိတာတွေကလည်းဓမ္မတာစက်ဝိုင်းကိုပြောင်းလဲစေပါတယ်။ ဒါကြောင့်ရှေးလူကြီးတွေရဲ့စာပေတွေထဲမှာဓမ္မတာအတွက်စားသုံးသင့်တဲ့၊ မစားသုံးသင့်တဲ့ အစားအစာတွေကိုရေးသားခဲ့ကြတာဖြစ်ပါတယ်။ လူနေမှုဘဝပုံစံတွေအရ စိတ်ဖိဆီးမှုတွေများတာ၊ စိတ်ဓာတ်ကျတာ၊…
🩸သွေးဆုံးတယ်ဆိုတာ ဘာလဲ?
မီးယပ် သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတယောက် ဓမ္မတာရာသီသွေးမပေါ်တော့တဲ့ဖြစ်စဉ်ကို ခေါ်တာဖြစ်ပါတယ်။ မီးယပ်သွေးဆုံးသွားပြီဆို ပဋိသန္ဓေ ကလေးမရနိုင်တော့ပါဘူး။ အမျိုးသမီးတစ်ဦးဟာ ၁၂ လ ကြာသည်အထိ ဓမ္မတာသွေးမပေါ်ခဲ့ဘူးဆိုလျှင် သွေးဆုံးပြီဟုဆိုနိုင်ပါတယ်။ ပုံမှန်အားဖြင့်အမျိုးသမီးတွေဟာ အသက် (၄၀)၊ (၅၀)ဝန်းကျင် အရွယ်တွေမှာ သွေးဆုံးကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ပျမ်းမျှအသက် (၅၁) အရွယ်လောက်မှာ မီးယပ်သွေးဆုံးသွားကြပါတယ်။ 💁 သွေးဆုံးတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ သွေးဆုံးချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာပူလောင်နေခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေ၊ အိမ်မပျော်ခြင်း၊ အားနည်းခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေ ကြုံတွေ့ကြရပါတယ်။ သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ဟော်မုန်းဆိုင်ရာကုသမှုတွေ၊နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေနဲ့ ထိရောက်စွာ ကုသနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာကဘာတွေလဲ? သွေးဆုံးချိန်နှင့် သွေးဆုံးပြီးကာလအတွင်း အမျိုးသမီးတွေမှာ အောက်ပါရောဂါလက္ခဏာတွေကိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးများသွေးဆုံးချိန် ခံစားရတဲ့ရောဂါလက္ခဏာတွေအတွေ့အကြုံတွေဟာ တစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ Perimenopause…
ရာသီလာတာများတဲ့ အခါ ဘာတွေသတိထားသင့်လဲ….🚫
🙇♀️ မိန်းကလေးတွေဟာ ပုံမှန်အတိုင်းရာသီလာရင်တောင် နာကျင်ကိုက်ခဲတာတွေ၊ စိတ်ခံစားချက်ပြောင်းလဲတာတွေနဲ့ အတော်ဒုက္ခတွေ့ပါတယ်။ ရာသီလာတာများတဲ့ သူတွေကတော့ သာမန်လူတွေထက်ပိုပြီးဒုက္ခရောက်ရပါတယ်။ ရာသီလာတဲ့အခါ သွေးခဲတွေပါမယ်၊ Pad ကို တစ်နေ့ ၅ ခုကျော်လောက်လဲရမယ်၊ ရာသီလာတဲ့ရက်ကလည်း ၁ ပတ်ကျော်တဲ့ထိကြာမယ်၊ ရာသီလာတာများတာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အားမရသလိုဖြစ်လာမယ်၊ မလုပ်နိုင်ဖြစ်လာမယ်။ ဒါဆို ဒီရာသီလာတာများတာဟာ ဘာတွေကြောင့်ဖြစ်နိုင်မလဲ… ဒီလိုရာသီလာတာများလွန်းတာဟာ… အဲ့တာကြောင့်မိမိမှာ… ⛔ ရာသီလာတာက တစ်နေ့ကို Pad ၅ ခုကျော်လောက်ကုန်လာရင် (သို့) ၂ နာရီခြားတစ်ခါလောက် Pad ကိုလဲနေရရင် ⛔ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေရှိလာရင် ⛔ နည်းနည်းလှုပ်ရှားရုံနဲ့ မောတာ၊ ရင်တလှပ်လှပ်တုန်တာ၊ အစားအသောက်ပျက်တာ၊ ဖြူဖပ်ဖြူလျော့ဖြစ်တာမျိုးတွေရှိလာရင် ⛔ ရာသီလာတဲ့ စက်ဝန်းတစ်လနဲ့တစ်လကြားမှာ ကြားဖြတ်သွေးဆင်းတာရှိလာရင်၊ သွေးဆင်းတာပုံမှန်မဟုတ်ဖြစ်လာရင် သတိထားပြီး ဆရာဝန်နဲ့သေချာပြသသင့်ပါတယ်။ ဒေါက်တာနှင်းလွှာဖြူ…
မမျိုးဥ ကဘာတွေအရေးပါလဲ
အမျိုးသမီးတွေအတွက် မမျိုးဥ ကြွေတဲ့ကာလဆိုတာအရေးကြီးတဲ့ရာသီစက်ဝန်းလည်ပတ်ဖို့ ကာလတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန်ဆောင်လိုကြတဲ့အမျိုးသမီးတွေအတွက်မမျိုးဥကြွေချိန်ဟာသန္ဓေသားရဖို့အတွက်အရေးပါတဲ့အချိန်တစ်ခုပါ။ အမျိုးသမီးတွေရဲ့သားအိမ်ထဲမှာမျိုးဥပေါင်းများစွာဟာမွေးဖွားစဉ်ကာကတည်းက ပါဝင်လာပါတယ် မျိုးဥကြွေချိန်မှာ သွေးအနည်းငယ်ဆင်းတတ်သလိုဗိုက်အောင့်တာ မအီမသာဖြစ်တာ ကိုယ်ပူလေးနည်းနည်းရှိတာ မျိုးခံစားရတတ်ပါတယ်။ တလတခါအချိန်ကျရောက်လာတဲ့အခါ သားဥအိမ်ကနေ မမျိုးဥတစ်လုံးရင့်မှည့်လာပြီးသားဥပြွန်ထဲကိုကြွေကျလာပါတယ်။ ကိုယ်ဝန်ဆောင်လိုသူတွေအတွက်ကတော့ ဒီအချိန်ဟာ လေးရယူဖို့လိင်ဆက်ဆံဖို့သင့်တော်တဲ့အချိန်ဘဲဖြစ်ပါတယ်။ မမျိုးဥတစ်လုံးဟာကြွေပြီး ၁၂နာရီကနေ တရက်တာကာလ ၂၄နာရီထိပဲသက်တမ်းရှိတတ်ပါတယ်။ဒီကာလမှာအမျိုးသားဖြစ်သူရဲ့ သုတ်ပိုးနဲ့သွားရောက်ထိတွေ့ပြီး မျိုးဥအောင်တဲ့အခါ ၁၂ရက်အတွင်း သားအိမ်နေရာမှာ သွားရောက် တွယ်ကပ်ပါတယ်။ သဘာဝတရားရဲ့လုပ်ဆောင်ချက်အရဒီကာလမှာသားအိမ်နံရံကလည်းကိုယ်ဝန်ဆောင်ဖို့အဆင်သင့်ပြင်ထားတာကြောင့် သားအိမ်နံရံကလည်းထူနေပေးပါတယ်။မမျိုးဥကြွေတဲ့အချိန်ကို တွက်ချက်နိုင်ဖို့ကတော့ရာသီသွေးပေါ်လာချိန်ဖြစ်တဲ့ပထမဆုံးဓမ္မတာလာရက်ကနေနောက်ထပ်တစ်ခေါက်ပြန်လာတဲ့ရက်အထိကိုမှတ်သားထားရပါတယ်။ ပုံမှန်ဓမ္မတာမှန်တဲ့အမျိုးသမီးတွေအနေနဲ့၂၈ရက်ကနေ၃၂ရက်တွင်းရှိတတ်ပါတယ်။ပထမဆုံးဓမ္မတာလာရက်ကနေ၁၂ရက်မြောက်နေ့ကနေ၂၁ရက်မြောက်နေ့အတွင်းကာလဟာမမျိုးဥကြွေကျတဲ့ကာလဖြစ်ပါတယ်။ ကိုယ်အပူချိန်တိုင်းကြည့်တာ မမျိုးဥကြွေမကြွေစစ်တဲ့OvulationTestKit နဲ့ Luteinizing Hormone ပမာဏကိုစစ်ပေးသင့်ပါတယ်။ သားဥကြွေမကြွေကို ကိုယ်ဝန်ရှိမရှိအရေးပေါ်ဆီးစစ်တံနဲ့စစ်သလိုပဲ စစ်ပေးနိုင်ပါတယ်။ ဟော်မုန်းပမာဏများလာရင် ဆီးစစ်တံအရောင်ပြောင်းလာတာမျိုးနဲ့ မမျိုးဥကြွေမကြွေကိုသိနိုင်ပါတယ်။အလုပ်များတဲ့ဇနီးမောင်နှံတွေကလေးလိုချင်တယ်ဆိုရင်တော့ ဒီစစ်နည်းကိုသုံးပြီးအတူနေဖို့ရက်ကိုရွေးနိုင်ပါတယ်။မမျိုးဥကြွေချိန်မှာတခြား ဖြစ်ပေါ်တတ်တာတွေကတော့ သွေးပေါင်ချိန်တိုးလာတာ၊ဆီးစပ်အောင့်တာ၊ တင်ပဆုံခွက်နာကျင်တာ၊ ရင်သားနေရာကတင်းရင်းတာ၊ အီစထရိုဂျင်ပမာဏတိုးလာတာကြောင့် လိင်စိတ်တက်ကြွနေတာမျိုးနဲ့ အဖြူဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ အမျိုးသမီး၂၀ရာခိုင်နှုန်းခန့်ကတော့မျိုးဥကြွေချိန်မှာနာကြင်ကိုက်ခဲနေတတ်ပါတယ်။ရာသီမလာခင်(၅)ရက်နဲ့ရာသီလာပြီး(၅) ရက်အတွင်းလိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်ချေနည်းပါးပါတယ်။စိတ်ဓာတ်ကျတာ ၊စိတ်ထိခိုက်တာမျိုးတခုခုရှိခဲ့မယ်ဆိုရင်တော့…
မိန်းကလေးတွေ ဆီးပူ၊ဆီးကျင် ဖြစ်လာရင် ဘာကိုသတိထားသင့်လဲ…🤦♀️
🤦♀️ မိန်းကလေးတွေတချို့ ဆီးပူ၊ဆီးကျင် ဖြစ်တယ် ဆီးအောင့်တယ်ဆိုပြီး အိမ်သာခဏခဏသွားရတာ၊ အိမ်သာထဲမှာ အချိန်တော်တော်ကြာတာ ကြုံဖူးကြမှာပါ။ တကယ်ခံစားဖူးရင် အတော့်ကို ခံရခက်တဲ့ဒုက္ခပါပဲ။ တချို့က မခံစားကြည့်ဖူးပဲ စိတ်ကဖြစ်နေတာ ဘာရောဂါမှမရှိဘူးလို့ပြောတတ်ကြပေမယ့် တကယ်တမ်းတော့ ဒါဟာ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ရောဂါတစ်ခုပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ဆီးလမ်းကြောင်းတိုတော့ ဆီးပိုးဝင်တာပိုဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့…ဆီးပူတာ၊ဆီးကျင်တာ၊ဆီးသွားရင်အောင့်တာ၊ ဆီးသွားရင်ပူသလိုခံစားရတာဆီးခဏခဏသွားတာ၊ ဆီးအရောင်နောက်တာ၊ ဆီးအနံ့နံတာ၊ဆီးခုံအောင့်တာချမ်းတာ၊ဖျားတာ၊ ပျို့တာ၊အန်တာ၊ နောက်ကျောနာတာ၊ ဆီးထဲသွေးပါတာ စတာတွေနဲ့လာတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ဆီးပိုးဝင်တတ်တဲ့နေရာတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးလမ်းကြောင်း၊ ဆီးအိမ် စတဲ့နေရာအလိုက် လက္ခဏာတွေကွာခြားမှုရှိနိုင်ပါတယ်။ 🤷♀️ ဆီးပိုးရှိမရှိသေချာအောင် အများအားဖြင့်ဆီးစစ်တာပြုလုပ်ရပြီး လိုအပ်ရင် တခြားစစ်ဆေးမှုတွေပါပြုလုပ်ရပါတယ်။ ကုသတာကတော့ ဒီဆီးပိုးကိုသတ်နိုင်တဲ့ ပိုးသတ်ဆေးကို သောက်သုံးရတာပါ။ တကယ်လို့သေချာသာမကုသဖူးဆိုရင်… ဆီးပိုးဝင်တာခဏခဏပြန်ဖြစ်တာ ဆီးလမ်းကြောင်းကျဥ်းတာ ကိုယ်ဝန်ဆောင်သည်တွေဆို နေ့မစိလမစိမွေးတာ ကျောက်ကပ်ပျက်စီးတာ သွေးဆိပ်တက်တာ တွေထိဖြစ်နိုင်ပါတယ်။ ဒေါက်တာကြယ်စင်သစ်
မိန်းမကိုယ်မှ အရည်ဆင်းခြင်း ဖြစ်စဉ်ဟာ ပုံမှန်ဘဲလား?
မိန်းမကိုယ်မှ အရည်ဆင်းခြင်းဖြစ်စဉ်ဟာ အမျိုးသမီးများကြုံတွေ့ရတဲ့ သဘဝဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီဆင်းလာတဲ့အရည်တွေက သန့်ရှင်းစိုစွတ်ပြီး၊ မိန်းမကိုယ်ကို ရောဂါပိုးမဝင်ရောက်စေရန် ကာကွယ်ပေးပါတယ်။ သင့်မိန်းမကိုယ်မှ ဆင်းနေတဲ့အရည်ဟာ ပုံမှန်ပဲလား စစ်ဆေးကြည့်ပါ။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဆင်းလာတဲ့အရည်တွေဟာ အရည်ဆင်းတဲ့အနည်းအများပမာဏဟာ တယောက်နဲ့တယောက်မတူညီကြပါဘူး။ ကိုယ်ဝန်ဆောင်မိခင် တွေဟာ အရည်တွေများများဆင်းနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးသောက်နေလျှင်၊ လိင်အပျော်အပါးလိုက်စား လျှင် လည်း အရည်တွေများများဆင်းနိုင်ပါတယ်။ ရာသီပေါ်ပြီးနောက်၊နောက်ရာသီစက်ဝန်းမပေါ်ခင် စပ်ကြားကာလတွေမှာ မိန်းမကိုယ်ဟာ ချွဲပြီးစိုနေလေ့ရှိပါတယ်။ ဘယ်အချိန်မှာ ရောဂါလက္ခဏာပြနေပြီလို့ဆိုနိုင်မလဲ? သင့်မိန်းမကိုယ်မှ ဆင်းတဲ့အရည်တွေဟာ အရောင်၊အနံ့၊ပုံသဏ္ဍာန် တို့ပြောင်းနေပြီဆိုလျှင် ဒါဟာ ရောဂါလက္ခဏာရှိနေပြီလို့ဆိုနေတာပါ။ ဆင်းတဲ့အရည်ဟာ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်သလဲ? စသည့်အနေအခြေတွေမှာ ဆရာဝန်နှင့် ပြသပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိန်းမကိုယ်မှ အရည်ဆင်းခြင်းကို သင်မတားဆီးနိုင်ပါဘူး။ တကယ်လို့မိန်းမကိုယ်က အရည်အများကြီးဆင်းနေလျှင်၊အနံ့နံနေလျှင် panty liners…
မိန်းမကိုယ် ယားယံ တာတွေဟာ ဘာကြောင့်ဖြစ်နိုင်လဲ…
♀️ မိန်းမကိုယ် ယားယံတာဟာ မိန်းကလေးတွေအတွက်တော့ အတော့်ကိုနေရခက်ပြီး သက်တောင့်သက်သာမဖြစ်စေတဲ့အရာတစ်ခုပါ။ ဒီလိုယားယံမှုတွေဟာ ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်…. 1) ဓာတ်မတည့်တာကြောင့်တခါတလေကျ မိန်းမကိုယ် ယားယံတာဟာဆပ်ပြာတွေ၊ မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့ဟာတွေ၊ အနံ့ပါတဲ့ toilet paper တွေ၊ cream တွေနဲ့ဓာတ်မတည့်လို့ allergic ဖြစ်ပြီးယားယံတာမျိုးဖြစ်တတ်ပါတယ်။ 2)ဆီးချိုဖြစ်နေတာကြောင့်မိန်းမကိုယ်ယားယံတယ်ဆိုရင် ဆီးချိုရောဂါကိုလည်း မေ့ထားလို့မရနိုင်ပါဘူး။ သွေးတွင်းအချိုဓာတ်တွေတက်ပြီး ဆီးချိုရောဂါရှိလာတဲ့အခါ မိန်းမကိုယ်ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ တခြားလက္ခဏာတွေကိုတော့ ကြည့်ဖို့လိုပါလိမ့်မယ်။ 3)မှိုပိုးဝင်တာကြောင့်၊ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဒီမိန်းမကိုယ်ကို တစေးပိုး(မှိုပိုး)ဝင်တာဟာ မိန်းကလေးတော်တော်များများကြားမှာ အဖြစ်များတတ်ကြပါတယ်။ အများအားဖြင့် ပိုးသတ်ဆေးတွေသောက်သုံးပြီးတဲ့အခါ ကောင်းတဲ့ ဘက်တီးရီးယားတွေသေပြီး ဒီမှိုပိုးတွေဟာ ဝင်ရောက်လာတတ်ပါတယ်။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တဲ့ယားယံတာကလည်း ထိုနည်း၎င်းပါပဲ။ ဘက်တီးရီးယားပိုးဝင်လို့ဖြစ်တာမှာတော့ ငါးညှီနံ့လို အနံ့ဆိုးဆိုးအဖြူရည်တွေဆင်းတတ်ပါသေးတယ်။ 4)လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေကြောင့် လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ဆီးပူညောင်းကျရောဂါ၊ လိင်မှာဖြစ်တဲ့ ကြွက်နို့၊ရေယုန် စတဲ့ရောဂါတွေမှာလည်း မိန်းမကိုယ်ယားယံတာဖြစ်နိုင်ပါတယ်။ 5)စိတ်ဖိစီးမှုနဲ့ သွေးဆုံးတာကြောင့် စိတ်ဖိစီးတဲ့အခါ ကိုယ်ခံအားကျပြီး…
မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ?
ကိုယ်ဝန်ဆောင်ချိန်ကာလ (gestation period) ကို အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပိုင်းခြားလို့ရပါတယ်။ ကိုယ်ဝန်အပ်ဖို့ (ဗိုက်အပ်) ဖို့ကို တော့ နိုင်ငံတကာမှာ ကိုယ်ဝန် (၈) ပတ်ကနေစပြီး ဆရာဝန်ဆီသွားသင့်တယ် လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် အနည်းဆုံးတော့ first trimester လို့ခေါ်တဲ့ ကိုယ်ဝန်ပထမပိုင်း အတွင်း (၁၃ ပတ်အတွင်း) မှာ သွားသင့်ပါတယ်။ သင်ဆရာဝန်ကို ပထမဆုံးသွားပြမယ်ဆိုရင်တော့ သင့်မှာလုပ် ဆောင်စရာလေးတွေ များပါလိမ့်မယ်။ ဆရာဝန်က သင့်ကိုဦးစွာ မေးခွန်းတွေမေးပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆုံးရာသီလာခဲ့တဲ့ အခေါက်ရဲ့ ပထမရက် (first day of last menstrual period) ကိုမေးပြီး သင့်ကို due date တွက်ပေးပါလိမ့်မယ်။…
သားသားမီးမီးတို့ရဲ့ မျက်လုံးကျန်းမာရေး ကို ဂရုစိုက်ပေးဖို့ မမေ့လိုက်ပါနဲ့
Online Learning တွေများလာတဲ့ ဒီနေ့ခေတ်ပညာရေးနဲ့အတူ ဖုန်းကြည့်ပါများတဲ့ Lifestyle ကြောင့် သားသားမီးမီးလေးတို့ရဲ့ မျက်လုံးကျန်းမာရေး ကို အရင်ထက်ပိုပြီးဂရုစိုက်ပေးဖို့ လုံးဝမမေ့သင့်ပါဘူးနော်။ အကယ်၍ ကိုယ့်မိသားစုထဲမှာ အမြင်အာရုံအားနည်းတဲ့သူ၊ မျက်လုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ဖူးသူရှိမယ်ဆို သားသားမီးမီးတို့မှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် မျက်စိအထူးကုဆရာဝန်များနဲ့တိုင်ပင်ပြီး ကာကွယ်ကုသမှုတွေလုပ်သင့်ပါတယ်။ Eye Screening Test လို့ခေါ်တဲ့ အမြင်အာရုံစစ်ဆေးမှုတွေကို ပုံမှန်လေး အသက်အရွယ်အလိုက်လုပ်သွားသင့်ပါတယ်။ ရယ်ဒီမိတ်အစားအစာတွေအစား ဟင်းသီးဟင်းရွက်၊ အသီးအနှံလေးတွေများများပိုကျွေးပြီး စားတတ်အောင်လေ့ကျင့်ပေးထားသင့်ပါတယ်။ ဒါမှလည်း မျက်လုံးကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တွေရရှိမှာပါ။ ကမ်းခြေနဲ့ အခြားပူပြင်းတဲ့ဒေသတွေကို ခရီးထွက်တဲ့အခါ ကလေးတပ်တဲ့နေကာမျက်မှန်လေးတွေ မဖြစ်မနေတပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အပြင်ထွက်ဆော့ကစားတာ၊ ပန်းခြံထဲလမ်းလျှောက်တာ၊ သဘာဝနဲ့ထိတွေ့ပေးတာတွေက အမြင်အာရုံကြည်လင်စေလို့ နေအရမ်းမပူတဲ့အချိန်တွေမှာ ကလေးကို အပြင်ထွက်လည်စေချင်ပါတယ်။ ကလေးတွေရဲ့သဘာဝအရ တွေ့ကရာလျှောက်ကိုင်ပြီး မျက်လုံးကိုပွတ်မိတာမျိုးဖြစ်တတ်တဲ့အတွက် ပိုးသတ်ဆေး၊ ဓာတုပစ္စည်းပါတဲ့ဆေးတွေ၊ ပစ္စည်းတွေကို ကလေးတွေနဲ့ဝေးရာထားပေးပါ။…
လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုး ခဏခဏနာနေတာ ဘာကြောင့်လဲ
လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုး တွေခဏခဏနာနေလား? ဒါက ဘာကြောင့်များပါလိမ့်။ ကိုယ်ခံစားရတဲ့နာကျင်မှုပုံစံကိုကြည့်ပြီး ဘာဖြစ်နေလဲ၊ ဘာကြောင့်နာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်! ကြွက်သားနာကျင်ခြင်းအကြာကြီးခေါင်းငုံ့ထားရတာလို အပြင်ပိုင်းဖိအားများတဲ့လှုပ်ရှားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ Stress တွေကြောင့်ဖြစ်တတ်ပါတယ်။ Muscle Spasm အာရုံကြော(သို့) Spinal Disc ကိုထိခိုက်မိပြီး ရုတ်တရက်ကြွက်သားတွေတင်းပြီးနာကျင်တာမျိုးဖြစ်ပါတယ်။ များသောအားဖြင့် မနက်အိပ်ရာနိုးချိန် လည်ပင်းနားမှာတင်းပြီးနာကျင်နေတာမျိုးကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းလည်ပင်းအပေါ်ပိုင်းနဲ့ဂုတ်ပိုးတွေမှာ စူးပြီးကိုက်ခဲခြင်းဖြစ်ပါတယ်။ လည်ပင်းကိုလှုပ်ရှားလေလေ ၊ပိုနာလေလေပါပဲ။ အဆစ်နာခြင်းလည်ပင်းနားက အဆစ်နာကျင်ရောင်ရမ်းခြင်းဖြစ်ပြီး ဖြစ်နေတဲ့ဘက်ကိုခေါင်းစောင်းမိရင် ပိုနာသွားနိုင်ပါတယ်။ မနက်ပိုင်းနဲ့ လှုပ်ရှားမှုမရှိတဲ့အချိန်တွေမှာ ပိုနာတတ်ပါတယ်။ အာရုံကြောရောင်ခြင်းအာရုံကြောရောင်ရမ်းပါက လည်ပင်းသာမက ဆက်စပ်နေတဲ့လက်မောင်း၊ လက်ဖျံတွေအထိ ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အရိုးနာကျင်ခြင်းအဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ရောဂါဖြစ်တာကြောင့် လည်ပင်းရိုးနားတဝိုက်နာကျင်နေပြီဆို လိုအပ်တဲ့ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ထပ်မဖြစ်စေဖို့ သတိထားသင့်တဲ့ “S” လေးလုံး
သွေးလွန်တုပ်ကွေးရောဂါ က တစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်ပါသလား? ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေလေးကတော့ သွေးလွန်တုပ်ကွေးရောဂါက တစ်ခါဖြစ်ပြီးလည်း နောက်တစ်ခါထပ်ဖြစ်နိုင်ခြေရှိပါသေးတယ်။ သွေးလွန်တုပ်ကွေးအမျိုးအစား (၄) မျိုးအထိရှိပြီး လူတစ်ယောက်က သွေးလွန်တုပ်ကွေးအမျိုးအစား နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီးဖြစ်နိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါထပ်မဖြစ်စေဖို့ သိထားသင့်တဲ့ “S” လေးလုံးကို ပြောပြပေးပါရစေ။ Search ရှာဖွေပါ။ ခြင်ခိုအောင်းနေနိုင်တဲ့ ရေအိုးအဟောင်း၊ ရေအိုင်၊ မြောင်း၊ စည်ပိုင်းတွေကိုရှာဖွေပြီး ရေတွေသွန်ပစ်ပါ။ ချုံနွယ်တွေ ရှာပြီး ရှင်းလင်းပါ။ Self Protection ကိုယ်တိုင်ကာကွယ်ပါ။ ခြင်ကိုက်မခံရအောင် ခြေလက်ဖုံးတဲ့အဝတ်အစားတွေဝတ်ပါ။ ခြင်ထောင်ထောင်အိပ်ပါ။ ခြင်ကိုက်မခံရတဲ့ဆေးလူးပါ။ Say No ငြင်းဆန်ပါ။ ဘာကိုငြင်းဆန်ရမလဲဆိုတော့ စနစ်တကျမရှိဘဲ ပတ်ဝန်းကျင်မှာခြင်ဆေးဖျန်းခြင်းကို ငြင်းဆန်ရမှာပါ။ မိုးစိုတာ၊ လေတိုက်တာ စတဲ့အချက်တွေကြောင့် ခြင်ဆေးဘယ်လောက်ဖျန်းဖျန်း ခြင်တွေကိုမသေစေဘဲ ပိုပြီးခံနိုင်ရည်ရှိအောင်လုပ်မိသလိုဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ခြင်ဆေးဖျန်းမယ်ဆို စနစ်တကျလုပ်ဖို့လိုအပ်ပါတယ်။…
ဆောင်ထားသင့်တဲ့ အိမ်သုံးဆေးဝါးများ
ဖျားနာခြင်း၊ အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်းတွေဖြစ်တဲ့အခါ အိမ်မှာပဲ သင့်တော်တဲ့ဆေးတွေသောက်ရင်း သက်သာနိုင်အောင် အိမ်သုံးဆေးဝါးများ ပါရှိနေတဲ့ ဆေးသေတ္တာလေးတစ်လုံးတော့ ထားရှိသင့်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေရှိတဲ့မိသားစုတွေမှာ ကလေးရုတ်တရက်နေမကောင်းဖြစ်တဲ့အခါ တိုက်ကျွေးနိုင်ဖို့ ဆေးသေတ္တာရှိသင့်ပါတယ်။ ဒီဆေးသေတ္တာထဲ ဘာဆေးတွေ အလွယ်တကူဆောင်ထားရမလဲဆိုတာ ပြောပြပေးပါမယ်။ ပါရာစီတမော ပါရာစီတမောက မသိသူမရှိတဲ့အကိုက်အခဲပျောက်ဆေးဖြစ်သလို နာကျင်မှု၊ ကိုက်ခဲမှုနဲ့ အဖျားတက်တဲ့အခါတွေမှာ 4-6 နာရီခြားပြီး သောက်ပေးနိုင်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်း သောက်နိုင်ပါတယ်။ Ibuprofen ခေါင်းကိုက်တာ၊ သွားကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ဓမ္မတာလာစဉ်နာကျင်တာနဲ့ အဆစ်အမြစ်နာတာတွေကို သက်သာစေတဲ့ဆေးဖြစ်ပါတယ်။ ရောင်ရမ်းနာကျင်မှုတွေနဲ့အတူ အဖျားတက်တာကို ကုသပေးပါတယ်။ သွေးတိုးတတ်သူ၊ ကိုယ်ဝန်ဆောင်နဲ့ အစာအိမ်ဝေဒနာရှိနေသူတွေအတွက်တော့ သောက်သုံးရန်မသင့်တော်ပါဘူး။ Antihistamines Allergy ဓာတ်မတည့်မှုတွေအတွက် သောက်သုံးရန်ဖြစ်ပါတယ်။ အင်းဆက်တွေ အကိုက်ခံရတာ၊ ဆူးစူးမိပြီး ဓာတ်မတည့်တာ၊ ပန်းဝတ်မှုန်နဲ့မတည့်တာ၊ ပျားတုပ်ခံရတာ၊…
အိပ်ပြီး ဝိတ်ချကြမယ်
ဟုတ်ပါတယ်။ အိပ်စက်ခြင်းက ကိုယ်အလေးချိန်ချတာကိုအထောက်အပံ့ဖြစ်စေပါတယ်။ တကယ်လို့များ အိပ်စက်ပြီး ဝိတ်ချကြမယ် လို့ ဆိုလာခဲ့ရင် ပရိတ်သတ်ကြီး သဘောတွေ့စရာ ကိစ္စတစ်ခုများ ဖြစ်သွားလေမလား။ သုတေသနစာတမ်းတစ်ခုအရ ညဘက်တစ်နာရီပိုအိပ်တာ က အိပ်မပျော်တတ်တဲ့ကိုယ်အလေးချိန်များသူတွေမှာ ၂၇၀ ကယ်လိုရီ လျော့စားဖြစ်စေတယ်လို့ ဆိုထားပါတယ်။ (၂၇၀ ကယ်လိုရီ ဆိုတာ ချိစ်ဘာဂါတစ်လုံး (သို့) ကြက်ဥအလုံးကြီး လေးလုံးစာနီးပါးရှိတဲ့ ပမာဏနဲ့ ညီမျှပါတယ်) ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့သူတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံအတိုင်းစားသောက်ဖြစ်ဖို့ အကူအညီပိုဖြစ်စေတာ ဖြစ်ပါတယ်။ ဘယ်နည်းဘယ်ပုံ အိပ်ရင်း ဝိတ်ချကြမယ် အိပ်စက်ပြီး ဝိတ်ချကြမယ် ။ အိပ်စက်ချိန်တိုးလိုက်တဲ့အခါ သရေစာပိုစားမိတဲ့အချိန်ကို လျော့စေတဲ့အချက်ကြောင့်တင်မကဘဲ အစာစားချင်စိတ်၊ ဗိုက်ပြည့်တာ၊ ဗိုက်ဆာတာစတဲ့ခံစားချက်တွေအပေါ်မှာ သက်ရောက်မှုရှိစေနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ညအိပ်မပျော်တဲ့အခါ ဆာလောင်စေတဲ့ ဟော်မုန်းတစ်မျိုး(ဂရီလင်ဟော်မုန်း) ရဲ့ပမာဏကို ပိုတက်စေပြီး ဆာလောင်မှုကို ထိန်းချုပ်တဲ့ဟော်မုန်း…
ထိပ်ပြောင်ခြင်းက မျိုးရိုးလိုက်တတ်လား..
မေးခွန်းလေးရဲ့ အဖြေကတော့ Yes ပါ။ အသက်ရလာတာနဲ့အမျှ ဆံပင်ဘယ်လောက်ကျွတ်သွားမလဲ ဘယ်လိုကျွတ်မလဲဆိုတာက မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်းကို တားဆီးလို့မရပါဘူး။ ဒါပေမဲ့ အကျွတ်နည်းအောင်၊ ဆံပင်ရှိနေတုန်း ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆံပင်ကျွတ်စေတဲ့ မျိုးရိုးဗီဇ ဆံပင်ကျွတ်ခြင်းမှာလည်း အမျိုးသားများကဲ့သို့ ထိပ်ပြောင်ခြင်းနှင့် အမျိုးသမီးများကဲ့သို့ ထိပ်ပြောင်ခြင်းဆိုပြီး ၂ မျိုးရှိပါသေးတယ်။ အမျိုးသားတွေမှာထိပ်ပြောင်ခြင်းပုံစံဖြစ်တဲ့ M ပုံစံ ဆံပင်စည်းကြောင်းက အနောက်ကိုရွေ့သွားတာမျိုးပါ။ ဆံပင်ရှေ့တွေပြောင်တာထက် ဘေးဘက်တွေမှာ ဆံပင်နည်းလာတာကို Male Pattern Baldness လို့ခေါ်ပြီး အသက် ၂၀ လောက်ကနေစပြီး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ သွေးဆုံးကိုင်အရွယ်ကနေစပြီး ဆံပင်ခွဲကြောင်းမှ တဖြည်းဖြည်း ဆံပင်ကျွတ်ပြီး ပြောင်လာတာမျိုးကို Female Pattern Baldness လို့ခေါ်ပါတယ်။ ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ တခြား…
လူကြီးဝေဒနာ ဒူးပြဿနာ
ဒူးခေါင်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံး အဆစ်ဖြစ်သလို လမ်းလျှောက်တာ လှေကားတက်တာ စတဲ့လှုပ်ရှားမှုတွေမှာ တစ်ကိုယ်လုံးရဲ့အလေးချိန်အသက်ရောက်ဆုံးနေရာလဲဖြစ်ပါတယ်။ ဒါကြောင့်ထိခိုက်ဒဏ်ရာရတာဖြစ်လွယ်သလို အသက်ရလာတာနဲ့အမျှ လူကြီးပိုင်း တွေမှာ ဒူးနာဝေဒနာခံစားလာရတဲ့သူအတော်များပါတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ အဆစ်ကြားမှာရှိတဲ့ အရိုးနုတွေပျက်စီးတာကြောင့် အရိုးအချင်းချင်းပွတ်တိုက်မှုများရာက အဆစ်ရောင်ပြီး အရိုးအဆစ်အမြစ်ရောင်ရောဂါ ကြောင့် ဒူးနာဝေဒနာခံစားရလေ့ရှိပါတယ်။ ကိုယ်အလေးချိန်များတဲ့သူ၊ အဆစ်ဒဏ်ဖြစ်အောင် လှုပ်ရှားမှုများတဲ့သူတွေ၊ အရိုးအဆစ်ရောင်ရောဂါမိသားစုမျိုးရိုးရှိသူမှာ ပိုဖြစ်နိုင်ပါတယ်။ ဒီလိုအဆစ်ရောင်ရောဂါ ကြောင့် ဒူးနာတာကိုကာကွယ်ဖို့ မဖြစ်လာခင်တည်းက ဒီအချက်တွေလိုက်နာဖို့လိုအပ်ပါတယ်။ ၁။ ရောင်ရမ်းတာကိုအားပေးတဲ့ အသင့်စားအစားအသောက်တွေကိုရှောင်ပါ။ ၂။ ဒူးဆစ်လှုပ်ရှားမှုထိန်းပေးနိုင်ဖို့ ပေါင်နဲ့ ခြေသလုံးကြွက်သားသန်မာအောင်လေ့ကျင့်ပါ။ ၃။ အရိုးနုတွေမှာ ရေဓာတ်ပမာဏများတာကြောင့် ဆိုဒါနဲ့ Energy Drinks အချိုရည်တွေကိုလျှော့ပြီး အရိုးနုကျန်းမာအောင် ရေများများသောက်ပါ။ ၄။ ဆေးလိပ်သောက်ခြင်းက ရောင်ရမ်းတာတွေကိုအားပေးတာဖြစ်လို့ ရှောင်ဖို့လိုပါတယ်။ ၅။ ကိုယ်အလေးချိန်များတဲ့အခါ ဒူးဆစ်မှာ…
ကော်ကော် (Coffee) မရှိရင် ခေါင်းတွေကိုက်လာတယ်၊ ဘာကြောင့်လဲ?
ကော်ဖီဆိုတာ မနက်ဆို အများစုစုစွဲစွဲလမ်းလမ်းသောက်ဖြစ်ကြတဲ့ အရာတစ်ခုပါပဲ။ ကော်ဖီမသောက်ရတဲ့ရက်ဆို ခေါင်းတွေကိုက်လာပြီး အာရုံမစိုက်နိုင်တာမျိုးဖြစ်တာမျိုးကိုလည်း ကော်ဖီသောက်နေကျသူတိုင်း ခံစားဖူးကြမှာပါ။ ဒါက ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ် (Caffeine) မရရှိတဲ့အခါမှာ ခံစားရတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ်က ကော်ဖီအများကြီးသောက်တတ်တဲ့သူ မဟုတ်ဘဲ တစ်နေ့တစ်ခွက်လောက်ပဲသောက်ရုံနဲ့ ဒီလိုလက္ခဏာခံစားရနိုင်လားဆိုရင်တော့ ခံစားရနိုင်ပါတယ်လို့ပြောရမှာပါ။ ကော်ဖီ မှာပါဝင်တဲ့ ကဖင်းဓာတ်က ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းအောင်လုပ်ပေးတဲ့ ဂုဏ်သတ္တိရှိတာဖြစ်ပြီး ကော်ဖီမသောက်လို့ကဖင်းဓာတ်မရရှိတဲ့အခါမှာ သွေးကြောတွေထဲ သွေးစီးဆင်းတာတွေရုတ်တရက်များသွားတဲ့အခြေအနေကြောင့် ခေါင်းကိုက်တဲ့ဝေဒနာမျိုးခံစားရတာဖြစ်ပါတယ်။ ကော်ဖီမသောက်ဘဲ ဒီလိုဝေဒနာဘယ်အချိန်သက်သာနိုင်မလဲဆိုရင်တော့ ဦးနှောက်က ဒီလိုသွေးစီးဆင်းမှုများတာကို အသားကျသွားတဲ့အချိန်မှာ သက်သာသွားမှာဖြစ်ပါတယ်။ ဒါဆိုကော်ဖီဖြတ်ဖို့လိုပြီလားဆိုရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးအခြေခံပေါ်မူတည်မှာဖြစ်ပြီး ကျန်းမာတဲ့လူကြီးတစ်ယောက်အနေနဲ့ တစ်နေ့ကို 400mg (ပုံမှန် ကော်ဖီ ၄ ခွက်)ထက်တော့ ပိုမသောက်သင့်ပါဘူး။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်၊ သွေးတိုးရောဂါရှိသူ၊ (Anxiety) စိုးရိမ်လွန်ရောဂါအတွက်ဆေးသောက်နေရသူတွေမှာတော့ ကဖင်းဓာတ်လျော့ချဖို့ လိုအပ်မှာဖြစ်ပါတယ်။…
ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့အခါ အဖြေမှန်ထွက်ဖို့ ဂရုစိုက်ရမယ့်အချက်တွေ
ကိုယ်ဝန်ရှိမရှိဆီးစစ်တာက သားအိမ်ထဲမှာသန္ဓေတွယ်ပြီးနောက်ထွက်လာတဲ့ hCG ဆိုတဲ့ဟော်မုန်းတစ်မျိုး ဆီးထဲမှာ ပါလာတာကိုတိုင်းတာခြင်းဖြစ်ပါတယ်။ ဒီလိုကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့အခါ အဖြေမှန်ထွက်ဖို့ ဂရုစိုက်ရမယ့်အချက်တွေရှိတာမို့ ဗဟုသုတရအောင်ဖော်ပြလိုက်ပါတယ်။ အရမ်းစောပြီး မစစ်ပါနဲ့ ဆီးထဲမှာ hCG ဟော်မုန်းလုံလုံလောက်လောက်များနေမှ စစ်ဆေးလို့ပေါ်နိုင်တာဖြစ်လို့ ပုံမှန်ရာသီလာမယ့်ရက်မှာ ရာသီပျောက်ပြီးပြီးချင်း အနည်းဆုံး၁၀ရက်လောက်စောင့်ပြီးမှ စစ်ဆေးဖို့သင့်ပါတယ်။ မနက်ဘက်မှာစစ်ပါ။ မနက်ဘက်မှာ သွားတဲ့ဆီးက တစ်ညလုံးရေမသောက်ရသေးတဲ့အချိန်မှာ သွားတဲ့ဆီးဖြစ်တာမို့ hCGဟော်မုန်းပမာဏများများ ပါနိုင်လို့ ညဘက်မှာသွားတဲ့ဆီးထက် အဖြေပိုမှန်နိုင်ပါတယ်။ ရေအများကြီးသောက်မထားပါနဲ့။ ရေအများကြီးသောက်ထားပြီးသွားတဲ့ဆီးမှာ ရေဓာတ်များပြီး hCGဟော်မုန်းပါဝင်မှုနည်းနေတဲ့အခါ အဖြေမှားနေတာမျိုးဖြစ်နိုင်ပါတယ်။ ဆီးစစ်တံရဲ့ Expired date စစ်ပြီးမှအသုံးပြုပါ။ ရက်လွန်နေတဲ့ ဆီးစစ်တံကိုအသုံးပြုမိရင် အဖြေမှန်ထွက်မှာမဟုတ်ပါဘူး အဖြေကိုအရမ်းအစောကြီးမဖတ်ပါနဲ့။ အဖြေမှန်ရဖို့ ကိုယ်သုံးတဲ့ဆီးစစ်တံမှာ ဖော်ပြထားတဲ့ကြာချိန်အတိုင်းစောင့်ဆိုင်းပြီးမှ အဖြေကိုဖတ်ဖို့လိုပါတယ်။ ဒီလိုကိုယ်ဝန်ရှိမရှိဆီးစစ်တံတွေစစ်ဆေးပြီးလို့ ကိုယ်ဝန်ရှိနေတယ်လို့ အဖြေပေါ်လာပြီဆိုရင်တော့ ကိုယ်ဝန်ရှိမရှိ သေချာသိရဖို့ဆိုရင် ဆေးရုံဆေးခန်းမှာ အာထရာဆောင်းရိုက်ကြည့်ဖို့လိုအပ်ပါတယ်။
စိတ်အနားယူဖို့ လိုအပ်နေတဲ့ လက္ခဏာများ
လူဖြစ်လာရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်ညူးစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုမျိုးကြုံလာရတဲ့အချိန်မှာ မိမိကိုယ်ကို စိတ်တအားဖိစီးမှုထပ်မဖြစ်စေဘဲ အနားယူအပန်းဖြေဖို့လိုအပ်နေတာကို သတိပြုမိစေဖို့ စိတ်အနားယူဖို့လိုအပ်နေတဲ့ လက္ခဏာတွေကိုဖော်ပြလိုက်ပါတယ်။ စိတ်အနားယူဖို့လိုအပ်နေတဲ့လက္ခဏာများ စိတ်မရှည်ခြင်း – ကိုယ့်မိသားစု၊ မိတ်ဆွေတွေအပေါ် အရင်ကလိုမဟုတ်ဘဲ တစ်ခုခုဆိုတာနဲ့ စိတ်တိုစိတ်ဆတ်လာတယ်ဆိုရင် စိတ်အရမ်းပင်ပန်းနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ညအိပ်မပျော်ခြင်း – စိတ်ညစ်စရာတွေအတွေးလွန်ပြီး ညအိပ်ပျော်ဖို့ အချိန်အကြာကြီးယူရတာ (သို့မဟုတ်) အိပ်နေရင်း ခဏခဏပြန်ပြန်နိုးနေတာဖြစ်နိုင်ပါတယ်။ ဒေါသဖြစ်လွယ်ခြင်း – ကိစ္စသေးသေးလေးတွေအပေါ်မှာတောင် စိတ်တိုဒေါသထွက်လွယ်တာမျိုးဖြစ်နိုင်ပါတယ်။ စိုးရိမ်လွန်ခြင်း – ရုတ်တရက် စိုးရိမ်လွန်ပြီး ချွေးသီးချွေးပေါက်တွေကျလာတာမျိုး၊ ငိုချလိုက်တာမျိုးစတဲ့ စိုးရိမ်လွန်တတ်တဲ့လက္ခဏာကလည်း စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စိတ်မဝင်စားခြင်း – ကိုယ်အရင်စိတ်ဝင်တစားရှိတဲ့အရာတွေ၊ ဝါသနာတွေကိုတောင် စိတ်မပါတော့တာမျိုးဖြစ်လာတတ်ပါတယ်။ တကယ်လို့အပေါ်ကလက္ခဏာတွေခံစားနေရပြီဆိုရင် လုပ်နေတဲ့အရာကို ခဏလေးထား၊…
အဆီမစားလေလေ…ကောင်းလေလေ။
အာဟာရမျှတအောင်စားပေးခြင်းနဲ့ပတ်သက်ပြီး အများစုခံယူထားတဲ့အယူအဆတွေထဲ မှားယွင်းနေတာလေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။ အဆီမစားလေလေ…ကောင်းလေလေ။ တိရစ္ဆာန်အဆီနဲ့ ဆီကြော်တွေ၊ ဟင်းအဆီအနှစ်တွေရှောင်တာတော့ မှန်ပေမဲ့ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အိုမီဂါ-3 လိုကောင်းမွန်တဲ့အဆီကိုတော့ လိုအပ်ပါတယ်နော်။ ကိုယ်အလေးချိန်ထိန်းဖို့ ဆန်နဲ့ဂျုံဆိုရှောင်မယ်။ ဆန်နဲ့ဂျုံတွေက ခန္ဓာကိုယ်မှာလိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်တာကြောင့် လုံးဝရှောင်စရာမလိုပါဘူး။ ချင့်ချိန်စားသုံးရင်ရပါတယ်။ Detox diet နဲ့ ဖျော်ရည်တွေ ပုံမှန်သောက်သင့်တယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ အသည်းနဲ့ကျောက်ကပ်ကဆောင်ရွက်ပေးနေကျပါပဲ။ သူတို့ရဲ့လုပ်ငန်းဆောင်တာကောင်းမွန်ဖို့ အစားစုံအောင်စားပေးဖို့ပဲလိုအပ်ပါတယ်။ တကူးတက Detox လုပ်စရာမလိုပါဘူး။ ကြက်ဥအနှစ်ဆို မစားနဲ့ ။ ကြက်ဥအနှစ်က ကိုလက်စထရောကိုတက်စေတာမှန်ပေမဲ့ တစ်နေ့ကို တစ်လုံးနှစ်လုံးစားရုံနဲ့ ကျန်းမာရေးကိုထိခိုက်သွားမှာမဟုတ်ပါဘူး။ အချို့သူတွေမှာ ဆယ်လုံးနဲ့အထက်စားဖြစ်နေမှသာ ချင့်ချိန်ပြီးရှောင်ခိုင်းတာဖြစ်ပါတယ်။ #z_waka_healthcare#z_waka
လည်ပင်းအရှေ့ပိုင်းနဲ့ ဂုတ်ပိုးတွေခဏခဏနာနေလား?
ကိုယ်ခံစားရတဲ့နာကျင်မှုပုံစံကိုကြည့်ပြီး ဘာဖြစ်နေလဲ၊ ဘာကြောင့်နာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်! ကြွက်သားနာကျင်ခြင်းအကြာကြီးခေါင်းငုံ့ထားရတာလို အပြင်ပိုင်းဖိအားများတဲ့လှုပ်ရှားမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ Stress တွေကြောင့်ဖြစ်တတ်ပါတယ်။ Muscle Spasm အာရုံကြော(သို့) spinal disc ကိုထိခိုက်မိပြီး ရုတ်တရက်ကြွက်သားတွေတင်းပြီးနာကျင်တာမျိုးဖြစ်ပါတယ်။ များသောအားဖြင့် မနက်အိပ်ရာနိုးချိန် လည်ပင်းနားမှာတင်းပြီးနာကျင်နေတာမျိုးကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းလည်ပင်းအပေါ်ပိုင်းနဲ့ဂုတ်ပိုးတွေမှာ စူးပြီးကိုက်ခဲခြင်းဖြစ်ပါတယ်။ လည်ပင်းကိုလှုပ်ရှားလေလေ ၊ပိုနာလေလေပါပဲ။ အဆစ်နာခြင်းလည်ပင်းနားက အဆစ်နာကျင်ရောင်ရမ်းခြင်းဖြစ်ပြီး ဖြစ်နေတဲ့ဘက်ကိုခေါင်းစောင်းမိရင် ပိုနာသွားနိုင်ပါတယ်။ မနက်ပိုင်းနဲ့ လှုပ်ရှားမှုမရှိတဲ့အချိန်တွေမှာ ပိုနာတတ်ပါတယ်။ အာရုံကြောရောင်ခြင်းအာရုံကြောရောင်ရမ်းပါက လည်ပင်းသာမက ဆက်စပ်နေတဲ့လက်မောင်း၊ လက်ဖျံတွေအထိ ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အရိုးနာကျင်ခြင်းအဖြစ်နည်းပေမယ့် ပြင်းထန်တဲ့ရောဂါဖြစ်တာကြောင့် လည်ပင်းရိုးနားတဝိုက်နာကျင်နေပြီဆို လိုအပ်တဲ့ကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။ #z_waka_healthcare#z_waka
အာဟာရမျှတအောင်စားပေးခြင်း
အာဟာရမျှတအောင်စားပေးခြင်းနဲ့ပတ်သက်ပြီး အများစုခံယူထားတဲ့အယူအဆတွေထဲ မှားယွင်းနေတာလေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။ အဆီမစားလေလေ…ကောင်းလေလေ။ တိရစ္ဆာန်အဆီနဲ့ ဆီကြော်တွေ၊ ဟင်းအဆီအနှစ်တွေရှောင်တာတော့ မှန်ပေမဲ့ ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အိုမီဂါ-3 လိုကောင်းမွန်တဲ့အဆီကိုတော့ လိုအပ်ပါတယ်နော်။ ကိုယ်အလေးချိန်ထိန်းဖို့ ဆန်နဲ့ဂျုံဆိုရှောင်မယ်။ ဆန်နဲ့ဂျုံတွေက ခန္ဓာကိုယ်မှာလိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းနိုင်တာကြောင့် လုံးဝရှောင်စရာမလိုပါဘူး။ ချင့်ချိန်စားသုံးရင်ရပါတယ်။ Detox diet နဲ့ ဖျော်ရည်တွေ ပုံမှန်သောက်သင့်တယ်။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ အသည်းနဲ့ကျောက်ကပ်ကဆောင်ရွက်ပေးနေကျပါပဲ။ သူတို့ရဲ့လုပ်ငန်းဆောင်တာကောင်းမွန်ဖို့ အစားစုံအောင်စားပေးဖို့ပဲလိုအပ်ပါတယ်။ တကူးတက Detox လုပ်စရာမလိုပါဘူး။ ကြက်ဥအနှစ်ဆို မစားနဲ့ ။ ကြက်ဥအနှစ်က ကိုလက်စထရောကိုတက်စေတာမှန်ပေမဲ့ တစ်နေ့ကို တစ်လုံးနှစ်လုံးစားရုံနဲ့ ကျန်းမာရေးကိုထိခိုက်သွားမှာမဟုတ်ပါဘူး။ အချို့သူတွေမှာ ဆယ်လုံးနဲ့အထက်စားဖြစ်နေမှသာ ချင့်ချိန်ပြီးရှောင်ခိုင်းတာဖြစ်ပါတယ်။ #z_waka_healthcare#z_waka
World Contraception Day
ယနေ့ စက်တင်ဘာ ၂၆ရက်နေ့က ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာအထိမ်းအမှတ်နေ့ (World Contraception Day)ဖြစ်ပါတယ်။ သားသမီးမလိုချင်သေးတဲ့ ချစ်သူ၊စုံတွဲ၊ လင်မယားတွေအနေနဲ့ မိမိနဲ့ ကိုက်ညီတဲ့ သန္ဓေတားနည်းလမ်းကိုရွေးချယ်ဖို့ စဉ်းစားရခက်မနေဘဲ အားသာချက်၊ အားနည်းချက်တွေ ကိုနှိုင်းယှဉ်ကြည့်လို့ရအောင် သားဆက်ခြားနည်းလမ်းတွေကို စုစည်းပြီးဖော်ပြလိုက်ပါတယ်။ #worldcontraceptionday#z_waka
သားအိမ်ခေါင်းကင်ဆာ
အသက် (၄၀) ကျော်ဝန်းကျင် အမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာကတော့ သားအိမ်ခေါင်းကင်ဆာပါပဲ။ သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ရဲ့ဘေးဘက်နံရံတွေမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပျံ့ပွားလာခြင်းဖြစ်ပါတယ်။ အတွေ့အများဆုံး သားအိမ်ခေါင်းကင်ဆာကို Squamous Cell Carcinoma လို့ခေါ်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူရဲ့ (၇၀) % လောက်မှာ တွေ့ရပါတယ်။ နောက်တစ်မျိုးက Adenocarcinoma ဖြစ်ပြီး သူကတော့ (၂၅)% လောက်ပဲတွေ့ရလေ့ရှိပါတယ်။ များသောအားဖြင့် အသက် (၄၅- ၄၉) နှစ်အရွယ် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ သားအိမ်ခေါင်းကင်ဆာက human papillomavirus (HPV)ကူးစက်မှု ကြောင့် အများဆုံးဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။ နောက်ထပ် သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့အကြောင်းရင်းကတော့ ဆေးလိပ်သောက်ခြင်းပဲဖြစ်ပါတယ်။ သန္ဓေတားဆေးကို ငါးနှစ်နဲ့အထက်သောက်တဲ့အမျိုးသမီးတွေမှာ HPV ကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုများတတ်တာကို တွေ့ရှိထားပေမဲ့ လက်တွေ့ဖြစ်တဲ့သူနည်းတာကြောင့် အရမ်းတော့စိုးရိမ်စရာမလိုပါဘူး။ အခြား ကင်ဆာဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဆေးလိပ်ငွေ့ရှုမိခြင်း ကိုယ်ခံအားနည်းခြင်း မိမိကိုကိုယ်ဝန်ဆောင်ချိန်မှာ…
